
Zawgyi









Unicode

လူဦးရေ(၁၁၁၁)ယောက်စာအတွက် လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်

ဒိန်းဒေါင်ကတော့ အနုပညာလောကမှာရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။

သူကတော့ယခုနောက်ပိုင်းမှာချွန်တွန်းပရဟိတအဖွဲ့ကို တည်ထောင်ပြီးဦးစီးလုပ်ကိုင်နေတာကိုလည်းတွေ့ရပါတယ်။

သရုပ်ဆောင် ဒိန်းဒေါင်ကတော့စိတ်သဘောထားဖြူစင်သလို အလှူအတန်းလုပ်တဲ့နေရာမှာလည်း လက်မနှေးဘဲမကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိပါတယ်။

လက်ရှိမှာလည်းလူဦးရေ(1111)ဦးစာအတွက် ထမင်းဘူးနဲ့ပန်းသီးတွေကိုချွန်တွန်းပရဟိတအဖွဲ့နဲ့အတူလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

သူ့ရဲ့အလှူအကြောင်းကိုတော့ဒိန်ဒေါင်းက (၇)ရက်သားသမီးအပေါင်းနဲ့ ပရိသတ်ကြီးလည်း မုဓိတာပွားသာဓုခေါ်လို့ရအောင် ယခုလိုပဲရေးသားဖော်ပြထားခဲ့ပါတယ်။

“လူဦးရေ(1111)ဦးစာအတွက်အချိန်ပေါင်း(23)နာရီလူပေါင်း(30)ကျော်လုပ်အားနဲ့အလှူရှင်များစိတ်ချမ်းသာစေရန်ယနေ့လှူဒါန်းမှု့လေးပါ

ပင်ပန်းတယ်ဒါပေမဲ့စိတ်ချမ်းသာတယ်ပျော်တယ်”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။