ရွှေလက်စွပ်၊ရွှေဆွဲကြိုး နဲ့ ပိုက်ဆံတွေကို လမ်းမှာတွေ့တဲ့သူတွေကိုလိုက်လံလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး ဗီဒီယိုဖိုင်

Zawgyi

ရွှေလက်စွပ်၊ရွှေဆွဲကြိုး နဲ့ ပိုက်ဆံတွေကို လမ်းမှာတွေ့တဲ့သူတွေကိုလိုက်လံလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး ဗီဒီယိုဖိုင်







Unicode

ရွှေလက်စွပ်၊ရွှေဆွဲကြိုး နဲ့ ပိုက်ဆံတွေကို လမ်းမှာတွေ့တဲ့သူတွေကိုလိုက်လံလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

ချစ်ပရိသတ်ကြီးရေ… မူလနာမည်ပျောက်ပြီး ပရဟိတမင်းသမီးလေးလို့ အများက ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေကို လုပ်ကိုင်လေ့ရှိသူပဲ ဖြစ်ပါတယ်နော်။

သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အများရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။

ယခုလို Covid ကာလမှာတောင် သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကိုလည်း တွေ့ရပါတယ်နော်။အလှူမျိုးစုံကို လှူဒါန်းပေးလေ့ရှိတဲ့ ဖြူဖြူထွေးဟာ ယနေ့မှာတော့ ရွှေဆွဲကြိုးရွှေဆွဲသီး ရွှေလက်စွပ်တွေကိုပါ လိုက်လံလှူဒါန်းခဲ့တာပါနော် ပရိတ်သတ်ကြီးတို့ရေ

ဖြူဖြူထွေးက သူမကို လှူဖို့ပေးလိုက်တဲ့ ရွှေဆွဲကြိုး၊ ရွှေဆွဲသီးနဲ့ ရွှေလက်စွပ်တွေအပြင် သူမကိုယ်တိုင် ပိုက်ဆံတွေကိုလည်း လမ်းမှာတွေ့တဲ့သူတွေဆီ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အခုလိုပဲ တင်ဆက်ပေးလာခဲ့ပါတယ်။

ဖြူဖြူထွေးကတော့ ပရဟိတ မင်းသမီးဆိုတဲ့ နာမည်နဲ့လိုက်အောင် စေတနာကောင်းလွန်းလှတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး လည်း ဖြူဖြူထွေးအတွက်သာဓုခေါ်နိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးဖြစ်ပါစေနော်….