ကိုဗစ္ လူနာမ်ားကုသေပးေနသည့္ ႐ိုေမးနီးယားေဆး႐ုံ၌ မီးေလာင္သျဖင့္ ၁၀ ဦး ေသဆုံး
Zawgyi
ကိုဗစ္ လူနာမ်ားကုသေပးေနသည့္ ႐ိုေမးနီးယားေဆး႐ုံ၌ မီးေလာင္သျဖင့္ ၁၀ ဦး ေသဆုံး
ႏိုဝင္ဘာ ၁၄ ရက္ ေႏွာင္းပိုင္းက ႐ိုေမးနီးယားႏိုင္ငံ အေရွ႕ေျမာက္ဘက္မွာရွိတဲ့ ေဆး႐ုံတစ္႐ုံရဲ႕ အထူးၾကပ္မတ္ကုေဆာင္မွာ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေဆးဝါးကုသမႈခံယူေနၾကတဲ့ ကိုဗစ္-၁၉ ေရာဂါလူနာ ၁၀ ဦး ေသဆုံးခဲ့တယ္လို႔ ႐ိုေမးနီးယားက်န္းမာေရးဝန္ႀကီး ေနလူတာရာ႐ူက ယေန႔အတည္ျပဳ ေျပာၾကားပါတယ္။
ေသဆုံးသြားတဲ့ ကိုဗစ္-၁၉ ေရာဂါ လူနာေတြအနက္ ရွစ္ဦးဟာ မီးေလာင္မႈေၾကာင့္ ေသဆုံးခဲ့ၿပီး က်န္ႏွစ္ဦးဟာ မီးေလာင္မႈမွ ထြက္ေပၚလာတဲ့ မီးခိုးေတြေၾကာင့္ အသက္ရႉလမ္းေၾကာင္းပိတ္ကာ အေရးေပၚဌာနမွာပဲ ေနာက္မွေသဆုံးသြားတာပါ။
မီးေလာင္မႈျဖစ္ပြားစဥ္ ေဆး႐ုံအေရးေပၚလူနာေဆာင္ႏွစ္ခုမွာ ကိုဗစ္-၁၉ ေရာဂါ လူနာ ၁၆ ဦးရွိၿပီး ၎တို႔အနက္ တာဝန္က်ဆရာဝန္တစ္ဦးအပါအဝင္ ခုနစ္ဦးဟာ အေရးေပၚအေနအထားမွာ ရွိၾကတယ္လို႔ အေရးေပၚအေျခအေနဆိုင္ရာ စစ္ေဆးေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။
မီးေလာင္မႈမွာ အသက္ရွင္က်န္ခဲ့တဲ့ လူနာေတြကို ႐ိုေမးနီးယားအေရွ႕ပိုင္းအိုင္ယာစီၿမိဳ႕က COVID-19ေဆး႐ုံမွာ လႊဲေျပာင္းကုသေပးထားတယ္လို႔ က်န္းမာေရးဝန္ႀကီး ေနလူတာတာ႐ူက ဆိုပါတယ္။
ဝါယာေရွာ့ျဖစ္ရာကေန မီးေလာင္ခဲ့တာလို႔ယူဆေနၾကၿပီး အေသးစိတ္ကိုစုံစမ္းစစ္ေဆးေနၾကၿပီလို႔ သိရပါတယ္။႐ိုေမးနီးယားအစိုးရဟာ ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈထိန္းခ်ဳပ္ဖို႔ ႏိုဝင္ဘာ ၉ ရက္မွစၿပီး တစ္လၾကာ ညမထြက္ရအမိန႔္ကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
လက္ရွိအခ်ိန္အထိ ႐ိုေမးနီးယားႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူေပါင္း ၃၅၃၁၈၅ ဦးရွိလာၿပီး ၎တို႔အနက္ လူနာ ၈၈၁၃ ဦးဟာ အဆိုပါေရာဂါေၾကာင့္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
Unicode
ကိုဗစ္ လူနာများကုသပေးနေသည့် ရိုမေးနီးယားဆေးရုံ၌ မီးလောင်သဖြင့် ၁၀ ဦး သေဆုံး
နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ကိုဗစ်-၁၉ ရောဂါလူနာ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ရိုမေးနီးယားကျန်းမာရေးဝန်ကြီး နေလူတာရာရူက ယနေ့အတည်ပြု ပြောကြားပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာတွေအနက် ရှစ်ဦးဟာ မီးလောင်မှုကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးဟာ မီးလောင်မှုမှ ထွက်ပေါ်လာတဲ့ မီးခိုးတွေကြောင့် အသက်ရှူလမ်းကြောင်းပိတ်ကာ အရေးပေါ်ဌာနမှာပဲ နောက်မှသေဆုံးသွားတာပါ။
မီးလောင်မှုဖြစ်ပွားစဉ် ဆေးရုံအရေးပေါ်လူနာဆောင်နှစ်ခုမှာ ကိုဗစ်-၁၉ ရောဂါ လူနာ ၁၆ ဦးရှိပြီး ၎င်းတို့အနက် တာဝန်ကျဆရာဝန်တစ်ဦးအပါအဝင် ခုနစ်ဦးဟာ အရေးပေါ်အနေအထားမှာ ရှိကြတယ်လို့ အရေးပေါ်အခြေအနေဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မီးလောင်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ လူနာတွေကို ရိုမေးနီးယားအရှေ့ပိုင်းအိုင်ယာစီမြို့က COVID-19ဆေးရုံမှာ လွှဲပြောင်းကုသပေးထားတယ်လို့ ကျန်းမာရေးဝန်ကြီး နေလူတာတာရူက ဆိုပါတယ်။
ဝါယာရှော့ဖြစ်ရာကနေ မီးလောင်ခဲ့တာလို့ယူဆနေကြပြီး အသေးစိတ်ကိုစုံစမ်းစစ်ဆေးနေကြပြီလို့ သိရပါတယ်။ရိုမေးနီးယားအစိုးရဟာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ဖို့ နိုဝင်ဘာ ၉ ရက်မှစပြီး တစ်လကြာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လက်ရှိအချိန်အထိ ရိုမေးနီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၅၃၁၈၅ ဦးရှိလာပြီး ၎င်းတို့အနက် လူနာ ၈၈၁၃ ဦးဟာ အဆိုပါရောဂါကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။