ဂ်ပန္တြင္ ကိုဗစ္အစုလိုက္ အၿပဳံလိုက္ ကူးစက္မႈမ်ား ေတြ႕ေနရၿပီး ကူးစက္မႈလႈိင္းသစ္နဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရၿပီ

Zawgyi

ဂ်ပန္တြင္ ကိုဗစ္အစုလိုက္ အၿပဳံလိုက္ ကူးစက္မႈမ်ား ေတြ႕ေနရၿပီး ကူးစက္မႈလႈိင္းသစ္နဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရၿပီ

ဂ်ပန္ႏိုင္ငံတြင္ တစ္ေန႔တာအလိုက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အေရအတြက္သည္ ျမင့္တက္ေနၿပီး ႏိုဝင္ဘာ ၇ ရက္တြင္ ကူးစက္သူဦးေရ ၁,၃၂၈ ဦးထက္မနည္း ရွိခဲ့သည္။

ယင္းသည္ ႏိုင္ငံတြင္ သုံးရက္ဆက္တိုက္အျဖစ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူဦးေရသည္ ၁,၀၀၀ အထက္တြင္ ရွိေနခဲ့ျခင္း ျဖစ္သည္။ယင္းကဲ့သိ့ုေသာ ကိန္းဂဏန္းမ်ားကို ၾသဂုတ္လေနာက္ပိုင္းကတည္းက မျမင္ေတြ႕ထားခဲ့ရသည့္အတြက္

ႏိုင္ငံတြင္ ဗိုင္းရပ္စ္ ကူးစက္မႈ တတိယလႈိင္းတစ္ခုအတြက္ စိုးရိမ္ပူပန္မႈမ်ားကို ျမင့္တက္ေစခဲ့သည္။ၿပီးခဲ့သည့္ အပတ္က အစုအေဝးပုံစံ ကူးစက္မႈအသစ္ ၁၀၀ ေက်ာ္ကို ေတြ႕ရွိထားခဲ့သည္။

“ဒီ အေျခအေနကိုေတာ့ အရင္ကထက္ ပိုၿပီး သတိရွိရွိနဲ႔ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္”ဟု ဂ်ပန္ဝန္ႀကီးခ်ဳပ္ ယိုရွီဟီဒဲ ဆုဂါက ေျပာသြားခဲ့သည္။

ဂ်ပန္ႏိုင္ငံတြင္ ယခုအခါ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁ သိန္းေက်ာ္ ရွိေနၿပီး ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁,၈၀၀ ေက်ာ္ ရွိေနေၾကာင္း သိရသည္။

Unicode

ဂျပန်တွင် ကိုဗစ်အစုလိုက် အပြုံလိုက် ကူးစက်မှုများ တွေ့နေရပြီး ကူးစက်မှုလှိုင်းသစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီ

ဂျပန်နိုင်ငံတွင် တစ်နေ့တာအလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက်သည် မြင့်တက်နေပြီး နိုဝင်ဘာ ၇ ရက်တွင် ကူးစက်သူဦးရေ ၁,၃၂၈ ဦးထက်မနည်း ရှိခဲ့သည်။

ယင်းသည် နိုင်ငံတွင် သုံးရက်ဆက်တိုက်အဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ၁,၀၀၀ အထက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ယင်းကဲ့သိ့ုသော ကိန်းဂဏန်းများကို သြဂုတ်လနောက်ပိုင်းကတည်းက မမြင်တွေ့ထားခဲ့ရသည့်အတွက်

နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်မှု တတိယလှိုင်းတစ်ခုအတွက် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။ပြီးခဲ့သည့် အပတ်က အစုအဝေးပုံစံ ကူးစက်မှုအသစ် ၁၀၀ ကျော်ကို တွေ့ရှိထားခဲ့သည်။

“ဒီ အခြေအနေကိုတော့ အရင်ကထက် ပိုပြီး သတိရှိရှိနဲ့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်”ဟု ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါက ပြောသွားခဲ့သည်။

ဂျပန်နိုင်ငံတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သိန်းကျော် ရှိနေပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၈၀၀ ကျော် ရှိနေကြောင်း သိရသည်။