
Zawgyi









Unicode

ဆိုင်မှာ စားသောက်ပြီး ပိုက်ဆံ မလောက်လို့ အဖမ်းခံဖို့ ကိုယ်တိုင် ရဲကိုဖုန်း ဆက်ခေါ်ခဲ့တဲ့ အဘိုးအို

လက်ထဲမှာယန်း ၉၆ သာရှိတဲ့အသက်၆၃နှစ်အ ရွယ်ဂျပန်အလုပ်လက်မဲ့အမျိုးသားတစ်ဦးဟာဂျပန်နိုင်ငံ Fukuoka မြို့ရဲ့စားသောက်ဆိုင်တစ်ခုမှာစားသောက်ပြီး ငွေရှင်းဖို့မလုံလောက်တော့တာကြောင့်အဖမ်းခံဖို့သူကိုယ်တိုင်ဘဲရဲကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။

အဆိုပါအလုပ်လက်မဲ့ အဖိုးကြီးဟာယန်း၆၅၀ဖိုးစားသောက်ပြီးနောက်တန်ကြေး ငွေမရှင်းဘဲဆိုင်ကမန်နေဂျာ ဖြစ်သူအား ရဲစခန်းကိုဖုန်းဆက်ခေါ်ဖို့ပြောခဲ့ပြီး ဆိုင်မန်နေဂျာကလည်း ကောင်းကောင်း မွန်မွန်နဲ့ဘဲဆက်ဆံကာ နောက်မှအကြွေးပြန်ဆပ်ဖို့သာပြောခဲ့ပါတယ်။

ဆိုင် မန်နေဂျာက ဒေသခံတွေကို ခေါ်ဖို့တွန့်ဆုတ် နေချိန်မှာ အဆိုပါအဖိုးကြီးက ရဲစခ န်း ကို ဖုန်းဆက်ခေါ်ကာ သူ့လုပ်ခဲ့တဲ့ လုပ်ရပ်အ ကြောင်း အပြည့်အစုံ ကိုပြော ပြ ရင်း လာရောက်ဖမ်းဆီး ပေးဖို့ပြောခဲ့ ပါတယ်။

အချုပ်ထဲကို အကြိမ်ပေါင်း မနဲရောက်ဖူးတဲ့ အဆိုပါဖိုးကြီးဟာ ဗိုက်အရမ်း ဆာနေခဲ့ပေမဲ့ အစားအစာတွေ အတွ က် ငွေအလုံ အလောက် မရှိကြောင်း ဒေသခံတွေကို ပြောပြခဲ့ပါ သေးတယ်

ဂျပန်နိုင်ငံရဲ့ရာဇဝတ်မှု၂၀ ရာခိုင်နှုန်း လောက်ဟာသက်ကြီးရွယ်အိုတွေကျူးလွန်လေ့ ရှိပြီး အဲ့တာတွေက လည်း ဂျ ပန်အတွက် အဆန်းမဟုတ် တော့ ပါ ဘူး။ သက် ကြီး ရွယ်အိုတွေ ကျူးလွန်တဲ့ ရာဇဝတ်မှု တွေဟာ များသောအားဖြင့်

စားသောက်ဆိုင် ထဲတွေမှာ ဖြစ်တတ်ပြီး ဆိုင်ရှင်တွေ ကလည်း အဲ့လိုပြ ဿနာတွေ ကြောင့် အမြဲအခက် တွေ့ကြရပါတ ယ်။ တရားရေး ဝန် ကြီးဌာနမှ တာဝန်ရှိသူShinsuke Nishioka ကအဆိုပါ အမှုတွေကြောင့် ထောင်ဝန်ထမ်း တွေကိုသူနာပြုတွေလို စောင့်ရှောက်ခိုင်းဖို့ ဖိအားပေးနေတယ်လို့ဆိုထား

ပြီး ဂျပန်သုတေသီ Yuki Shinkoကလည်း သက်ကြီးရွယ်အို တွေဟာ အလုပ်ရှာလုပ်ဖို့ ခက်ခဲတာကြောင့် ထောင်ထဲက ဘဝကိုသာ ပိုလက်တွေ့ကျတယ်လို့ သတ်မှတ် ထားကြကြောင်း ပြောပြထားပါတယ်။တကယ်လည်း ဂျပန်လူမျိုး တွေဟာအ သက်ရှည်ကြ ပြီး သက်ကြီးရွယ် အိုတွေလည်း အ တော်လေးများတဲ့ နိုင်ငံပါ ။