ေပါက္ထားတဲ့ ေအာင္ဘာေလ ထီဆု (၇)ဆုလုံးကို လႉဒါန္းလိုက္တဲ့ ဒိန္းေဒါင္
Zawgyi
ေပါက္ထားတဲ့ ေအာင္ဘာေလ ထီဆု (၇)ဆုလုံးကို လႉဒါန္းလိုက္တဲ့ ဒိန္းေဒါင္
ဟာသ သ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ တစ္ေယာက္ျဖစ္တဲ့ ဒိန္းေဒါင္ကေတာ့ ခြၽန္တြန္းပရဟိတကို ကိုယ္တိုင္ဦးေဆာင္ၿပီး ပရဟိတ အလုပ္ေတြကို စြမ္းစြမ္း တမံလုပ္ေဆာင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။
ေစတနာေကာင္းရင္ ကံေကာင္းမယ္ဆိုတဲ့ စကားအတိုင္း ဒီလ နိုဝင္ဘာလ အတြက္ ထီ ဆုေတြ အမ်ားႀကီးကို ဆြတ္ခူးရရွိခဲ့တယ္လို႔သိရပါတယ္ ။
မၾကာေသးမီကမွ ဒိန္းေဒါင္က သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ဒီလမွာ ေအာင္ဘာေလထီဆု (၇)ဆု ဆြတ္ခူးရရွိခဲ့ေၾကာင္းကို လူမႈကြန္ရက္စာမ်က္ႏွာကေနတစ္ဆင့္ ပရိသတ္ေတြကို မွ်ေဝခဲ့တာျဖစ္ပါတယ္ ။
ဒါေပမယ့္ ပရဟိတ သမားပီပီ သူေပါက္တဲ့ ထီလက္မွတ္ေတြအားလုံးကို လႉဒါန္းခဲ့ပါတယ္ ပရိသတ္ႀကီးေရ ..။
ကြၽန္ေတာ္ေပါက္တဲ့ ထီလက္မွတ္အားလုံးကို ဘယ္အတြက္ လႉလိုက္တာလဲ?အေျဖမွန္ရင္ဖုန္းေဘတစ္ေသာင္းဖိုးထည့္ေပးပါ့မယ္ ဆိုတဲ့စာသားေလးနဲ႕အတူ ပရိသတ္ေတြကို ပေဟဠိဖြက္ခဲ့ပါေသးတယ္ ။
ဒိန္းေဒါင္ရဲ႕ ဉာဏ္စမ္းေမးခြန္းေလးကို ဘယ္ပရိသတ္က ကံထူးၿပီးအေျဖမွန္သြားမလဲ ဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ ။
Unicode
ပေါက်ထားတဲ့ အောင်ဘာလေ ထီဆု (၇)ဆုလုံးကို လှူဒါန်းလိုက်တဲ့ ဒိန်းဒေါင်
ဟာသ သရုပ်ဆောင် လူရွှင်တော် တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ ချွန်တွန်းပရဟိတကို ကိုယ်တိုင်ဦးဆောင်ပြီး ပရဟိတ အလုပ်တွေကို စွမ်းစွမ်း တမံလုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။
စေတနာကောင်းရင် ကံကောင်းမယ်ဆိုတဲ့ စကားအတိုင်း ဒီလ နိုဝင်ဘာလ အတွက် ထီ ဆုတွေ အများကြီးကို ဆွတ်ခူးရရှိခဲ့တယ်လို့သိရပါတယ် ။
မကြာသေးမီကမှ ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဒီလမှာ အောင်ဘာလေထီဆု (၇)ဆု ဆွတ်ခူးရရှိခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ် ။
ဒါပေမယ့် ပရဟိတ သမားပီပီ သူပေါက်တဲ့ ထီလက်မှတ်တွေအားလုံးကို လှူဒါန်းခဲ့ပါတယ် ပရိသတ်ကြီးရေ ..။
ကျွန်တော်ပေါက်တဲ့ ထီလက်မှတ်အားလုံးကို ဘယ်အတွက် လှူလိုက်တာလဲ?အဖြေမှန်ရင်ဖုန်းဘေတစ်သောင်းဖိုးထည့်ပေးပါ့မယ် ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို ပဟေဠိဖွက်ခဲ့ပါသေးတယ် ။
ဒိန်းဒေါင်ရဲ့ ဉာဏ်စမ်းမေးခွန်းလေးကို ဘယ်ပရိသတ်က ကံထူးပြီးအဖြေမှန်သွားမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။