အေမေရာ အေဖေရာ အဖြား ပါ ေသဆုံးသြားလို႔တစ္ေယာက္ထဲ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားေနတဲ့ ၁၀ ႏွစ္ကေလး
Zawgyi
အေမေရာ အေဖေရာ အဖြား ပါ ေသဆုံးသြားလို႔တစ္ေယာက္ထဲ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားေနတဲ့ ၁၀ ႏွစ္ကေလး
ဘဝမွာ ေဆြမ်ိဳးမိဘမရွိဘဲ တစ္ေယာက္တည္းရပ္တည္ဖို႔ ဆိုတာ တကယ္ေတာ့မလြယ္ပါဘူး…..ဒါေပမဲ့ ခုေျပာျပမဲ့ အျဖစ္အပ်က္ေလးထဲက အသက္ ၁၀ ႏွစ္သာရွိေသးတဲ့ ကေလးငယ္ဟာ တစ္ေယာက္တည္းဘဝကို ရပ္တည္ျဖတ္သန္းေနရတာပါ
ငယ္စဥ္ကတည္းက အေမျဖစ္သူက ဆုံးပါးသြားတာျဖစ္ၿပီး အေဖကလည္း ေဆာက္လုပ္ေရးအလုပ္သမားတစ္ေယာက္အျဖစ္ အေဝးမွာ အလုပ္လုပ္ေနရသူပါ
ငယ္စဥ္ကတည္းက မိဘနဲ႔ခြဲေနရတဲ့ Dang Van Khuyen ေလးဟာ ဖခင္ျဖစ္သူအလုပ္လုပ္ၿပီး ပို႔ေပးတဲ့ ပိုက္ဆံနဲ႔ အဘြားျဖစ္သူနဲ႔အတူ ဘဝကိုျဖတ္သန္းေနရရွာတာပါ
ဒါေပမဲ့ ခုခ်ိန္မွာေတာ့ ကံမေကာင္းစြာနဲ႔ပဲ အဘြားျဖစ္သူဟာ လူႀကီးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီး အေဖျဖစ္သူကလည္း လုပ္ငန္းခြင္မေတာ္တဆမႈေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္
ဒါေၾကာင့္ Dang Van Khuyen ေလးဟာ ေဆြမရွိမ်ိဳးမရွိျဖစ္သြားရရွာပါတယ္…တစ္ေကာင္ႂကြက္ျဖစ္သြားတဲ့ ကေလးဟာဘဝကို အရႈံးေပးစိတ္ပ်က္အားငယ္ခ်င္းမရွိဘဲ အသီးအ႐ြက္ေတြစိုက္ပ်ိဳးေရာင္းခ်ကာ
တစ္ဦးတည္းရပ္တည္ေနရင္း ေက်ာင္းဆက္တက္ေနခဲ့ပါတယ္သူ႔ရဲ႕ ဆရာက ခုလိုအျဖစ္အပ်က္ေလးကို လူမႈကြန္ရက္စာမ်က္ႏွာေပၚ ျဖန႔္ေဝကူညီေပးခဲ့တာေၾကာင့္ Dang Van Khuyen အေၾကာင္းလူသိမ်ားလာၿပီး
ေမြးစားခ်င္သူေတြ ရွိလာခဲ့ပါတယ္ဒါေပမဲ့ Dang Van Khuyen ေလးဟာ ဘယ္သူ႔အကူအညီကိုမွ မယူဘဲ တစ္ေယာက္တည္းဆက္လက္ရပ္တည္ခဲ့ပါတယ္…
အစိုးရနဲ႔ ေက်ာင္းကလည္း ေမြးစားမယ့္သူေတြ ရွာေပးေပမယ့္ လက္မခံခဲ့ပါဘူးခုေတာ့ ကေလးေလးဟာ တစ္ေယာက္တည္း စိုက္ပ်ိဳးေရးလုပ္လိုက္ ေက်ာင္းတက္လိုက္နဲ႔ဘဝကို တစ္ေယာက္တည္း ျဖတ္သန္းေနရွာပါတယ္
တကယ့္ကို ေၾကကြဲဖြယ္ေကာင္းတဲ့သတင္းေလးျဖစ္သလို တစ္ဖက္ကၾကည့္ရင္လည္း ၁၀ ႏွစ္သားကေလးတစ္ေယာက္ရဲ႕ဘဝကို တစ္ဦးတည္း ရဲရဲရင့္ရင့္ရင္ဆိုင္ရဲတဲ့ သတၱိကေတာ့ ေလးစားခ်ီးက်ဳးဖြယ္ေကာင္းပါတယ္။
ခရက္ဒစ္
Unicode
အမေရော အဖေရော အဖွား ပါ သေဆုံးသွားလို့တစ်ယောက်ထဲ ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့ ၁၀ နှစ်ကလေး
ဘဝမှာ ဆွေမျိုးမိဘမရှိဘဲ တစ်ယောက်တည်းရပ်တည်ဖို့ ဆိုတာ တကယ်တော့မလွယ်ပါဘူး…..ဒါပေမဲ့ ခုပြောပြမဲ့ အဖြစ်အပျက်လေးထဲက အသက် ၁၀ နှစ်သာရှိသေးတဲ့ ကလေးငယ်ဟာ တစ်ယောက်တည်းဘဝကို ရပ်တည်ဖြတ်သန်းနေရတာပါ
ငယ်စဉ်ကတည်းက အမေဖြစ်သူက ဆုံးပါးသွားတာဖြစ်ပြီး အဖေကလည်း ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်အဖြစ် အဝေးမှာ အလုပ်လုပ်နေရသူပါ
ငယ်စဉ်ကတည်းက မိဘနဲ့ခွဲနေရတဲ့ Dang Van Khuyen လေးဟာ ဖခင်ဖြစ်သူအလုပ်လုပ်ပြီး ပို့ပေးတဲ့ ပိုက်ဆံနဲ့ အဘွားဖြစ်သူနဲ့အတူ ဘဝကိုဖြတ်သန်းနေရရှာတာပါ
ဒါပေမဲ့ ခုချိန်မှာတော့ ကံမကောင်းစွာနဲ့ပဲ အဘွားဖြစ်သူဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူကလည်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်
ဒါကြောင့် Dang Van Khuyen လေးဟာ ဆွေမရှိမျိုးမရှိဖြစ်သွားရရှာပါတယ်…တစ်ကောင်ကြွက်ဖြစ်သွားတဲ့ ကလေးဟာဘဝကို အရှုံးပေးစိတ်ပျက်အားငယ်ချင်းမရှိဘဲ အသီးအရွက်တွေစိုက်ပျိုးရောင်းချကာ
တစ်ဦးတည်းရပ်တည်နေရင်း ကျောင်းဆက်တက်နေခဲ့ပါတယ်သူ့ရဲ့ ဆရာက ခုလိုအဖြစ်အပျက်လေးကို လူမှုကွန်ရက်စာမျက်နှာပေါ် ဖြန့်ဝေကူညီပေးခဲ့တာကြောင့် Dang Van Khuyen အကြောင်းလူသိများလာပြီး
မွေးစားချင်သူတွေ ရှိလာခဲ့ပါတယ်ဒါပေမဲ့ Dang Van Khuyen လေးဟာ ဘယ်သူ့အကူအညီကိုမှ မယူဘဲ တစ်ယောက်တည်းဆက်လက်ရပ်တည်ခဲ့ပါတယ်…
အစိုးရနဲ့ ကျောင်းကလည်း မွေးစားမယ့်သူတွေ ရှာပေးပေမယ့် လက်မခံခဲ့ပါဘူးခုတော့ ကလေးလေးဟာ တစ်ယောက်တည်း စိုက်ပျိုးရေးလုပ်လိုက် ကျောင်းတက်လိုက်နဲ့ဘဝကို တစ်ယောက်တည်း ဖြတ်သန်းနေရှာပါတယ်
တကယ့်ကို ကြေကွဲဖွယ်ကောင်းတဲ့သတင်းလေးဖြစ်သလို တစ်ဖက်ကကြည့်ရင်လည်း ၁၀ နှစ်သားကလေးတစ်ယောက်ရဲ့ဘဝကို တစ်ဦးတည်း ရဲရဲရင့်ရင့်ရင်ဆိုင်ရဲတဲ့ သတ္တိကတော့ လေးစားချီးကျုးဖွယ်ကောင်းပါတယ်။