
Zawgyi








Unicode

အချစ်ရေးနဲ့ပတ်သက်ပြီး အကြံတောင်းလာတဲ့သူကို ခပ်ကြမ်းကြမ်းဥပမာပေးကာ အကြံပြုလိုက်တဲ့ ဇင်အောင်

ပရိသတ်ကြီးရေ MRTV-4 ကအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ဇင်အောင်ကတော့ Let’s talk အစီစဉ်နဲ့ The Model Academy အစီစဉ်တို့နဲ့ လူသိများတဲ့သူတစ်ယောက်ပါ ။

ဇင်အောင်က သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ခံစားချက်စာသားလေးတွေကိုလူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲလိုလိုမျှဝေပေးနေတဲ့သူတစ်ယောက်ပါ ။

လတ်တလောမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အကြံလာတောင်းတဲ့သူတစ်ယောက် ကိုစကားလုံးကြမ်းကြမ်းတွေနဲ့ နားဝင်အောင် အကြံပေးလိုက်တဲ့အကြောင်းပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဇင်အောင်တစ်ယောက် သူ့ကိုရင်လာဖွင့်တဲ့သူကDating တွေအရမ်းလုပ်တတ်တဲ့ အတွက် ခွင့်လွှတ်ပြီး တွဲရမလားဆိုတဲ့ အကြံကိုတောင်းခဲ့ပြီးဇင်အောင်ကတော့ ပြည့်တန်ဆာ နဲ့ချစ် နေတာကမှ ကော်မရှင်ရဦးမယ်လို့ တစ်ခွန်းထဲအကြံပေးလိုက်ပါတယ်တဲ့ပရိသတ်ကြီးရေ ..။

စကားက နားဝင်ဆိုးစေပေမယ့်လည်း တဖက်က နားဝင်သွားပြီး ဇင်အောင် ကသူပေးတဲ့ အကြံ ကြောင့် လွတ်ကျွတ်သွားတဲ့အတွက် .ကျေနပ်ပါတယ်လို့လည်းရေးသားဖော်ပြထားပါတယ် ။

The Model Academy မှာ ခပ်ကြမ်းကြမ်းComment တွေပေးခဲ့ဒိုင်တစ်ယောက် ဆိုတဲ့အတိုင်း အပြောမချိုပေမယ့်တဖက်ကတော့ နားဝင်သွားခဲ့ပါတယ် ပရိသတ်ကြီးရေ ..။