TIK TOK ကစားသူတစ္ေယာက္ရဲ႕ ဗီဒီယိုထဲမွာ သရဲပုံရိပ္ပါလာတာေၾကာင့္ၾကည့္ရႈသူမ်ားထိပ္လန႔္ခဲ့ရ

Zawgyi

TIK TOK ကစားသူတစ္ေယာက္ရဲ႕ ဗီဒီယိုထဲမွာ သရဲပုံရိပ္ပါလာတာေၾကာင့္ၾကည့္ရႈသူမ်ားထိပ္လန႔္ခဲ့ရ

အိမ္မွာတစ္‌ေယာက္တည္း ရွိေနတဲ့အခ်ိန္မွာ Tik Tok ကစားေနသူတစ္ေယာက္ရဲ႕ ဗီဒီယိုထဲတြင္ အေနာက္ဘက္ ေလွကားထိပ္မွာ တစ္စုံတစ္ခု ႐ုတ္တရက္ေပၚလာတာကို Tik Tok အသုံးျပဳသူေတြက သတိထားမိခဲ့ပါတယ္။

ဗီဒီယိုမွာ ပါလာတဲ့ ထိုပုံရိပ္တစ္ခုေၾကာင့္ ဆိုရွယ္မီဒီယာေပၚမွာ လူအမ်ားဟာ မွတ္ခ်က္အမ်ိဳးမ်ိဳး ေပးခဲ့ၾကပါတယ္။ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ႏိုင္ငံအေတာ္မ်ားမ်ားရွိလူမ်ားဟာ အိမ္တြင္သာေနထိုင္ေနရၿပီး ပ်င္းရိတာေတြကို ေျပေပ်ာက္ေစဖို႔ Tik Tok ဗီဒီယိုေတြဖန္တီးၿပီး ေပ်ာ္စရာေတြရွာေဖြေနၾကတာပါ။

ထိုထဲကမွ Tik Tok အသုံးျပဳသူ @reubix_cube က Doja Cat ၏ Say So ဆိုတဲ့သီခ်င္းနဲ႔ ကေနတဲ့ ဗီဒီယိုတစ္ခုကိုတင္ခဲ့ပါတယ္။ ထိုဗီဒီယိုထဲက အေနာက္ေလွကားမွာေတာ့ ထူးျခားတာတစ္ခု ပါလာခဲ့ပါတယ္။

သူရဲ႕ Tik Tok ဗီဒီယိုထဲက ေခါင္းစဥ္ကိုေတာ့ “ငါ့တစ္ေယာက္ထဲအိမ္မွာရွိတဲ့ အတြက္ အႀကိဳက္ဆုံး Doja ရဲ႕ သီခ်င္းေလးနဲ႔ ကေနတယ္”လို႔ ေရးထားပါတယ္။ထိုဗီဒီယိုေၾကာင့္ reubix_cube ဟာ အိမ္မွာတစ္ေယာက္တည္းရွိတာ ဟုတ္ရဲ႕လားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

သူရဲ႕စကၠန႔္အနည္းငယ္သာၾကာေသာ ထိုဗီဒီယိုထဲမွာေတာ့ အေနာက္ဘက္ေလွကားထိပ္ကေန တစ္စုံတစ္ခုက သူ က ေနတာကို ေခ်ာင္းၾကည့္ေနတဲ့ပုံကို မ်က္စိလ်င္တဲ့ Tik Tok အသုံးျပဳသူတစ္ေယာက္က သတိထားမိခဲ့ပါတယ္။

ၾကည့္ရႈသူတစ္ဦးကေတာ့ “ ဒီဗီဒီယိုၾကည့္လိုက္တာ အေတာ္ကို လန႔္သြားတာပဲ၊ တစ္ေယာက္ေယာက္က သူအေနာက္ကေန ၾကည့္ေနတာေလ၊ ေခါင္းစဥ္မွာက တစ္ေယာက္ထဲရွိတယ္လို႔ ေရးထားတာကို”လို႔မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနာက္တစ္ဦးကေတာ့ “ အကုန္လုံးေတြ႕ၾကရဲ႕လား သူ႔အေနာက္ကဟာကို”လို႔ေရးထားပါတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ Tik Tok အသုံးျပဳသူေတြအၾကားမွာ ဒီအရာဟာ သရဲ အစစ္မွန္ဟုတ္မဟုတ္ ကို အျငင္းပြားလာခဲ့ၾကပါတယ္။

ကြန္မန္႔ေပးသူတစ္ဦးကေတာ့ “ Bro အေနနဲ႔ ရဲ ကိုေခၚၿပီးအိမ္ကိုရွာေဖြသင့္တယ္”လို႔ ေရးထားပါတယ္။ဗီဒီယိုကိုတင္ခဲ့တဲ့ reubix_cube ကေတာ့ “ခင္ဗ်ားတို႔ေျပာျပမွ ကြၽန္ေတာ္လည္းေတာ္ေတာ္လန္႔သြားတယ္ ၊ အခုေတာ့ ကြၽန္ေတာ္အစာအိမ္နာေနတယ္ မေန႔ညက တစ္ညလုံး ေကာင္းေကာင္းအိပ္မရခဲ့ဘူး”လို႔ေျပာထားပါတယ္။

ၿပီးတဲ့ေနာက္ သူ႔ရဲ႕ Follower ေတြကိုလည္း “စိတ္ခ်ပါ ကြၽန္ေတာ္အိမ္မွာ ေအးေဆးပါပဲ လုံၿခဳံပါတယ္ ကြၽန္ေတာ့္ကိုစိတ္ပူေပးတဲ့အတြက္လည္း အားလုံးကိုေက်းဇူးတင္တယ္”လို႔ ထပ္ေျပာထားပါတယ္။

ဒီဗီဒီယိုေၾကာင့္ reubix_cube ဟာ အခုခ်ိန္မွာေတာ့ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကိုခံေနရၿပီး ကြန္မန႔္မွာေမးေနတဲ့ ေမးခြန္းေတြကို ေျဖၾကားေပးလ်က္ရွိပါတယ္။

Unicode

TIK TOK ကစားသူတစ်ယောက်ရဲ့ ဗီဒီယိုထဲမှာ သရဲပုံရိပ်ပါလာတာကြောင့်ကြည့်ရှုသူများထိပ်လန့်ခဲ့ရ

အိမ်မှာတစ်‌ယောက်တည်း ရှိနေတဲ့အချိန်မှာ Tik Tok ကစားနေသူတစ်ယောက်ရဲ့ ဗီဒီယိုထဲတွင် အနောက်ဘက် လှေကားထိပ်မှာ တစ်စုံတစ်ခု ရုတ်တရက်ပေါ်လာတာကို Tik Tok အသုံးပြုသူတွေက သတိထားမိခဲ့ပါတယ်။

ဗီဒီယိုမှာ ပါလာတဲ့ ထိုပုံရိပ်တစ်ခုကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လူအများဟာ မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် နိုင်ငံအတော်များများရှိလူများဟာ အိမ်တွင်သာနေထိုင်နေရပြီး ပျင်းရိတာတွေကို ပြေပျောက်စေဖို့ Tik Tok ဗီဒီယိုတွေဖန်တီးပြီး ပျော်စရာတွေရှာဖွေနေကြတာပါ။

ထိုထဲကမှ Tik Tok အသုံးပြုသူ @reubix_cube က Doja Cat ၏ Say So ဆိုတဲ့သီချင်းနဲ့ ကနေတဲ့ ဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။ ထိုဗီဒီယိုထဲက အနောက်လှေကားမှာတော့ ထူးခြားတာတစ်ခု ပါလာခဲ့ပါတယ်။

သူရဲ့ Tik Tok ဗီဒီယိုထဲက ခေါင်းစဉ်ကိုတော့ “ငါ့တစ်ယောက်ထဲအိမ်မှာရှိတဲ့ အတွက် အကြိုက်ဆုံး Doja ရဲ့ သီချင်းလေးနဲ့ ကနေတယ်”လို့ ရေးထားပါတယ်။ထိုဗီဒီယိုကြောင့် reubix_cube ဟာ အိမ်မှာတစ်ယောက်တည်းရှိတာ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

သူရဲ့စက္ကန့်အနည်းငယ်သာကြာသော ထိုဗီဒီယိုထဲမှာတော့ အနောက်ဘက်လှေကားထိပ်ကနေ တစ်စုံတစ်ခုက သူ က နေတာကို ချောင်းကြည့်နေတဲ့ပုံကို မျက်စိလျင်တဲ့ Tik Tok အသုံးပြုသူတစ်ယောက်က သတိထားမိခဲ့ပါတယ်။

ကြည့်ရှုသူတစ်ဦးကတော့ “ ဒီဗီဒီယိုကြည့်လိုက်တာ အတော်ကို လန့်သွားတာပဲ၊ တစ်ယောက်ယောက်က သူအနောက်ကနေ ကြည့်နေတာလေ၊ ခေါင်းစဉ်မှာက တစ်ယောက်ထဲရှိတယ်လို့ ရေးထားတာကို”လို့မှတ်ချက်ပေးခဲ့ပါတယ်။

နောက်တစ်ဦးကတော့ “ အကုန်လုံးတွေ့ကြရဲ့လား သူ့အနောက်ကဟာကို”လို့ရေးထားပါတယ်။ ပြီးတဲ့နောက်မှာတော့ Tik Tok အသုံးပြုသူတွေအကြားမှာ ဒီအရာဟာ သရဲ အစစ်မှန်

ဟုတ်မဟုတ် ကို အငြင်းပွားလာခဲ့ကြပါတယ်။ ကွန်မန့်ပေးသူတစ်ဦးကတော့ “ Bro အနေနဲ့ ရဲ ကိုခေါ်ပြီးအိမ်ကိုရှာဖွေသင့်တယ်”လို့ ရေးထားပါတယ်။

ဗီဒီယိုကိုတင်ခဲ့တဲ့ reubix_cube ကတော့ “ခင်ဗျားတို့ပြောပြမှ ကျွန်တော်လည်းတော်တော်လန့်သွားတယ် ၊ အခုတော့ ကျွန်တော်အစာအိမ်နာနေတယ် မနေ့ညက တစ်ညလုံး ကောင်းကောင်းအိပ်မရခဲ့ဘူး”လို့ပြောထားပါတယ်။

ပြီးတဲ့နောက် သူ့ရဲ့ Follower တွေကိုလည်း “စိတ်ချပါ ကျွန်တော်အိမ်မှာ အေးဆေးပါပဲ လုံခြုံပါတယ် ကျွန်တော့်ကိုစိတ်ပူပေးတဲ့အတွက်လည်း အားလုံးကိုကျေးဇူးတင်တယ်”လို့ ထပ်ပြောထားပါတယ်။

ဒီဗီဒီယိုကြောင့် reubix_cube ဟာ အခုချိန်မှာတော့ လူအများရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပြီး ကွန်မန့်မှာမေးနေတဲ့ မေးခွန်းတွေကို ဖြေကြားပေးလျက်ရှိပါတယ်။