Supermarketရဲ႕ နံရံနဲ႔အေအးခန္းေသတၱာၾကားထဲမွာ ပိတ္မိေနတဲ့အမ်ိဳးသားကို 10ႏွစ္ၾကာမွေတြ႔႐ွိခဲ့
Zawgyi
Supermarketရဲ႕ နံရံနဲ႔အေအးခန္းေသတၱာၾကားထဲမွာ ပိတ္မိေနတဲ့အမ်ိဳးသားကို 10ႏွစ္ၾကာမွေတြ႔႐ွိခဲ့
အေမရိကန္ျပည္ေထာင္စု Lowaျပည္နယ္ ၊ Council Bluffs ၿမိဳ႕ရဲ႕ Supermark အေဟာင္းတစ္ခုမွာ႐ွိတဲ့ စင္ေတြနဲ႔ အေအးခန္းေသတၱာေတြကိုေရႊ႔ေျပာင္းလိုက္တဲ့အခ်ိန္မွာ အလုပ္သမားမ်ားဟာ နံရံနဲ႔ အေအးခန္းေသတၱာၾကားထဲမွာပိတ္မိေနတဲ့ အေလာင္းကိုအံ့ၾသထိတ္လန္႔စြာေတြ႔႐ွိခဲ့ၾကပါတယ္ ။
အေလာင္းမွာ Larry Ely Murillo-Moncada အမည္႐ွိအမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၊ အဆိုပါSupermarket၏ ဝန္ထမ္းေဟာင္းတစ္ဦးျဖစ္ကာ ၊ 2009ခုႏွစ္ ႏိုဝင္ဘာလ8ရက္ေန႔ကတည္းက ေပ်ာက္ဆံုးေနေၾကာင္းေၾကညာထားသူျဖစ္ပါတယ္။
စံုစမ္းစစ္ေဆးသူမ်ား၏ထုတ္ျပန္ခ်က္အရ ၎အမ်ိဳးသား၏မိဘမ်ားႏွင့္လည္းDNAတိုက္စစ္ေဆးခဲ့ၿပီး ၊ မိဘမ်ားကလည္း ၎အမ်ိဳးသားေပ်ာက္ဆံုးသြားခ်ိန္မွာတိုင္ၾကားထားသည့္အဝတ္အစားပံုစံမ်ားႏွင့္လည္း ကိုက္ညီမႈ႐ွိေၾကာင္းအတည္ျပဳေပးခဲ့ပါတယ္။
2009ခုႏွစ္မွာေတာ့ Larry၏မိဘမ်ားက သားျဖစ္သူ အသက္25ႏွစ္ဟာ မိဘမ်ားႏွင့္ကေတာက္ကဆျဖစ္ၿပီး အိမ္ေပၚမွဆင္းသြားေၾကာင္း ရဲဌာနသို႔တိုင္ၾကားထားခဲ့ပါတယ္။
စံုစမ္းစစ္ေဆးသူမ်ား၏ေကာက္ႏုတ္ခ်က္အရ Larry ဟာအဆိုပါေန႔မွာ သူအလုပ္လုပ္ေနတဲ့Supermarket သို႔သြားခဲ့ၿပီး ၊ ေရခဲေသတၱာတစ္ခုေပၚသို႔တက္ေရာက္သြားခဲ့ပါတယ္ ။
၎ေနရာကေတာ့ မ်ားေသာအားျဖင့္ဝန္ထမ္းေတြဟာ တိတ္တဆိတ္ပုန္းၿပီးအနားယူေလ့႐ွိေသာေနရာ ျဖစ္ပါတယ္။လူအမ်ားစုယံုၾကည္ၾကတာကေတာ့ Larry ဟာနံရံနဲ႔ အေအးခန္းေသတၱာ၏အေနာက္ဖက္ၾကား 18လက္မအက်ယ္သာ႐ွိတဲ့အေပါက္ထဲသို႔က်သြားကာ
ညပ္ေနၿပီး ကိုယ္တိုင္ႀကိဳးစား႐ုန္းထြက္ခဲ့ေပမဲ့လည္းမေအာင္ျမင္ဘဲ၊ အဆိုးဆံုးမွာေတာ့ အေအးခန္းေသတၱာ၏ဖိသိပ္စက္မွာက်ယ္ေလာင္လြန္းတဲ့အတြက္ သူ၏အကူအညီေတာင္းသံကိုမည္သူမွ မၾကားႏိုင္ခဲ့ျခင္းသာျဖစ္ပါတယ္။
ကံမေကာင္းစြာနဲ႔ပဲ Larry ဟာေသဆံုးတဲ့အခ်ိန္ထိ အေအးခန္းေသတၱာအေနာက္ထဲမွာ ညပ္ေနခဲ့ျခင္းျဖစ္ပါတယ္ ။အေလာင္းကို 10ႏွစ္အၾကာမွာေတြ႔႐ွိခဲ့ေပမဲ့ ဒဏ္ရာဒဏ္ခ်က္ေတြကိုမေတြ႔႐ွိခဲ့တဲ့အတြက္ မေတာ္တဆေသဆံုးမႈအျဖစ္သာေကာက္ခ်က္ခ်ခဲ့ၾကပါတယ္ ။
Jasmine (Mckzone Daily)Source: worldofbuzz
Unicode
Supermarketရဲ့ နံရံနဲ့အအေးခန်းသေတ္တာကြားထဲမှာ ပိတ်မိနေတဲ့အမျိုးသားကို 10နှစ်ကြာမှတွေ့ရှိခဲ့
အမေရိကန်ပြည်ထောင်စု Lowaပြည်နယ် ၊ Council Bluffs မြို့ရဲ့ Supermark အဟောင်းတစ်ခုမှာရှိတဲ့ စင်တွေနဲ့ အအေးခန်းသေတ္တာတွေကိုရွှေ့ပြောင်းလိုက်တဲ့အချိန်မှာ အလုပ်သမားများဟာ နံရံနဲ့ အအေးခန်းသေတ္တာကြားထဲမှာပိတ်မိနေတဲ့ အလောင်းကိုအံ့သြထိတ်လန့်စွာတွေ့ရှိခဲ့ကြပါတယ် ။
အလောင်းမှာ Larry Ely Murillo-Moncada အမည်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ၊ အဆိုပါSupermarket၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကာ ၊ 2009ခုနှစ် နိုဝင်ဘာလ8ရက်နေ့ကတည်းက ပျောက်ဆုံးနေကြောင်းကြေညာထားသူဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးသူများ၏ထုတ်ပြန်ချက်အရ ၎င်းအမျိုးသား၏မိဘများနှင့်လည်းDNAတိုက်စစ်ဆေးခဲ့ပြီး ၊ မိဘများကလည်း ၎င်းအမျိုးသားပျောက်ဆုံးသွားချိန်မှာတိုင်ကြားထားသည့်အဝတ်အစားပုံစံများနှင့်လည်း ကိုက်ညီမှုရှိကြောင်းအတည်ပြုပေးခဲ့ပါတယ်။
2009ခုနှစ်မှာတော့ Larry၏မိဘများက သားဖြစ်သူ အသက်25နှစ်ဟာ မိဘများနှင့်ကတောက်ကဆဖြစ်ပြီး အိမ်ပေါ်မှဆင်းသွားကြောင်း ရဲဌာနသို့တိုင်ကြားထားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူများ၏ကောက်နုတ်ချက်အရ Larry ဟာအဆိုပါနေ့မှာ သူအလုပ်လုပ်နေတဲ့Supermarket သို့သွားခဲ့ပြီး ၊ ရေခဲသေတ္တာတစ်ခုပေါ်သို့တက်ရောက်သွားခဲ့ပါတယ် ။
၎င်းနေရာကတော့ များသောအားဖြင့်ဝန်ထမ်းတွေဟာ တိတ်တဆိတ်ပုန်းပြီးအနားယူလေ့ရှိသောနေရာ ဖြစ်ပါတယ်။လူအများစုယုံကြည်ကြတာကတော့ Larry ဟာနံရံနဲ့ အအေးခန်းသေတ္တာ၏အနောက်ဖက်ကြား 18လက်မအကျယ်သာရှိတဲ့အပေါက်ထဲသို့ကျသွားကာ
ညပ်နေပြီး ကိုယ်တိုင်ကြိုးစားရုန်းထွက်ခဲ့ပေမဲ့လည်းမအောင်မြင်ဘဲ၊ အဆိုးဆုံးမှာတော့ အအေးခန်းသေတ္တာ၏ဖိသိပ်စက်မှာကျယ်လောင်လွန်းတဲ့အတွက် သူ၏အကူအညီတောင်းသံကိုမည်သူမှ မကြားနိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ပဲ Larry ဟာသေဆုံးတဲ့အချိန်ထိ အအေးခန်းသေတ္တာအနောက်ထဲမှာ ညပ်နေခဲ့ခြင်းဖြစ်ပါတယ် ။အလောင်းကို 10နှစ်အကြာမှာတွေ့ရှိခဲ့ပေမဲ့ ဒဏ်ရာဒဏ်ချက်တွေကိုမတွေ့ရှိခဲ့တဲ့အတွက် မတော်တဆသေဆုံးမှုအဖြစ်သာကောက်ချက်ချခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Source: worldofbuzz