
Zawgyi







Unicode

ကိုဗစ်ကာလမှာ စီးပွားရေးအဆင်ပြေလာလို့ ကိုဗစ်ရောဂါကြီးကို ကျေးဇူးတင်တယ်လို့ပြောလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာအလုပ်တွေ ခဏရပ်နားထားရချိန်မှာ လုပ်ငန်းရှင်တွေကလာငှားကြတဲ့ Live Salesလေးကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

အလုပ်တိုင်းကို စေတနာပါပါနဲ့လုပ်ဆောင်ပေးတဲ့ နှိုင်းယှဉ်ကို လုပ်ငန်းရှင်တွေကလည်း ချစ်ကြလို့ အမြဲငှားကြပါတယ်နော်။နှိုင်းယှဉ်မြင့်မိုရ်က အဆင်ပြေအောင်ပြောဆိုတတ်ပြီး ဈေးအရမ်းရောင်းတတ်လို့ ပရိသတ်တွေက သူမကိုလေးစားချီးကျူးနေကြတာဖြစ်ပါတယ်။

နှိုင်းယှဉ်ကတော့ အခုလိုကာလမှာတောင် အလုပ်တွေအနားတမ်းလုပ်ဆောင်နေရပြီး စီးပွားရေးကိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။နှိုင်းယှဉ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး

သူမတို့ရှာဖွေထားတဲ့ငွေထဲက တစ်ချို့တစ်ဝက်ကို အမြဲလှူဒါန်းပါတယ်နော်။ဒီနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က ကိုဗစ်ရောဂါကြီးဖြစ်လာတာကို ကျေးဇူးတင်စကားပြောလာတာပဲဖြစ်ပါတယ်။

နှိုင်းယှဉ်က ” ဘာပဲဖြစ်ဖြစ်ကျေးဇူးပဲ ကိုဗစ် ငါကတော့ ကျေးဇူးတင်နေမိတာအမှန်ပဲ ပီးတော့ငါသိပ်ကျေနပ်တယ်” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့ ကိုဗစ်ကာလမှာ စီးပွားရေး အဆင်ပြေလာပြီး အိမ်ဝယ်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။