
Zawgyi















Unicode

အခြေခံ လူတန်းစားပြည်သူတွေကို စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးမည်

”ဒီအပတ်ကနေစပြီး အခြေခံပြည်သူတွေအတွက် စတုတ္ထအကြိမ်မြောက် ပံ့ပိုးပေးမယ့်အစီအစဥ◌်တွေကို စလုပ်ပါမယ်” ”COVID-19 ရောဂါကို အောင်နိုင်ရေးအတွက်

နောက်လာမယ့်အပတ်တွေမှာ အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဥ◌်းပြီး ပြည်သူများသို့ အစီရင်ခံတင်ပြတဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ကောက် နုတ်ချက်တွေကို ရိုးရာလေးပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။

အခုဆိုရင် စိန်ခေါ်မှုကြီးနှစ်ခုအနက် တစ်ခုကို ကျော်လွှားခဲ့ပြီ နောက်တစ်ခုကိုလည်း အောင်မြင်စွာကျော်လွှားနိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

COVID-19 ပြန့်ပွားမှုက တစ်ပတ်နှစ်ပတ်အတွင်းမှာ တန့်နေတဲ့သဘောရှိပါတယ် ဒါပေမဲ့ သေသေချာချာကျအောင် လုပ်ဖို့ကလည်း အများကြီးလိုပါသေးတယ် COVID-19 ကြောင့် ရွေးကောက်ပွဲကာလမှာ ကန့်သတ်ချက်တွေ ထားရပါတယ်။

အဲဒါကိုလည်း တချို့ပြည်သူတွေက မဝံ့မရဲဖြစ်ခဲ့တယ်ဆိုရင် တောင်းပန်ပါတယ် လူစုလူဝေးဖြစ်ခဲ့တာလေးတွေရှိခဲ့ပါတယ် ဒါကတော့ မလွှဲမရှောင်သာဘူးလို့ပဲ ကြည့်ရမှာပါ။

ရွေးကောက်ပွဲကာလ မှာ ဒီလောက်ဖြစ်တယ်ဆိုတာက သိပ်ပြီးအံ့ဩသင့်စရာအကြောင်း မရှိပါဘူး COVID-19 ရောဂါကို ကျော်လွှားနိုင်ရေးနဲ့ အောင်နိုင်ရေးအတွက် နောက်လာမယ့်အပတ်တွေမှာ အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးတစ်ခုပေါ်ဖို့ သိပ်မကြာတော့ဘူးလို့ မှန်းဆပါတယ် ဒါပေမဲ့ ဒီကြားထဲမှာ သတိထားဖို့လိုပါတယ်သတိထားမှပဲ ကျော်လွှားနိုင်မှာပါ။

ဒီအပတ်ကနေစပြီး အခြေခံပြည်သူတွေအတွက် စတုတ္ထအကြိမ်မြောက် ပံ့ပိုးပေးမယ့်အစီအ စဉ်တွေကို စလုပ်ပါမယ် အရင်အပတ်တုန်းကလုပ်ဖို့ အဆင်သင့်ရှိနေပေမယ့် ရွေးကောက်ပွဲကိစ္စတွေရှိနေသေးလို့ မလုပ်ဖြစ်တာဖြစ်ပါတယ်။

ကိုဗစ်နောက်ပိုင်းကာလမှာ စီးပွားရေးပြန်တက်လာအောင် လုပ်ရမယ့်အစီအစဥ◌်တွေကိုလည်း ပြည်သူတွေကို မျှဝေပြီး ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းနဲ့ အောင်မြင်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ကိုဗစ် ရောဂါရရှိတဲ့ ပြည်သူတွေထဲက ဆုံးပါးမှုနှုန်းကလည်း တန့်နေပါတယ် မတက်သွားပါဘူး နည်းနည်း ကျသွားတယ်လို့တောင် ခန့်မှန်းရပါတယ်။

နိုင်ငံတော်တော်များများမှာ ဘယ်နံပါတ် လှိုင်းမှန်းတောင်မသိအောင် တစ်ကြော့ပြီး တစ်ကြော့ ဖြစ်ပွားနေတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။

ကျွန်မတို့နိုင်ငံမှာ ဒီလောက်အထိထိန်းထားနိုင်တာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်သာ ဖြစ်ပါတယ် ပြည်သူတွေမပါဝင်ရင် အောင်မြင်နိုင်မှာမဟုတ်ပါဘူး။