သူမရဲ႕တူပါဆိုၿပီး ဦးငွက္ေပ်ာ္ေၾကာ္ဆီကေန ပိုက္ဆံလိမ္သြားတဲ့ လူအေၾကာင္း အားလုံးသတိထားရေအာင္ေျပာလာတဲ့ မ်ိဳးသႏၲာထြန္း
Zawgyi
သူမရဲ႕တူပါဆိုၿပီး ဦးငွက္ေပ်ာ္ေၾကာ္ဆီကေန ပိုက္ဆံလိမ္သြားတဲ့ လူအေၾကာင္း အားလုံးသတိထားရေအာင္ေျပာလာတဲ့ မ်ိဳးသႏၲာထြန္း
သ႐ုပ္ေဆာင္မင္းသမီးႀကီး မ်ိဳးသႏၲာထြန္းကေတာ့ က်က္သေရရွိၿပီး ေအးခ်မ္းတဲ့အလွတရားေတြကို ပိုင္ဆိုင္ထားသူတစ္ဦး ျဖစ္ပါတယ္ ။ ပရိသတ္အခ်စ္ေတာ္ မ်ိဳးသႏၲာထြန္းက ခ်စ္ရတဲ့မိသားစုနဲ႔အတူ ဘဝကိုေအးေအးခ်မ္းခ်မ္းျဖတ္သန္းေနတဲ့သူဆိုရင္လည္း မမွားပါဘူးေနာ္။
အခုေတာ့ မ်ိဳးသႏၲာထြန္းက သူမရဲ႕နာမည္ကိုအလြဲသုံးစားလုပ္ကာ လိုက္လိမ္ေနသူေၾကာင့္ စိတ္ထဲမွာ အရမ္းကိုခံျပင္းေနရတာပဲ ျဖစ္ပါတယ္ ။ဒီအေၾကာင္းကို မ်ိဳးသႏၲာထြန္းက “ဒီညေန ကိုငွက္ေပ်ာေၾကာ္ ဖုန္းဆက္ၿပီးေမးလာတယ္၊
မ်ိဳးသႏၲာထြန္းရဲ႕တူ ဆိုၿပီးေကာင္ေလးတစ္ေယာက္ လာကန္ေတာ့တယ္တဲ့။ ေကာင္မေလးတစ္ေယာက္လည္းပါတယ္ သူနဲ႔ လက္ထပ္မယ့္မိန္းကေလးလို႔ေျပာၿပီးမိတ္ဆက္ပါတယ္တဲ့၊
စကားေတြ ေရပက္မဝင္ေျပာၿပီး ကိုငွက္ရဲ႕ နာမည္ရင္းကိုလည္းေျပာ၊အရမ္းရင္းႏွီးခဲ့ဖူးသလိုေတြလုပ္ၿပီး မုန႔္ဖိုးေတာင္းသြားပါတယ္တဲ့၊ ကိုငွက္က (၂)ေသာင္းေပးတာကို နည္းလို႔ (၃) ေသာင္းေပးပါလို႔ေတာင္းေသးတယ္တဲ့ အရမ္းကို အံ့ဩသြားပါတယ္”
ကြၽန္မရဲ႕ တူေတြ/တူမေတြ(ကြၽန္မရဲ႕သား)ကအစ ဘယ္အႏုပညာရွင္အိမ္ကိုမွ သြားေလ့သြားထမရွိပါဘူးရွင္ ကြၽန္မတို႔ေတာင္ အလုပ္ထဲမွာပဲေတြ႕ၾက ဆုံၾကတာပါ၊အဲ့လို နာမည္ အလြဲသုံးစားလုပ္ၿပီး လိုက္လိမ္ေနတာကို ေတာ္ေတာ့္ကို စိတ္ခံျပင္းမိပါတယ္၊
ကြၽန္မရဲ႕ အႏုပညာေမာင္ႏွမေတြေရာ မိတ္ေဆြေတြပါ ထပ္ၿပီးအလိမ္မခံရေအာင္ ဒီ post ကိုတင္ရျခင္းျဖစ္ပါတယ္၊ခ်စ္ရတဲ့ ညီအစ္ကိုေမာင္ႏွမေတြ အားလုံးလည္း ဝိုင္းၿပီး အဲ့လူလိမ္လာရင္ သတင္းေပးၾကပါရွင့္။ ” ဆိုၿပီး အားလုံးသိရေအာင္ သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားေျပာျပထားတာပဲ ျဖစ္ပါတယ္ေနာ္။
Unicode
သူမရဲ့တူပါဆိုပြီး ဦးငှက်ပျော်ကြော်ဆီကနေ ပိုက်ဆံလိမ်သွားတဲ့ လူအကြောင်း အားလုံးသတိထားရအောင်ပြောလာတဲ့ မျိုးသန္တာထွန်း
သရုပ်ဆောင်မင်းသမီးကြီး မျိုးသန္တာထွန်းကတော့ ကျက်သရေရှိပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ် ။ ပရိသတ်အချစ်တော် မျိုးသန္တာထွန်းက ချစ်ရတဲ့မိသားစုနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့သူဆိုရင်လည်း မမှားပါဘူးနော်။
အခုတော့ မျိုးသန္တာထွန်းက သူမရဲ့နာမည်ကိုအလွဲသုံးစားလုပ်ကာ လိုက်လိမ်နေသူကြောင့် စိတ်ထဲမှာ အရမ်းကိုခံပြင်းနေရတာပဲ ဖြစ်ပါတယ် ။ဒီအကြောင်းကို မျိုးသန္တာထွန်းက “ဒီညနေ ကိုငှက်ပျောကြော် ဖုန်းဆက်ပြီးမေးလာတယ်၊
မျိုးသန္တာထွန်းရဲ့တူ ဆိုပြီးကောင်လေးတစ်ယောက် လာကန်တော့တယ်တဲ့။ ကောင်မလေးတစ်ယောက်လည်းပါတယ် သူနဲ့ လက်ထပ်မယ့်မိန်းကလေးလို့ပြောပြီးမိတ်ဆက်ပါတယ်တဲ့၊
စကားတွေ ရေပက်မဝင်ပြောပြီး ကိုငှက်ရဲ့ နာမည်ရင်းကိုလည်းပြော၊အရမ်းရင်းနှီးခဲ့ဖူးသလိုတွေလုပ်ပြီး မုန့်ဖိုးတောင်းသွားပါတယ်တဲ့၊ ကိုငှက်က (၂)သောင်းပေးတာကို နည်းလို့ (၃) သောင်းပေးပါလို့တောင်းသေးတယ်တဲ့ အရမ်းကို အံ့ဩသွားပါတယ်”
ကျွန်မရဲ့ တူတွေ/တူမတွေ(ကျွန်မရဲ့သား)ကအစ ဘယ်အနုပညာရှင်အိမ်ကိုမှ သွားလေ့သွားထမရှိပါဘူးရှင် ကျွန်မတို့တောင် အလုပ်ထဲမှာပဲတွေ့ကြ ဆုံကြတာပါ၊အဲ့လို နာမည် အလွဲသုံးစားလုပ်ပြီး လိုက်လိမ်နေတာကို တော်တော့်ကို စိတ်ခံပြင်းမိပါတယ်၊
ကျွန်မရဲ့ အနုပညာမောင်နှမတွေရော မိတ်ဆွေတွေပါ ထပ်ပြီးအလိမ်မခံရအောင် ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်၊ချစ်ရတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးလည်း ဝိုင်းပြီး အဲ့လူလိမ်လာရင် သတင်းပေးကြပါရှင့်။ ” ဆိုပြီး အားလုံးသိရအောင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်။