
Zawgyi







Unicode

ဒီဘဝအပြစ် ဝဋ်ကြွေးတွေအကုန်ကြေပြီး အေးချမ်းပါရစေဆိုတဲ့ မယ်လိုဒီ

Single Mother အဖြစ်နဲ့ ရပ်တည်နေပြီဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီဟာ သူမ ဝါသနာပါတဲ့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ ကုန်ပစ္စည်းအချို့ကိုလည်း ရောင်းချနေခဲ့ပါတယ်။

တစ်ကိုယ်တည်းအမျိုးသမီးတစ်ယောက်ဖြစ်သွားတာ မို့ သူမရဲ့ မက်စေ့ဘောက်မှာ သူမကိုသနားကြောင်းနဲ့ လက်ထပ်ချင်ကြောင်းလာပြောကြတဲ့ အမျိုးသားတွေ မနည်းမနောပါပဲ။

ဒီအမျိုးသားတွေကိုတော့ သူမက ဒီလိုပြောနေမယ့်အစား သူမ ရောင်းတာလေးတွေအားပေးဖို့ နဲ့ ဒီလိုအားပေးလိုက်ရင်လည်း သူမအတွက်အဆင်ပြေသွားမှာမို့ ကူညီရာရောက်တဲ့အကြောင်း ရှင်းပြပြီးပညာသားပါပါ ငြင်းလွှတ်ခဲ့ပါတယ်။

သားလေးရဲ့ဘဝကို လည်း အကောင်းဆုံးပျိုးထောင်မယ့် မေမေအဖြစ်နဲ့ သူမက ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ပါတယ်။ဒီနေ့မှာလည်း သူမရဲ့ခံစားချက်တွေကို ” မမြဲခြင်းတရားတွေထဲရထားတဲ့ တရားလေးတော့ မြဲချင်တယ်

ကူကယ်ရာ ဘုရား တရား သံဃာ မိဘ ဆရာသမားသာရှိတာမို့ ဒီဘဝအပြစ် ဝဋ်ကြွေးကျေပါစေတော့ အေးချမ်းပါရစေ အေးချမ်းပါစေ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ အမြန်ဆုံး အဆင်ပြေပါစေမျိုးရေ။