
Zawgyi







Unicode

မွေးလူနာကိုဆေးရုံပို့နေချိန်မှာပဲ ကားပေါ်မှာတင် ကလေးမွေးသွားတာကြောင့် မျက်ရည်ကျတဲ့ထိ ပျော်နေခဲ့တဲ့ ဒိန်းဒေါင်ရဲ့ဗီဒီယို

အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရဆိုတဲ့စကားလေးအတိုင်းပဲ ပရဟိတလုပ်နေသူတွေ အတွက် ပုံစံမျိုးစုံ ပြဿနာမျိုးစုံ ပျော်စရာတွေ ဝမ်းနည်းစရာတွေအမျိုးမျိုး ကြုံရဆုံရ ပါတယ်။

ဒီတစ်ခေါက်မှာလည်း ကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့ မွေးလူနာကို ကားပေါ်တင်ပြီး ဆေးရုံပို့ပေးနေချိန်လေးကို လမ်းမှာတင်ကလေးမွေးသွားခဲ့တာဖြစ်ပါတယ်။

ကလေးမွေးဖွားဖို့အတွက်တော့ ချွန်တွန်းပရဟိတသမားတွေက ကူညီပေးခဲ့ပြီး ဒီလိုမွေးသွားတဲ့ ကလေးလေးကြောင့်ပဲ ဒိန်းဒေါင်တစ်ယောက် အပျော်ကြီးပျော်နေခဲ့ပါတယ်။ များသောအားဖြင့် ဒီလိုမွေးကြတာကို လပ်ကီးကောင်းတယ်လို့ တော်တော်များများက ယူဆကြပါတယ်။

ကျန်းကျန်းမာမာနဲ့ လူ့လောကထဲရောက်လာတဲ့ကလေးလေးကြောင့်လည်း အားလုံး ပင်ပန်းရကျိုးနပ်ခဲ့ပါတယ်။ဒီအမှတ်တရလေးတွေကို ” ချွန်တွန်းတို့ရဲ့ Lucky နတ်သမီးလေးတစ်ပါး ကားပေါ်မှာ မွေးဖွားခြင်း ကျွန်တော်တို့ပရဟိတအသင်း အဖွဲ့လေးရဲ့ကားပေါ်မှာ ထူးထူးခြားခြား ပထမဆုံး မွေးဖွားခြင်းအတွက်

ဝမ်းသာပီတိမျက်ရည်ကျမိပါတယ်ဗျာ (၇) ရက် သားသမီး များအားလုံးနှင့်အလှုရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါသည် ခင်ဗျာ ” ဆိုပြီး ဒိန်းဒေါင်က ဝေမျှခဲ့ပါတယ်။