Zawgyi
Unicode
“ကျန်းမာရေး စစ်ဆေးချက် မပါဘဲ လူတစ်ဦးကို (၂) သောင်းနှုန်းနဲ့ လူ(၂၅) ဦး ခိုးတင်လာ သော ကားကို ဖမ်းမိ”
စစ်တောင်း တံတားမှ ကျမ္မာရေး စစ်ဆေးချက် မပါဘဲ တစ်ဦးလျှင် ၂ သောင်းကျပ် နှုန်းဖြင့်ပေးဆောင်ကာ Faw Car ဖြင့် သယ်ဆောင် လာသူ များအား စစ်ဆေးတွေ့ရှိ ခဲ့ပါတယ်။
(21.11.2020) ည(၈)နာရီတွင် မွန်ပြည်နယ် သထုံ မြို့ သိမ်ကုန်း ရပ်ကွက် နတ်စင်လမ်းတွင် စစ်တောင်းတံတားမှ ကျန်းမာရေး စစ်ဆေးချက် မပါပဲ တဦးကို(၂သောင်း) နှုန်းဖြင့် ပေးဆောင်ကာ
faw ကားဖြင့် ခိုး၍ တင်ဆောင်ကာ စစ်တောင်းအကျော်တွင် ကန်တာယာဉ် တစီးဖြင့်ချိန်းကာ မွန်ပြည်နယ် အတွင်းသို့ ဝင်ရောက် လာပါသည်။ဘားအံမြို့သို့ အုတ်ဖိုသွားရန် ဖြစ်သည်ဟုသိရ။
သထုံသို့ အရောက် နတ်စင်လမ်းတွင် အတွဲကား တစီးဖြင့် ဆက်၍ ကားချိန်းကာ ရပ်ကွက်နေ ပြ ည်သူများမှ တွေ့ရှိ၍ သက်တန့်ရောင်စဉ် သို့ အ ကူညီ လှမ်းတောင်းသဖြင့် ဖြစ်စဉ်အား
ကြည့်ရှုရာမှန်ကန်မှု ရှိသည့်တွက် မြို့နယ် အုပ်ချုပ်ရေး မှူး သထုံခရိုင် ရဲတပ်ဖွဲ့ လွှတ်တော်ကိုယ် စားလှ ယ်တို့အား ဆက်သွယ်၍ ပူးပေါင်း တိုင်ပင်ကြရာ
ကရင်ပြည်နယ် ဘက်ခြမ်းမှ လဲဝင်ရောက်ခွင့်မပြုသည့်အတွက် ကျွန်တော်တို့ မြို့တွင်လဲ ထားရန်မဖြစ် ထို့ကြောင့် စစ်တောင်း တံတားထိပ်သို့ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ ကြသည်။
ပို့ဆောင် ရာ တွင် ခိုးဝင်(၂၅)ဦးအား သက်တန့် ရောင်စဉ်အသင်းမှ ကန်တာယာဉ်တစီး မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှတစီး သထုံခရိုင် ရဲတပ်ဖွဲ့မှ ပွိုင့်ကား တစီးတို့ဖြင့် ည(၉)နာရီ အချိန်တွင် စစ်တောင်းသို့ ပြန် လည်ပို့ဆောင် လိုက်ပြီ ဖြစ်ပါသည်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသန်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်။Credit ကောင်းခန့်