နကၡတ္မ်ားႏွင့္ အင္းသားရိုးရာတက္တူး

Zawgyi

နကၡတ္ မ်ားႏွင့္ အင္းသားရိုးရာ တက္တူး

သူ႔နာမည္က ဦးေက်ာ္စိုး
အသက္အားျဖင့္၆၅ႏွစ္ရွိတဲ့

အင္းသားရိုးရာတက္တူးသမားႀကီး
သူ႔ရဲ့အေဖလက္သမားဆရာႀကီးဦးေမာင္ဆီကေန

အင္းသားရိုးရာတက္တူးပညာကို
ညီအကို ႏွစ္ေယာက္ကပညာအေမြရခဲ့တာပါ

ေရွးေခတ္ကဆိုဒီပညာရပ္နဲ႔
ဖန္တီးတဲ့ေဆးမင္ေၾကာင္ဆိုတာ

တကယ့္ကိုအစြမ္းထက္တဲ့လက္နက္အျဖစ္
ကိုယ့္ကိုယ္ကိုကာကြယ္မူ႔အေနနဲ႔

ကိုးကြယ္ယုံၾကည္ထိုးခဲ့ၾကတာျဖစ္တယ္
ေယာက်ာ္းပီသျခင္းရဲ့႐ုပ္သြင္

တစ္ခုအျဖစ္လည္းဂုဏ္ယူဝင့္ႂကြားၾကတာမဟုတ္လား
ပီယေဆးအျဖစ္ထိုးခ်င္သူေတြကလည္း

အဝင္နကၡတ္ၾကဳံတဲ့ေန႔ေနကိုၾကည့္ပီးအစီအရင္နဲ႔
ထိုးခဲ့ ၾကတာတဲ့

ကာယအတြက္ကေတာ့အထြက္နကၡတ္ေကာင္းအၾကဳံကို
ေစာင့္ထိုးရတယ္လို့ဆရာ့ဆီကသိခြင့္ရခဲ့ပါတယ္

တန္ေဆာင္မုန္းလျပည့္ညသန္းေခါင္ယံအခ်ိန္ကေတာ့
နကၡတ္အစုံဆုံးအခ်ိန္ပါတဲ့

ယခုဦးေက်ာ္စိုးလက္ထက္မွာေတာ့ အေဖရဲ့
အင္းသားရိုးရာတက္တူးပညာရပ္ကို

(၄၇ႏွစ္) တိုင္ေအာင္ဆက္လက္ထိန္းသိမ္းထားရွိရင္း
ေရးထိုးေပးေနဆဲပါ

နိုင္ငံရပ္ျခားကနိုင္ငံျခားသားမ်ားပါ
ျမန္မာျပည္ကအင္းသားလူမ်ိဳးတက္တူးဆရာႀကီးရဲ့

လက္ရာေတြကိုအျမတ္တနိုးလာေရာက္အားေပးၾကရတဲ့
လက္မူ႔အႏုပညာရွင္ႀကီးအေၾကာင္းကို

ဂုဏ္ယူစြာေဖာ္ျပေပးလိုက္ပါတယ္ဗ်ား
ဆရာေက်ာ္စိုးကန္သာရပ္ ( ၅ကြက္)
ေညာင္ေရႊၿမိဳ့09250862414
CRD ::: ​ေညာင္ေရႊမွတ္စု

Unicode

နက္ခတ် များနှင့် အင်းသားရိုးရာ တက်တူး

သူ့နာမည်က ဦးကျော်စိုး
အသက်အားဖြင့်၆၅နှစ်ရှိတဲ့

အင်းသားရိုးရာတက်တူးသမားကြီး
သူ့ရဲ့အဖေလက်သမားဆရာကြီးဦးမောင်ဆီကနေ

အင်းသားရိုးရာတက်တူးပညာကို
ညီအကို နှစ်ယောက်ကပညာအမွေရခဲ့တာပါ

ရှေးခေတ်ကဆိုဒီပညာရပ်နဲ့
ဖန်တီးတဲ့ဆေးမင်ကြောင်ဆိုတာ

တကယ့်ကိုအစွမ်းထက်တဲ့လက်နက်အဖြစ်
ကိုယ့်ကိုယ်ကိုကာကွယ်မူ့အနေနဲ့

ကိုးကွယ်ယုံကြည်ထိုးခဲ့ကြတာဖြစ်တယ်
ယောကျာ်းပီသခြင်းရဲ့ရုပ်သွင်

တစ်ခုအဖြစ်လည်းဂုဏ်ယူဝင့်ကြွားကြတာမဟုတ်လား
ပီယဆေးအဖြစ်ထိုးချင်သူတွေကလည်း

အဝင်နက္ခတ်ကြုံတဲ့နေ့နေကိုကြည့်ပီးအစီအရင်နဲ့
ထိုးခဲ့ ကြတာတဲ့

ကာယအတွက်ကတော့အထွက်နက္ခတ်ကောင်းအကြုံကို
စောင့်ထိုးရတယ်လို့ဆရာ့ဆီကသိခွင့်ရခဲ့ပါတယ်

တန်ဆောင်မုန်းလပြည့်ညသန်းခေါင်ယံအချိန်ကတော့
နက္ခတ်အစုံဆုံးအချိန်ပါတဲ့

ယခုဦးကျော်စိုးလက်ထက်မှာတော့ အဖေရဲ့
အင်းသားရိုးရာတက်တူးပညာရပ်ကို

(၄၇နှစ်) တိုင်အောင်ဆက်လက်ထိန်းသိမ်းထားရှိရင်း
ရေးထိုးပေးနေဆဲပါ

နိုင်ငံရပ်ခြားကနိုင်ငံခြားသားများပါ
မြန်မာပြည်ကအင်းသားလူမျိုးတက်တူးဆရာကြီးရဲ့

လက်ရာတွေကိုအမြတ်တနိုးလာရောက်အားပေးကြရတဲ့
လက်မူ့အနုပညာရှင်ကြီးအကြောင်းကို

ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါတယ်ဗျား
ဆရာကျော်စိုးကန်သာရပ် ( ၅ကွက်)
ညောင်ရွှေမြို့09250862414
CRD ::: ညောင်ရွှေမှတ်စု