
Zawgyi









Unicode

ပရဟိတအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ဦးကျော်သူနဲ့ထွန်းကိုကို

ပြည်သူချစ်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ဦးကျော်သူနဲ့ထွန်းကိုကိုကတော့ ကိုဗစ်ရောဂါကူဆက်ခံခဲ့ရပြီး ဝေဘာဂီဆေးရုံကြီးမှာအချိန်အတော်ကြာအောင်ဆေးကုသမှုခံခဲ့ရပါတယ်။

၇-၁၁ ရက်နေ့ကမှာ ကိုဗစ်ရောဂါကင်းစင်ပြီး သူတို့နှစ်ယောက်လုံးနေအိမ်သို့ပြန်ခွင့်ရရှိခဲ့ပါတယ် ဦးကျော်သူကတော့နေအိမ်ကိုရောက်ခဲ့ပေမယ့်လည်း သူတစ်ယောက်တည်းနေအိမ်တွင်Qဝင်ပြီး အခန်းအောင်းကာအဓိဋ္ဌာန်ဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ဦးကျော်သူနဲ့ထွန်းကိုကိုတို့နှစ်ယောက်လုံး ပရဟိတစိတ်ဓါတ်သစ်၊အားမာန်သစ်တို့ဖြင့် ပရဟိတအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေတာတွေ့ရပါတယ်။

ဒီနေ့မှာဦးကျော်သူက ဝေဘာဂီ(အထူးကု)ဆေးရုံကြီးတွင် ကိုဗစ်ကုသရေးအတွက်လိုအပ်နေတဲ့ Oxygen Concentrator (5)L(1)လုံးအား ” အများပြည်သူအတွက်အများပြည်သူကောင်းမှု”အဖြစ်

အတွင်းရးမှူးဒေါ်မြင့်မြင့်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက်နှင့် အသင်းသားရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကိုတို့နဲ့အတူသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင်အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ အစ်မဖြစ်သူ ဒေါက်တာချိုချိုအေးရဲ့ မွေးနေ့အလှူအဖြစ်လည်း ဝေဘာဂီ(အထူးကု)ဆေးရုံကြီးမှာ ကိုဗစ်လူနာများကုသရေးအတွက် အလှူငွေ သုံးသိန်းကျပ်ကို

လှူဒါန်းပေးခဲ့ပါသေးတယ် ဦးကျော်သူနဲ့ထွန်းကိုကိုကတော့ကိုဗစ်ရောဂါကြီးကိုကျော်ဖြတ်ပြီး ပရဟိတအလုပ်တွေကိုတောင်ပြန်လည်လုပ်ကိုင်နေပြီနော်။