ဖခင္ျဖစ္သူ ဦးကင္းေကာင္ရဲ႕႐ုပ္ရွင္ ေၾကာ္ျငာဆိုင္းဘုတ္ေလးကို ၾကည့္ၿပီးမ်က္ရည္က်ကာ လြမ္းဆြတ္သတိရေနတဲ့ သားျဖစ္သူ ရဲမြန္ေအာင္

Zawgyi

ဖခင္ျဖစ္သူ ဦးကင္းေကာင္ရဲ႕႐ုပ္ရွင္ ေၾကာ္ျငာဆိုင္းဘုတ္ေလးကို ၾကည့္ၿပီးမ်က္ရည္က်ကာ လြမ္းဆြတ္သတိရေနတဲ့ သားျဖစ္သူ ရဲမြန္ေအာင္

ပရိသတ္ႀကီးေရ လြန္ခဲ့တဲ့ ဇန္နဝါရီလတုန္းက ပရိသတ္အခ်စ္ေတာ္ဟာသ သ႐ုပ္ေဆာင္ ဦးကင္းေကာင္ဟာ သူခ်စ္တဲ့မိသားစုနဲ႔ ခ်စ္ရတဲ့ ပရိသတ္ေတြကို အၿပီးအပိုင္ထားခဲ့ၿပီး ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့တာပါ ။

ဒါေပမယ့္ခ်စ္ရတဲ့ ပရိသတ္ေတြက သူ႔ရဲ႕အႏုပညာေတြကို ခုထိ ခ်စ္ျမတ္ႏိုးၿပီး သတိတရရွိေနဆဲျဖစ္သလို သားျဖစ္သူကလည္း ဖခင္ကို ယေန႔တိုင္ လြမ္းဆြတ္တမ္းတေနဆဲ ျဖစ္ပါတယ္ ။

လတ္တေလာမွာေတာ့ သားျဖစ္သူ ရဲမြန္ေအာင္က က်င္လည္ခဲ့တဲ့ ၃၅လမ္း ၃၆လမ္း… ႐ုပ္ရွင္႐ုံ ေၾကာ္ျငာဆိုင္းဘုတ္ေတြေပၚ ခဏခဏေရာက္ခဲ့တဲ့ အေဖ… ကိုဗစ္ႀကီးၿပီးခ်ိန္…သြင္ ႐ုပ္ရွင္႐ုံႀကီးျပန္ဖြင့္လို႔ ႐ုပ္ရွင္ကားသစ္ေၾကာ္ျငာ မတင္ခင္အခ်ိန္ထိေတာ့ ရွိေနဦးမွာပါ

ဒီ post ေလးေရးေနတုန္း မ်က္ရည္လည္လာလို႔ အေပၚေမာ့ၾကည့္မိခ်ိန္ ၾကယ္တစ္လုံးေႂကြသြားတယ္ေဖေဖ…ၾကယ္ေႂကြတာျမင္ရင္ ေတာင္းတဲ့ဆု ျပည့္တယ္တဲ့…ေကာင္းရာဘုံကို ေရာက္ရွိပါေစ ေဖေဖ ဆိုတဲ့စာသားေလးနဲ႔အတူဖခင္ျဖစ္သူ ကို လြမ္းဆြတ္သတိရေနေၾကာင္းကို

လူမႈကြန္ရက္စာမ်က္ႏွာထက္ကေနတဆင့္ ေရးသားေဖာ္ျပခဲ့ပါတယ္ ။ဒီဆိုင္းဘုတ္ေလးဟာ ႐ုပ္ရွင္႐ုံေတြေပၚ ေနာက္ဆုံးျမင္ရတဲ့ ေၾကာ္ျငာဆိုင္းဘုတ္ေလးျဖစ္မွာပါလို႔လည္း ဝမ္းနည္းစြာ ေရးသားထားပါေသးတယ္ ။

ပရိသတ္ေတြကေတာ့ ေရာင္းရာမြန္ရာေရာက္မွာပါဆိုတဲ့ ႏွစ္သိမ့္စကားေလးေတြ မွတ္ခ်က္ေပးေရးသားထားၾကတာ ေတြ႕ရပါတယ္ ။

Unicode

ဖခင်ဖြစ်သူ ဦးကင်းကောင်ရဲ့ရုပ်ရှင် ကြော်ငြာဆိုင်းဘုတ်လေးကို ကြည့်ပြီးမျက်ရည်ကျကာ လွမ်းဆွတ်သတိရနေတဲ့ သားဖြစ်သူ ရဲမွန်အောင်

ပရိသတ်ကြီးရေ လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက ပရိသတ်အချစ်တော်ဟာသ သရုပ်ဆောင် ဦးကင်းကောင်ဟာ သူချစ်တဲ့မိသားစုနဲ့ ချစ်ရတဲ့ ပရိသတ်တွေကို အပြီးအပိုင်ထားခဲ့ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာပါ ။

ဒါပေမယ့်ချစ်ရတဲ့ ပရိသတ်တွေက သူ့ရဲ့အနုပညာတွေကို ခုထိ ချစ်မြတ်နိုးပြီး သတိတရရှိနေဆဲဖြစ်သလို သားဖြစ်သူကလည်း ဖခင်ကို ယနေ့တိုင် လွမ်းဆွတ်တမ်းတနေဆဲ ဖြစ်ပါတယ် ။

လတ်တလောမှာတော့ သားဖြစ်သူ ရဲမွန်အောင်က ကျင်လည်ခဲ့တဲ့ ၃၅လမ်း ၃၆လမ်း… ရုပ်ရှင်ရုံ ကြော်ငြာဆိုင်းဘုတ်တွေပေါ် ခဏခဏရောက်ခဲ့တဲ့ အဖေ… ကိုဗစ်ကြီးပြီးချိန်…သွင် ရုပ်ရှင်ရုံကြီးပြန်ဖွင့်လို့ ရုပ်ရှင်ကားသစ်ကြော်ငြာ မတင်ခင်အချိန်ထိတော့ ရှိနေဦးမှာပါ

ဒီ post လေးရေးနေတုန်း မျက်ရည်လည်လာလို့ အပေါ်မော့ကြည့်မိချိန် ကြယ်တစ်လုံးကြွေသွားတယ်ဖေဖေ…ကြယ်ကြွေတာမြင်ရင် တောင်းတဲ့ဆု ပြည့်တယ်တဲ့…ကောင်းရာဘုံကို ရောက်ရှိပါစေ ဖေဖေ ဆိုတဲ့စာသားလေးနဲ့အတူဖခင်ဖြစ်သူ ကို လွမ်းဆွတ်သတိရနေကြောင်းကို

လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ဒီဆိုင်းဘုတ်လေးဟာ ရုပ်ရှင်ရုံတွေပေါ် နောက်ဆုံးမြင်ရတဲ့ ကြော်ငြာဆိုင်းဘုတ်လေးဖြစ်မှာပါလို့လည်း ဝမ်းနည်းစွာ ရေးသားထားပါသေးတယ် ။

ပရိသတ်တွေကတော့ ရောင်းရာမွန်ရာရောက်မှာပါဆိုတဲ့ နှစ်သိမ့်စကားလေးတွေ မှတ်ချက်ပေးရေးသားထားကြတာ တွေ့ရပါတယ် ။