ပ်ားေတြကို ကိုယ့္စိတ္ႀကိဳက္ခိုင္းႏိုင္တဲ့ အမ်ိဳးသား

Zawgyi

ပ်ားေတြကို ကိုယ့္စိတ္ႀကိဳက္ခိုင္းႏိုင္တဲ့ အမ်ိဳးသား

ပ်ားေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူ အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ကို ပ်ားစြဲေအာင္ လုပ္ျပႏိုင္တယ္ဆိုၿပီး လူမႈကြန္ရက္မွာ နာမည္အလြန္ႀကီးခဲ့ပါတယ္။ သူဟာ ထူးဆန္းတဲ့ အတတ္ပညာေၾကာင့္ ဂင္းနစ္ကေပးတဲ့ မွတ္တမ္းအသိအမွတ္ျပဳ လက္မွတ္ကိုေတာင္ ရခဲ့ပါတယ္။

ပ်ားေမြးျမဴေရးသမားဟာ အခုလည္း ပ်ားေကာင္ေရ (၆၀၀၀၀)ေက်ာ္ မ်က္ႏွာကို လာစြဲေအာင္ လုပ္ျပခဲ့တာပါ။သူ႔အမည္ကိုေတာ့ Nature M.S လို႔ လူသိမ်ားပါတယ္။ ပ်ားေတြဟာ သူ႔အေၾကာင္းကိုလည္း အလြန္နားလည္ေနၾကသလို၊ သူကိုယ္တိုင္ကလည္း ႀကိဳက္တဲ့ေနရာတိုင္းကို ပ်ားစြဲေအာင္ လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ပ်ားေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတဲ့အတြက္ သူတို႔ကလည္း သူ႔ကို လုံးဝတုပ္ျခင္း ရန္ရွာျခင္းမရွိဘူးလို႔ ဆိုပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ Nature ဟာ Guinness World Records မွတ္တမ္းမွာ ေခါင္းတစ္ခုမွာ ပ်ားေကာင္ေရအမ်ားဆုံးနဲ႔ အခ်ိန္အၾကာႀကီး ပ်ားစြဲေအာင္ ဖန္တီးႏိုင္သူအျဖစ္ မွတ္တမ္းဝင္ေရာက္ခဲ့ပါတယ္။

Nature ဟာ အိႏၵိယႏိုင္ငံ၊Kerala ဇာတိျဖစ္ၿပီး၊ ငယ္ငယ္ကတည္းက ပ်ားေတြကို စိတ္နဲ႔ဆက္သြယ္ႏိုင္သူအျဖစ္ နာမည္ႀကီးပါတယ္။ Nature ဟာ (၇)ႏွစ္သားအ႐ြယ္မွာ သူငယ္ခ်င္းေတြေရွ႕မွာ ပ်ားေတြကို မ်က္ႏွာေပၚမွာ လာနားခိုင္းတာတို႔ လက္ေပၚမွာဟိုမွသည္မွ် ဥဒဟိုသြားလာခိုင္းတာ စတဲ့ျပကြက္ေတြ ျပၿပီး၊

သူငယ္ခ်င္းေတြ ေပ်ာ္ေနတာကိုၾကည့္ၿပီး ဝမ္သားရတယ္လို႔ ဆိုပါတယ္။ပ်ားေတြက လူေတြကို သာမန္အားျဖင့္ တုပ္လိုတဲ့ဆႏၵမရွိေၾကာင္း၊ လူေတြဘက္က စၿပီး အမွားလုပ္မိမွသာ ပ်ားေတြက တုပ္ေလ့ရွိေၾကာင္း ဆိုပါတယ္။

သူ႔အေနနဲ႔ အရင္တုန္းက ပ်ားတုပ္မခံခဲ့ရဘူးလားဆိုေတာ့ တုပ္ခံခဲ့ရဖူးေၾကာင္း၊ ဒါက သူရဲ႕ အမွားေၾကာင့္ျဖစ္ေၾကာင္း ေျပာပါတယ္။ပ်ားေတြ လာစြဲေအာင္ လုပ္ရတာကို ငယ္ငယ္ေလးကတည္းက စိတ္ဝင္းစားခဲ့ၿပီး-နည္းလမ္းကေတာ့ ပ်ားဘုရင္မႀကီးကို မိေအာင္ဖမ္းၿပီး တျခားပ်ားေတြကို စြဲေဆာင္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

(၁၅)မိနစ္အတြင္းမွာ ပ်ားေတြ သူ႔ရဲ႕လက္ေမာင္းကို အုံလိုက္က်င္းလိုက္ႀကီး လာစြဲၾကတယ္လို႔ သူက ေျပာခဲ့ပါတယ္။ ပ်ားေတြက ဘုရင္မႀကီးကို ကာကြယ္လိုတဲ့အတြက္ လာေရာက္စုၿပဳံေနၾကတာလည္း ျဖစ္ႏိုင္ေၾကာင္း သူက ေျပာပါတယ္။

Unicode

ပျားတွေကို ကိုယ့်စိတ်ကြိုက်ခိုင်းနိုင်တဲ့ အမျိုးသား

ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ယောက်ဟာ သူ့ကို ပျားစွဲအောင် လုပ်ပြနိုင်တယ်ဆိုပြီး လူမှုကွန်ရက်မှာ နာမည်အလွန်ကြီးခဲ့ပါတယ်။ သူဟာ ထူးဆန်းတဲ့ အတတ်ပညာကြောင့် ဂင်းနစ်ကပေးတဲ့ မှတ်တမ်းအသိအမှတ်ပြု လက်မှတ်ကိုတောင် ရခဲ့ပါတယ်။

ပျားမွေးမြူရေးသမားဟာ အခုလည်း ပျားကောင်ရေ (၆၀၀၀၀)ကျော် မျက်နှာကို လာစွဲအောင် လုပ်ပြခဲ့တာပါ။သူ့အမည်ကိုတော့ Nature M.S လို့ လူသိများပါတယ်။ ပျားတွေဟာ သူ့အကြောင်းကိုလည်း အလွန်နားလည်နေကြသလို၊ သူကိုယ်တိုင်ကလည်း ကြိုက်တဲ့နေရာတိုင်းကို ပျားစွဲအောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။

ပျားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့အတွက် သူတို့ကလည်း သူ့ကို လုံးဝတုပ်ခြင်း ရန်ရှာခြင်းမရှိဘူးလို့ ဆိုပါတယ်။ အသက်(၂၄)နှစ်အရွယ် Nature ဟာ Guinness World Records မှတ်တမ်းမှာ ခေါင်းတစ်ခုမှာ ပျားကောင်ရေအများဆုံးနဲ့ အချိန်အကြာကြီး ပျားစွဲအောင် ဖန်တီးနိုင်သူအဖြစ် မှတ်တမ်းဝင်ရောက်ခဲ့ပါတယ်။

Nature ဟာ အိန္ဒိယနိုင်ငံ၊Kerala ဇာတိဖြစ်ပြီး၊ ငယ်ငယ်ကတည်းက ပျားတွေကို စိတ်နဲ့ဆက်သွယ်နိုင်သူအဖြစ် နာမည်ကြီးပါတယ်။ Nature ဟာ (၇)နှစ်သားအရွယ်မှာ သူငယ်ချင်းတွေရှေ့မှာ ပျားတွေကို မျက်နှာပေါ်မှာ လာနားခိုင်းတာတို့ လက်ပေါ်မှာဟိုမှသည်မျှ ဥဒဟိုသွားလာခိုင်းတာ စတဲ့ပြကွက်တွေ ပြပြီး၊

သူငယ်ချင်းတွေ ပျော်နေတာကိုကြည့်ပြီး ဝမ်သားရတယ်လို့ ဆိုပါတယ်။ပျားတွေက လူတွေကို သာမန်အားဖြင့် တုပ်လိုတဲ့ဆန္ဒမရှိကြောင်း၊ လူတွေဘက်က စပြီး အမှားလုပ်မိမှသာ ပျားတွေက တုပ်လေ့ရှိကြောင်း ဆိုပါတယ်။

သူ့အနေနဲ့ အရင်တုန်းက ပျားတုပ်မခံခဲ့ရဘူးလားဆိုတော့ တုပ်ခံခဲ့ရဖူးကြောင်း၊ ဒါက သူရဲ့ အမှားကြောင့်ဖြစ်ကြောင်း ပြောပါတယ်။ပျားတွေ လာစွဲအောင် လုပ်ရတာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်းစားခဲ့ပြီး-နည်းလမ်းကတော့ ပျားဘုရင်မကြီးကို မိအောင်ဖမ်းပြီး တခြားပျားတွေကို စွဲဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

(၁၅)မိနစ်အတွင်းမှာ ပျားတွေ သူ့ရဲ့လက်မောင်းကို အုံလိုက်ကျင်းလိုက်ကြီး လာစွဲကြတယ်လို့ သူက ပြောခဲ့ပါတယ်။ ပျားတွေက ဘုရင်မကြီးကို ကာကွယ်လိုတဲ့အတွက် လာရောက်စုပြုံနေကြတာလည်း ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။