ဖိနပ္မပါ ၊ စက္ဘီးအေဟာင္းေလးနဲ႔ စက္ဘီးစီးၿပိဳင္ပြဲကို အားႀကိဳးမာန္တက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ေကာင္ေလး

Zawgyi

ဖိနပ္မပါ ၊ စက္ဘီးအေဟာင္းေလးနဲ႔ စက္ဘီးစီးၿပိဳင္ပြဲကို အားႀကိဳးမာန္တက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ေကာင္ေလး

မၾကာေသးခင္က social media မွာ ပ်ံႏွံေနတဲ့ ဓာတ္ပုံေလးဟာဆိုရင္ လူအေတာ္အမ်ားရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ကေမာၻဒီးယားႏိုင္ငံမွာ ေနထိုင္တဲ့ Pich Theara အမည္ရွိတဲ့ ေကာင္ေလးဟာ စက္ဘီးစီးၿပိဳင္ပြဲတစ္ခုကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာပါ ။

ေကာင္ေလးရဲ႕ စက္ဘီးမွာေတာ့ ေဈးႀကီးေပးဝယ္ ရ တဲ့စက္ဘီးမဟုတ္တဲ့အျပင္ ၊ လုံၿခဳံစိတ္ခ်ေစတဲ့ ဂီယာလည္းမပါရွိတဲ့ စက္ဘီးအေဟာင္းေလးပါ ။ဒါ့အျပင္ေကာင္ေလးဟာ အျခားစက္ဘီးသမားေတြလို အဝတ္အ စား မ်ိဳး မဝတ္ဆင္ႏိုင္တဲ့အျပင္

ပိုဆိုးတာကေတာ့ ဖိနပ္ေလးေတာင္ မပါရွိခဲ့တဲ့ ေတာင္တက္စက္ ဘီး စီး ၿပိဳင္ ပြဲကို အားႀကိဳးမာန္တက္ျဖင့္ ယွဥ္ၿပိဳင္ခဲ့တာပါ ။ေကာင္ေလးရဲ႕ဓာတ္ပုံဟာ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားသြားခဲ့ၿပီးေနာက္ စက္ဘီးစီးအဖြဲ႕အစည္းေတြက သတိထားမိခဲ့ပါေတာ့တယ္ ။

ေကာင္ ေလး ကို ဆက္သြယ္ၿပီး ခ်စ္ခင္အားေပးမႈေတြကိုပါ ေဖာ္ျပခဲ့ပါတယ္ ။ Lang Tyleang အမည္ရွိတဲ့အမ်ိဳးသားဟာဆိုရင္ Facebook ေပၚက အဆိုပါဓာတ္ပုံကို ျမင္ ျမင္ခ်င္း ေကာင္ေလးကို ေျခရာခံၿပီးလိုက္လံရွာေဖြကာ ေကာင္ေလးကို စက္ဘီးအသစ္တစ္စီးလက္ေဆာင္ေပးခဲ့ပါတယ္ ။

Lang တစ္ေယာက္ထဲတင္မကပါဘူး online ေပၚက လူအေတာ္အမ်ားဟာ ေကာင္ေလးကိုကူညီဖို႔ေရာက္ရွိလာၾကၿပီး ၊ အဝတ္အစား ၊ ဖိနပ္ ႏွင့္ စာအုပ္ အစရွိတဲ့ လက္ေဆာင္ေတြကိုေပးခဲ့တဲ့အျပင္ အခ်ိဳ႕ဆိုရင္ ေထာက္ပံ့ေငြေတြပါ ေပးအပ္ခဲ့ေၾကာင္း သိရွိရပါတယ္ ။

မည္သို႔ပင္ျဖစ္ေစကာမႈ ေကာင္ေလးရဲ႕ႀကိဳးပမ္းအားထုတ္မႈ ႏွင့္ ရည္မွန္းခ်က္ကို လူအေတာ္အမ်ားက အသိအမွတ္ျပဳေပးၿပီး ဝိုင္းဝန္းေထာက္ခံအားေပးေနလ်က္ရွိၾကပါတယ္ေလ ။

Unicode

ဖိနပ်မပါ ၊ စက်ဘီးအဟောင်းလေးနဲ့ စက်ဘီးစီးပြိုင်ပွဲကို အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကောင်လေး

မကြာသေးခင်က social media မှာ ပျံနှံနေတဲ့ ဓာတ်ပုံလေးဟာဆိုရင် လူအတော်အများရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ် ။ အကြောင်းကတော့ကမ္ဘောဒီးယားနိုင်ငံမှာ နေထိုင်တဲ့ Pich Theara အမည်ရှိတဲ့ ကောင်လေးဟာ စက်ဘီးစီးပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ ။

ကောင်လေးရဲ့ စက်ဘီးမှာတော့ ဈေးကြီးပေးဝယ် ရ တဲ့စက်ဘီးမဟုတ်တဲ့အပြင် ၊ လုံခြုံစိတ်ချစေတဲ့ ဂီယာလည်းမပါရှိတဲ့ စက်ဘီးအဟောင်းလေးပါ ။ဒါ့အပြင်ကောင်လေးဟာ အခြားစက်ဘီးသမားတွေလို အဝတ်အ စား မျိုး မဝတ်ဆင်နိုင်တဲ့အပြင်

ပိုဆိုးတာကတော့ ဖိနပ်လေးတောင် မပါရှိခဲ့တဲ့ တောင်တက်စက် ဘီး စီး ပြိုင် ပွဲကို အားကြိုးမာန်တက်ဖြင့် ယှဉ်ပြိုင်ခဲ့တာပါ ။ကောင်လေးရဲ့ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားသွားခဲ့ပြီးနောက် စက်ဘီးစီးအဖွဲ့အစည်းတွေက သတိထားမိခဲ့ပါတော့တယ် ။

ကောင် လေး ကို ဆက်သွယ်ပြီး ချစ်ခင်အားပေးမှုတွေကိုပါ ဖော်ပြခဲ့ပါတယ် ။ Lang Tyleang အမည်ရှိတဲ့အမျိုးသားဟာဆိုရင် Facebook ပေါ်က အဆိုပါဓာတ်ပုံကို မြင် မြင်ချင်း ကောင်လေးကို ခြေရာခံပြီးလိုက်လံရှာဖွေကာ ကောင်လေးကို စက်ဘီးအသစ်တစ်စီးလက်ဆောင်ပေးခဲ့ပါတယ် ။

Lang တစ်ယောက်ထဲတင်မကပါဘူး online ပေါ်က လူအတော်အများဟာ ကောင်လေးကိုကူညီဖို့ရောက်ရှိလာကြပြီး ၊ အဝတ်အစား ၊ ဖိနပ် နှင့် စာအုပ် အစရှိတဲ့ လက်ဆောင်တွေကိုပေးခဲ့တဲ့အပြင် အချို့ဆိုရင် ထောက်ပံ့ငွေတွေပါ ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ် ။

မည်သို့ပင်ဖြစ်စေကာမှု ကောင်လေးရဲ့ကြိုးပမ်းအားထုတ်မှု နှင့် ရည်မှန်းချက်ကို လူအတော်အများက အသိအမှတ်ပြုပေးပြီး ဝိုင်းဝန်းထောက်ခံအားပေးနေလျက်ရှိကြပါတယ်လေ ။