ငုပ္ေလွာင္ေအာင္းေနတဲ့ အပူေတြထုတ္ ေရခ်ိဳးနည္း

Zawgyi

“အပူထုတ္ ေရခ်ိဳးနည္း”

လူေတြမွာ ငုပ္ေလွာင္ေအာင္းတဲ့ အပူေတြရွိပါတယ္။ ဒီအပူေတြကို ေရခ်ိဳးျပီးမထုတ္ရင္ အႏၱရာယ္ရွိပါတယ္။ ေအာင္းပူေတြကို စံနစ္တက်မထုတ္ဘဲ ကန္ထြက္ေစမယ္ဆိုရင္ အႏၱရာယ္ရွိပါတယ္။ ဒါေၾကာင့္ေရခ်ိဳးနည္း မွန္ဖို႕ လိုပါတယ္။ ေရာဂါရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ လူတိုင္းအတြက္ ေအာင္းပူေတြ ထြက္ေစမယ့္ ( အႏွိပ္မခံဘဲ ) အပူထုတ္တဲ့နည္းကို ေျပာျပပါ့မယ္။

၁ = ေရမခ်ိဳးခင္ အပူထုတ္နည္း – မန္က်ည္းေရ ခပ္က်ဲက်ဲ ခပ္ပါးပါးေလး ခႏၲာကိုယ္ တစ္ခုလံုးကို ပြတ္ပါ။ ၂ = ဆားနည္းနည္းျဖင့္ ဘယ္ေျခဖဝါးကို ညာလက္ဖဝါးနဲ႕၊ ညာေျခဖဝါးကို ဘယ္ဘက္လက္ဖဝါးနဲ႕ အလ်ားလိုက္ အႀကိမ္ ၅၀ – ခန္႕ ပြတ္ပါ။ ၃ = ၁၀ – မိနစ္ၾကာမွ ေရခ်ိဳးပါ။

၄ = ေရခ်ိဳးရာမွာ ေရကို ဝုန္းကနဲ တန္းမခ်ိဳးပါနဲ႕၊ ေျခေရ လက္ေရကို ျဖစ္သလို စ မေလာင္းပါနဲ႕၊ ေပါင္အလယ္၊ လက္ေမာင္းအလယ္၊ အဆီရွိတဲ့ေနရာမွာ အပူခိုတာမို႕ ေပါင္အလယ္ လက္ေမာင္းအလယ္က စေလာင္းၿပီး အစြန္အဖ်ားေတြကိုေလာင္းပါ။

ျပီးေတာ့ မ်က္ႏွာသစ္မယ္။ တစ္ကိုယ္လံုးခ်ိဳးမယ္။ ဒီလို စိတ္ရွည္ လက္ရွည္ခ်ိဳးေပးရင္ အပူေတြ တစိမ့္စိမ့္ထြက္ေစပါတယ္။

အထူးမွတ္သားရမွာက ဆားပြတ္ၿပီး ေရခ်ိဳးပါ။ ေရမခ်ိဳးျဖစ္ဘဲ ဆားမပြတ္ပါနဲ႕။ ည အခါညစ္ေပလို႕ ေျခေထာက္ကို ေရေဆးရင္လည္း ေျခာက္ေအာင္ျပန္သုတ္ပါ။ ဒီလိုမဟုတ္ရင္ မ်က္စိနာတတ္တယ္၊ မ်က္ဝတ္ေတြ ထြက္တတ္ပါတယ္။

ဆရာႀကီးဦးရန္ေအာင္ (ၾသ/သု)

ခရက္ဒစ္

Unicode

“အပူထုတ် ရေချိုးနည်း”

လူတွေမှာ ငုပ်လှောင်အောင်းတဲ့ အပူတွေရှိပါတယ်။ ဒီအပူတွေကို ရေချိုးပြီးမထုတ်ရင် အန္တရာယ်ရှိပါတယ်။ အောင်းပူတွေကို စံနစ်တကျမထုတ်ဘဲ ကန်ထွက်စေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်ရေချိုးနည်း မှန်ဖို့ လိုပါတယ်။ ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်းအတွက် အောင်းပူတွေ ထွက်စေမယ့် ( အနှိပ်မခံဘဲ ) အပူထုတ်တဲ့နည်းကို ပြောပြပါ့မယ်။

၁ = ရေမချိုးခင် အပူထုတ်နည်း – မန်ကျည်းရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေး ခန္တာကိုယ် တစ်ခုလုံးကို ပွတ်ပါ။ ၂ = ဆားနည်းနည်းဖြင့် ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့၊ ညာခြေဖဝါးကို ဘယ်ဘက်လက်ဖဝါးနဲ့ အလျားလိုက် အကြိမ် ၅၀ – ခန့် ပွတ်ပါ။ ၃ = ၁၀ – မိနစ်ကြာမှ ရေချိုးပါ။

၄ = ရေချိုးရာမှာ ရေကို ဝုန်းကနဲ တန်းမချိုးပါနဲ့၊ ခြေရေ လက်ရေကို ဖြစ်သလို စ မလောင်းပါနဲ့၊ ပေါင်အလယ်၊ လက်မောင်းအလယ်၊ အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ ပေါင်အလယ် လက်မောင်းအလယ်က စလောင်းပြီး အစွန်အဖျားတွေကိုလောင်းပါ။

ပြီးတော့ မျက်နှာသစ်မယ်။ တစ်ကိုယ်လုံးချိုးမယ်။ ဒီလို စိတ်ရှည် လက်ရှည်ချိုးပေးရင် အပူတွေ တစိမ့်စိမ့်ထွက်စေပါတယ်။

အထူးမှတ်သားရမှာက ဆားပွတ်ပြီး ရေချိုးပါ။ ရေမချိုးဖြစ်ဘဲ ဆားမပွတ်ပါနဲ့။ ည အခါညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။ ဒီလိုမဟုတ်ရင် မျက်စိနာတတ်တယ်၊ မျက်ဝတ်တွေ ထွက်တတ်ပါတယ်။

ဆရာကြီးဦးရန်အောင် (သြ/သု)

ခရက်ဒစ်