ကြာရွင္းၿပီး႐ူးသြားတာလား ဆိုၿပီး ေဝဖန္ၾကတဲ့ သူေတြကို တုံ႔ျပန္လိုက္တဲ့ ခ်မ္းမီမီကို

Zawgyi

ကြာရွင္းၿပီး႐ူးသြားတာလား ဆိုၿပီး ေဝဖန္ၾကတဲ့ သူေတြကို တုံ႔ျပန္လိုက္တဲ့ ခ်မ္းမီမီကို

ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္နဲ႔ ေမာ္ဒယ္လ္ခ်မ္းမီမီကိုကေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး လူသိမ်ားလာခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ခ်မ္းမီမီကိုက သူမေအာင္ျမင္ေနဆဲအခ်ိန္မွာ (၂၀၁၄) ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီးေနာက္ သားေလးတစ္ေယာက္ကို ေမြးဖြားခဲ့တာပဲ ျဖစ္ပါတယ္။လက္ရွိမွာ အိမ္ေထာင္နဲ႔ ကြာရွင္းထားတဲ့ ခ်မ္းမီမီကိုက သူမရဲ႕ဘဝကို အစကေန စတင္ၿပီး

သားေလးတစ္ဖက္နဲ႔ အႏုပညာ ေလာကထဲကို ျပန္လည္ဝင္ေရာက္ဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။လက္ရွိမွာ ဘုရားတရားလုပ္ရင္း ဘဝကို ေအးခ်မ္းစြာျဖတ္သန္းေနတဲ့ ခ်မ္းမီမီကိုက အေပ်ာ္ Tik Tok ႐ိုက္တာေတာင္

ျပစ္တင္ေဝဖန္သူနဲ႔ ႀကဳံဆုံခဲ့ရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။“ကြၽန္မ အသက္ငယ္ေသးတယ္ ကြၽန္မ လုပ္သင့္တယ္ထင္ရင္ လုပ္တယ္ ကြၽန္မအသက္ ယခု အသက္ႏွစ္ဆယ့္ရွစ္ အားလုံးကိုေလးစားတယ္ ဘယ္သူဘာအလုပ္လုပ္ေနပါေစ တန္းတူပဲခ်စ္တယ္

ဆင္းရဲခ်မ္းသာ ေနပါေစ မခြဲျခားဘူး ဒါကြၽန္မ ခံယူခ်က္ပါ Comment ေလးေတြ႕လို႔ ကြၽန္မ ဖ်က္ဖို႔ ႀကိဳးစားၾကည့္တယ္ သူတို႔ေရးသားထားတဲ့အရာကို ကြၽန္မလြယ္လင့္တကူ ဖ်က္ႏိုင္မလားေပါ့။

ကြၽန္မက Comment ကို ဇြတ္ေျပာင္းဖို႔ ႀကိဳးစားအားထုတ္ေနသူျဖစ္ေနတယ္ဆိုတာပဲ သူထက္ပိုမိုက္သြားမယ္ ဒီတိုင္း အမွတ္တရေလးထားထားတယ္ ခ်စ္တယ္” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ခ်မ္းမီမီကိုကေတာ့ အိမ္ေထာင္နဲ႔ကြာရွင္းၿပီး အႏုပညာေလာကထဲကို ျပန္လည္ ဝင္ေရာက္လာခ်ိန္မွာ ေႏြးေထြးစြာ ႀကိဳဆိုသူေတြရွိသလို ျပစ္တင္ေဝဖန္သူေတြနဲ႔လည္း ႀကဳံဆုံခဲ့ရတာပဲ ျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ကိုယ့္ကို အမုန္းနဲ႔ဆက္ဆံသူကို ျပန္ၿပီးေမတၱာထားႏိုင္တယ္ဆိုတာ ခ်မ္းမီမီကိုရဲ႕ ေလးစားဖြယ္ စိတ္ထားပါပဲ။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Unicode

ကွာရှင်းပြီးရူးသွားတာလား ဆိုပြီး ဝေဖန်ကြတဲ့ သူတွေကို တုံ့ပြန်လိုက်တဲ့ ချမ်းမီမီကို

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်နဲ့ မော်ဒယ်လ်ချမ်းမီမီကိုကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လူသိများလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချမ်းမီမီကိုက သူမအောင်မြင်နေဆဲအချိန်မှာ (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက် သားလေးတစ်ယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာ အိမ်ထောင်နဲ့ ကွာရှင်းထားတဲ့ ချမ်းမီမီကိုက သူမရဲ့ဘဝကို အစကနေ စတင်ပြီး

သားလေးတစ်ဖက်နဲ့ အနုပညာ လောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာ ဘုရားတရားလုပ်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ ချမ်းမီမီကိုက အပျော် Tik Tok ရိုက်တာတောင်

ပြစ်တင်ဝေဖန်သူနဲ့ ကြုံဆုံခဲ့ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။“ကျွန်မ အသက်ငယ်သေးတယ် ကျွန်မ လုပ်သင့်တယ်ထင်ရင် လုပ်တယ် ကျွန်မအသက် ယခု အသက်နှစ်ဆယ့်ရှစ် အားလုံးကိုလေးစားတယ် ဘယ်သူဘာအလုပ်လုပ်နေပါစေ တန်းတူပဲချစ်တယ်

ဆင်းရဲချမ်းသာ နေပါစေ မခွဲခြားဘူး ဒါကျွန်မ ခံယူချက်ပါ Comment လေးတွေ့လို့ ကျွန်မ ဖျက်ဖို့ ကြိုးစားကြည့်တယ် သူတို့ရေးသားထားတဲ့အရာကို ကျွန်မလွယ်လင့်တကူ ဖျက်နိုင်မလားပေါ့။

ကျွန်မက Comment ကို ဇွတ်ပြောင်းဖို့ ကြိုးစားအားထုတ်နေသူဖြစ်နေတယ်ဆိုတာပဲ သူထက်ပိုမိုက်သွားမယ် ဒီတိုင်း အမှတ်တရလေးထားထားတယ် ချစ်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ချမ်းမီမီကိုကတော့ အိမ်ထောင်နဲ့ကွာရှင်းပြီး အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာချိန်မှာ နွေးထွေးစွာ ကြိုဆိုသူတွေရှိသလို ပြစ်တင်ဝေဖန်သူတွေနဲ့လည်း ကြုံဆုံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကို အမုန်းနဲ့ဆက်ဆံသူကို ပြန်ပြီးမေတ္တာထားနိုင်တယ်ဆိုတာ ချမ်းမီမီကိုရဲ့ လေးစားဖွယ် စိတ်ထားပါပဲ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။