Zawgyi
Unicode
ပထမဆုံးရရှိတဲ့ သူမရဲ့ အနုပညာကြေးလေးနဲ့ ကထိန်ခင်းပြီး အလှူဒါနလေးပြုလုပ်ခွင့်ရလို့ ပျော်ရွှင်နေတဲ့ သမီးလေး ကိကိ
ပရိသတ်ကြီးရေ ဆယ်လီမလေး ကိကိကိုတော့ ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်နော်။ကိကိကတော့ အရွယ်နှင့်မလိုက်အောင် စကားတတ်လွန်းပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် အနုပညာရှင်တွေရဲ့ အချစ်ကိုပါ ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါပဲဖြစ်ပါတယ်။
သူမဟာဆိုရင် မိခင်ဖြစ်သူနဲ့အတူ ဈေးရောင်းထားတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ထားတဲ့ ဗီဒီယိုကနေ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထား တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။လတ်တလောမှာလည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီး ကြော်ငြာလေးတွေကို ရိုက်ကူးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။
နိုဝင်ဘာ(၁၄)ရက်နေ့မှာတော့ ကိကိက”ကထိန် ဒါယိကာမကြီး မကိကိ ၏မုန့်စားနေတဲ့ စတိုင် ကိကိလေးရရှိခဲ့သောအနုပညာကြေးများဖြင့် ပထမဆုံး ခင်းခဲ့တဲ့ကထိန်အလှူ မို့ ကိလေးကို ချစ်ပေးကြသော ၇ရက်သားသမီးအားလုံး ကိကိနှင့်တူတူ ကုသိုလ်ဒါနများထပ်တူရကြပါစေ “လို့ဆိုပြီး
အနုပညာကြေးထဲကနေ ပထမဆုံးကထိန်ခင်းတဲ့ အလှူဒါနလေး ပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ တာပဲဖြစ်ပါတယ်နော်။ပရိသတ်တွေအတွက် သူမရဲ့ ပထမဆုံးကထိန်ခင်းတဲ့အလှူဒါနပြုလုပ်ခဲ့တာလေးကို
ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။