ကိုဗစ္ေရာဂါေပ်ာက္ကင္းလို႔ ဒီကေန႔အိမ္ျပန္ခြင့္ရၿပီ ျဖစ္တဲ့ဦးေက်ာ္သူနဲ႔ထြန္းကိုကို
Zawgyi
ကိုဗစ္ေရာဂါေပ်ာက္ကင္းလို႔ ဒီကေန႔ အိမ္ျပန္ခြင့္ရၿပီ ျဖစ္တဲ့ဦးေက်ာ္သူနဲ႔ထြန္းကိုကို
Fighting အသင့္ !အသင့္ ! Fighting.အားလုံး မဂၤလာပါခင္ဗ်ာ။ေက်ာ္နဲ႔ထြန္း အိမ္ျပန္ခြင့္ ရပါၿပီခင္ဗ်ား။ကိုဗစ္ကူးဆက္မႈေၾကာင့္ ရက္ေပါင္း (၁၈)ရက္တိတိ ေဝဘာဂီေဆး႐ုံမွာ ကုသမႈခံခဲ့ရပါသည္။
ကုသေပးခဲ့ၾကေသာ ဆရာဝန္၊ဆရာဝန္မမ်ား၊က်န္းမာေရးဝန္ထမ္းမ်ား၊ေဝဘာဂီေဆး႐ုံအုပ္ႀကီးႏွင့္တကြ ျပင္ပမွကြၽန္ေတာ္တို႔အတြက္ အဟာရဒါနျပဳၾကေသာ အလႉရွင္အေပါင္းတို႔ႏွင့္ အားေပးႏွစ္သိမ့္ေမတၱာပို႔ၾကေသာ
ညီ/ညီမငယ္ အႏုပညာရွင္ မ်ား၊ပရဟိတသမားမ်ား၊မိတ္ေဆြသဂၤဟမ်ား၊ျပည္သူလူထုအေပါင္းအျပင္ေန႔စဥ္ယေန႔တိုင္ ေဆး႐ုံတက္သည္မွအစျပဳ၍ ေမတၱာဓါတ္ ပို႔လႊတ္ေပးေနၾကေသာ
ေက်းဇူးရွင္ဆရာေတာ္ဘုရားအေပါင္းတို႔အား ရင္ထဲႏွလုံးသားထဲမွလႈိက္လႈိက္လွဲလွဲ အထူးေက်းဇူးတင္ရွိကာ သာဓု သာဓု သာဓုဟုေခၚဆိုလိုက္ပါသည္။အထူးအားျဖင့္ ကြၽန္ေတာ့္အား ေသြးရည္ၾကည္လႉဒါန္းလိုက္ေသာ မျမင္ လိုက္ရသည့္
အသက္သခင္ေက်းဇူးရွင္ပဋၬာန္းဆက္ (ႏွစ္ဦး) အားလည္း အထူး သာဓု သာဓု သာဓုဟု ေခၚဆိုလိုက္ပါသည္။ကြၽန္ေတာ့္ေမြးေန႔အတြက္ ေဆး႐ုံသို႔ပို႔ေပးၾကေသာအမွတ္တရ ေမြးေန႔ကိတ္ မ်ား၊ပန္းစည္းမ်ား၊ေမြးေန႔ေမတၱာစကားမ်ား၊
Fighting Group မ်ားအားလုံးကို ကြၽန္ေတာ္တို႔ေနအိမ္အသီးသီးတြင္တစ္ပါတ္နား၍ေဆး႐ုံ၌ ျပန္လည္ေဆးစစ္ခ်က္ယူၿပီးခ်ိန္ တစ္လခန႔္အၾကာတြင္ ပရဟိတစိတ္ဓါတ္သစ္၊အားမာန္သစ္တို႔ျဖင့္
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ (ေက်ာ္ + ထြန္း)တို႔သည္ ေလာကႀကီးအတြက္ အသင့္ “FIGHTING ” ပါဟု။ယေန႔ စေနေန႔(၇-၁၁-၂၀၂၀)ရက္ေန႔ ၊ ေန႔လည္ပိုင္းတြင္ ေဝဘာဂီေဆး႐ုံမွ ေနအိမ္ သို႔ စတင္ေ႐ြ႕ပါေတာ့မည္။ေက်ာ္သူ၊ ထြန္းက္ိုကို ။
Unicode
ကိုဗစ်ရောဂါပျောက်ကင်းလို့ ဒီကနေ့ အိမ်ပြန်ခွင့်ရပြီ ဖြစ်တဲ့ဦးကျော်သူနဲ့ထွန်းကိုကို
Fighting အသင့် !အသင့် ! Fighting.အားလုံး မင်္ဂလာပါခင်ဗျာ။ကျော်နဲ့ထွန်း အိမ်ပြန်ခွင့် ရပါပြီခင်ဗျား။ကိုဗစ်ကူးဆက်မှုကြောင့် ရက်ပေါင်း (၁၈)ရက်တိတိ ဝေဘာဂီဆေးရုံမှာ ကုသမှုခံခဲ့ရပါသည်။
ကုသပေးခဲ့ကြသော ဆရာဝန်၊ဆရာဝန်မများ၊ကျန်းမာရေးဝန်ထမ်းများ၊ဝေဘာဂီဆေးရုံအုပ်ကြီးနှင့်တကွ ပြင်ပမှကျွန်တော်တို့အတွက် အဟာရဒါနပြုကြသော အလှူရှင်အပေါင်းတို့နှင့် အားပေးနှစ်သိမ့်မေတ္တာပို့ကြသော
ညီ/ညီမငယ် အနုပညာရှင် များ၊ပရဟိတသမားများ၊မိတ်ဆွေသင်္ဂဟများ၊ပြည်သူလူထုအပေါင်းအပြင်နေ့စဉ်ယနေ့တိုင် ဆေးရုံတက်သည်မှအစပြု၍ မေတ္တာဓါတ် ပို့လွှတ်ပေးနေကြသော
ကျေးဇူးရှင်ဆရာတော်ဘုရားအပေါင်းတို့အား ရင်ထဲနှလုံးသားထဲမှလှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓုဟုခေါ်ဆိုလိုက်ပါသည်။အထူးအားဖြင့် ကျွန်တော့်အား သွေးရည်ကြည်လှူဒါန်းလိုက်သော မမြင် လိုက်ရသည့်
အသက်သခင်ကျေးဇူးရှင်ပဋ္ဋာန်းဆက် (နှစ်ဦး) အားလည်း အထူး သာဓု သာဓု သာဓုဟု ခေါ်ဆိုလိုက်ပါသည်။ကျွန်တော့်မွေးနေ့အတွက် ဆေးရုံသို့ပို့ပေးကြသောအမှတ်တရ မွေးနေ့ကိတ် များ၊ပန်းစည်းများ၊မွေးနေ့မေတ္တာစကားများ၊
Fighting Group များအားလုံးကို ကျွန်တော်တို့နေအိမ်အသီးသီးတွင်တစ်ပါတ်နား၍ဆေးရုံ၌ ပြန်လည်ဆေးစစ်ချက်ယူပြီးချိန် တစ်လခန့်အကြာတွင် ပရဟိတစိတ်ဓါတ်သစ်၊အားမာန်သစ်တို့ဖြင့်
ကျွန်တော်တို့နှစ်ယောက် (ကျော် + ထွန်း)တို့သည် လောကကြီးအတွက် အသင့် “FIGHTING ” ပါဟု။ယနေစနေနေ့(၇-၁၁-၂၀၂၀)ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ဝေဘာဂီဆေးရုံမှ နေအိမ် သို့ စတင်ရွေ့ပါတော့မည်။ကျော်သူ၊ ထွန်းက်ိုကို ။