႐ုရွား၌ ကိုဗစ္ကပ္ေဘး ဆိုးဆိုး႐ြား႐ြား ရင္ဆိုင္ေနရ ရင္ခြဲ႐ုံမ်ား၌ လူေသေလာင္းမ်ား စုပုံေန
Zawgyi
႐ုရွား၌ ကိုဗစ္ကပ္ေဘး ဆိုးဆိုး႐ြား႐ြား ရင္ဆိုင္ေနရ ရင္ခြဲ႐ုံမ်ား၌ လူေသေလာင္းမ်ား စုပုံေန
႐ုရွားက ေဆး႐ုံတခုထဲမွာ အသက္ေဘး ရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ထားတဲ့ လူနာေတြနဲ႔ မနီးမေဝးမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသသြားသူေတြရဲ႕ ႐ုပ္အေလာင္း ေတြ ရွိေနပါတယ္။
မိုဘိုင္းဖုန္းေတြကေန ျဖန႔္ေနၾကတဲ့ ဗြီဒီယိုမွတ္တမ္းေတြထဲက တခုမွာ သက္ႀကီး႐ြယ္အို အမ်ိဳးသမီးတဦးဟာ အသက္ ရႉက်ပ္ေနတာ ေတြ႕ရပါတယ္။
ေမာ္စကိုၿမိဳ႕ေတာ္နဲ႔ မိုင္ ၅၀၀ ေလာက္မွာရွိတဲ့ ေဆး႐ုံတ႐ုံက ဆရာဝန္တဦးက “က်ေနာ္တို႔ အေဆာင္ထဲမွာ ေနာက္ထပ္ အေလာင္းႏွစ္ေလာင္း ရွိေသးတယ္၊ ကိုဗစ္-၁၉ က လူတိုင္းကို သတ္ေနတာပဲ“ လို႔ ေျပာေနတာ ဗြီဒီယိုမွတ္တမ္းမွာ ၾကားရပါတယ္။
လူေသေလာင္းေတြ ျပည့္ေနတဲ့ ရင္ခြဲ႐ုံေတြ၊ ဖုန္တေသာေသာ ၾကမ္းေပၚမွာ ပုံထပ္ေနတဲ့ ကိုယ္လုံးတီး လူေသေလာင္းေတြ စတဲ့ စက္ဆုတ္ေၾကာက္လန႔္ဖြယ္ ျမင္ကြင္းဟာ ေဆး႐ုံတ႐ုံထက္ စစ္ေျမျပင္နဲ႔ ပိုတူေနပါတယ္။
ကပ္ေရာဂါေၾကာင့္ ေသဆုံးရတဲ့ အမွန္တကယ္ အေရအတြက္ဟာ အစိုးရထုတ္ျပန္တာထက္ ပိုမယ္ဆိုတာကို ဒီျမင္ကြင္းက သက္ေသထူေနပါတယ္။
(လူဦးေရ ၁၄၆ သန္းနီးပါးရွိတဲ့) ႐ုရွားမွာ ကိုဗစ္-၁၉ ေၾကာင့္ လူ ၃၃,၀၀၀ ေက်ာ္ ေသဆုံးခဲ့ရၿပီလို႔ ႐ုရွအာဏာပိုင္ေတြက ႏိုဝင္ဘာ ၁၆ မွာ ထုတ္ျပန္တာဟာ ေလွ်ာ့ေပါ့ေျပာတာပဲလို႔ ေဝဖန္သူေတြက ဆိုပါတယ္။
“တကယ္က လူ ၁၃၀,၀၀၀ ေလာက္ ျဖစ္မယ္” လို႔ အစိုးရ စာရင္းအင္းပညာရွင္ေဟာင္းတဦးျဖစ္တဲ့ Alexey Raksha က အစိုးရကိန္းဂဏန္းေပၚ အေျခခံၿပီး တြက္ျပပါတယ္။
႐ုရွားမွာ ဧၿပီကေန ႏိုဝင္ဘာအတြင္း လူေပါင္း ၁၆၀,၀၀၀ – ၁၇၀,၀၀၀ ေသဆုံးတယ္လို႔ ေဒသတြင္း မွတ္တမ္းကို Raksha က အေျခခံ ခန႔္မွန္းၿပီး အဲဒီထဲက ၈၀% ဟာ ကိုဗစ္-၁၉ ေၾကာင့္ ေသရတာလို႔ တြက္ျပတာပါ။
႐ုရွားမွာ ဒီႏွစ္ ဧၿပီကေန စက္တင္ဘာအတြင္း ေသဆုံးသူေပါင္းဟာ မႏွစ္ကထက္ ၁၁၇,၀၀၀ ပိုမ်ားတယ္လို႔ ႐ုရွားစာ ရင္းအင္းဧဂ်င္စီ Rosstat က ေျပာပါတယ္။
ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာၾကား Rosstat ကိန္းဂဏန္း မရႏိုင္ေပမဲ့ အစိုးရရဲ႕ ကို႐ိုနာစင္တာေတြရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ တဟုန္ထိုး ျမင့္တက္ေနတယ္လို႔ သုံးသပ္ႏိုင္ပါတယ္။
အစိုးရကိန္းဂဏန္းက နည္းေနတာနဲ႔ ပတ္သက္လို႔ က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရးေစာင့္ၾကည့္အဖြဲ႕ Rospotrebnadzor နဲ႔ Rosstat တို႔ကို ဆက္သြယ္ေပမဲ့ တုံ႔ျပန္ေျဖၾကားမႈ မရွိပါဘူး။
ၿပီးခဲ့တဲ့ ဩဂုတ္မွာ ႐ုရွားအစိုးရက ကိုဗစ္-၁၉ ကာကြယ္ေဆး Sputnik V ကို မွတ္ပုံတင္ခဲ့ေပမဲ့ က်ယ္က်ယ္ျပန႔္ျပန႔္ သုံးစြဲမႈ မရွိလာသလို ဒီေဆးဟာ အဆင့္သုံး စမ္းသပ္မႈကိုေတာင္ မေက်ာ္ျဖတ္ရေသးဘူးလို႔ သိပၸံပညာရွင္ေတြက ေဝဖန္ပါတယ္။
႐ုရွားေဆး႐ုံေတြမွာ ဝန္နဲ႔အား မမွ်ေတာ့ဘူးလို႔ ဒု-ဝန္ႀကီးခ်ဳပ္ Tatyana Golikova က အရင္လမွာ ေျပာခဲ့ၿပီးပါၿပီ။ ေရာဂါကူးစက္မႈ အဆိုးဆုံးေဒသေတြထဲ ငါးခုက ေဆး႐ုံေတြရဲ႕ ၉၅% ေက်ာ္မွာ လူနာျပည့္ေနၿပီလို႔ ဆိုပါတယ္။
ေမာ္စကိုၿမိဳ႕က Ice Palace ကမာၻ႔ခ်န္ပီယံ ေရခဲျပင္စကိတ္ကြင္းမွာ ကုတင္ ၁,၃၀၀ ဆံ့ ကို႐ိုနာဗိုင္းရပ္စ္ ယာယီေဆး႐ုံ ဖြင့္ထားတာလည္း ေတြ႕ရပါတယ္။. ။
Source : CNN
Unicode
ရုရှား၌ ကိုဗစ်ကပ်ဘေး ဆိုးဆိုးရွားရွား ရင်ဆိုင်နေရ ရင်ခွဲရုံများ၌ လူသေလောင်းများ စုပုံနေ
ရုရှားက ဆေးရုံတခုထဲမှာ အသက်ဘေး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားတဲ့ လူနာတွေနဲ့ မနီးမဝေးမှာ ဗိုင်းရပ်စ်ကြောင့် သေသွားသူတွေရဲ့ ရုပ်အလောင်း တွေ ရှိနေပါတယ်။
မိုဘိုင်းဖုန်းတွေကနေ ဖြန့်နေကြတဲ့ ဗွီဒီယိုမှတ်တမ်းတွေထဲက တခုမှာ သက်ကြီးရွယ်အို အမျိုးသမီးတဦးဟာ အသက် ရှူကျပ်နေတာ တွေ့ရပါတယ်။
မော်စကိုမြို့တော်နဲ့ မိုင် ၅၀၀ လောက်မှာရှိတဲ့ ဆေးရုံတရုံက ဆရာဝန်တဦးက “ကျနော်တို့ အဆောင်ထဲမှာ နောက်ထပ် အလောင်းနှစ်လောင်း ရှိသေးတယ်၊ ကိုဗစ်-၁၉ က လူတိုင်းကို သတ်နေတာပဲ“ လို့ ပြောနေတာ ဗွီဒီယိုမှတ်တမ်းမှာ ကြားရပါတယ်။
လူသေလောင်းတွေ ပြည့်နေတဲ့ ရင်ခွဲရုံတွေ၊ ဖုန်တသောသော ကြမ်းပေါ်မှာ ပုံထပ်နေတဲ့ ကိုယ်လုံးတီး လူသေလောင်းတွေ စတဲ့ စက်ဆုတ်ကြောက်လန့်ဖွယ် မြင်ကွင်းဟာ ဆေးရုံတရုံထက် စစ်မြေပြင်နဲ့ ပိုတူနေပါတယ်။
ကပ်ရောဂါကြောင့် သေဆုံးရတဲ့ အမှန်တကယ် အရေအတွက်ဟာ အစိုးရထုတ်ပြန်တာထက် ပိုမယ်ဆိုတာကို ဒီမြင်ကွင်းက သက်သေထူနေပါတယ်။
(လူဦးရေ ၁၄၆ သန်းနီးပါးရှိတဲ့) ရုရှားမှာ ကိုဗစ်-၁၉ ကြောင့် လူ ၃၃,၀၀၀ ကျော် သေဆုံးခဲ့ရပြီလို့ ရုရှအာဏာပိုင်တွေက နိုဝင်ဘာ ၁၆ မှာ ထုတ်ပြန်တာဟာ လျှော့ပေါ့ပြောတာပဲလို့ ဝေဖန်သူတွေက ဆိုပါတယ်။
“တကယ်က လူ ၁၃၀,၀၀၀ လောက် ဖြစ်မယ်” လို့ အစိုးရ စာရင်းအင်းပညာရှင်ဟောင်းတဦးဖြစ်တဲ့ Alexey Raksha က အစိုးရကိန်းဂဏန်းပေါ် အခြေခံပြီး တွက်ပြပါတယ်။
ရုရှားမှာ ဧပြီကနေ နိုဝင်ဘာအတွင်း လူပေါင်း ၁၆၀,၀၀၀ – ၁၇၀,၀၀၀ သေဆုံးတယ်လို့ ဒေသတွင်း မှတ်တမ်းကို Raksha က အခြေခံ ခန့်မှန်းပြီး အဲဒီထဲက ၈၀% ဟာ ကိုဗစ်-၁၉ ကြောင့် သေရတာလို့ တွက်ပြတာပါ။
ရုရှားမှာ ဒီနှစ် ဧပြီကနေ စက်တင်ဘာအတွင်း သေဆုံးသူပေါင်းဟာ မနှစ်ကထက် ၁၁၇,၀၀၀ ပိုများတယ်လို့ ရုရှားစာ ရင်းအင်းဧဂျင်စီ Rosstat က ပြောပါတယ်။
အောက်တိုဘာနဲ့ နိုဝင်ဘာကြား Rosstat ကိန်းဂဏန်း မရနိုင်ပေမဲ့ အစိုးရရဲ့ ကိုရိုနာစင်တာတွေရဲ့ ထုတ်ပြန်ချက်တွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တဟုန်ထိုး မြင့်တက်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။
အစိုးရကိန်းဂဏန်းက နည်းနေတာနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးစောင့်ကြည့်အဖွဲ့ Rospotrebnadzor နဲ့ Rosstat တို့ကို ဆက်သွယ်ပေမဲ့ တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်မှာ ရုရှားအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ကို မှတ်ပုံတင်ခဲ့ပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှု မရှိလာသလို ဒီဆေးဟာ အဆင့်သုံး စမ်းသပ်မှုကိုတောင် မကျော်ဖြတ်ရသေးဘူးလို့ သိပ္ပံပညာရှင်တွေက ဝေဖန်ပါတယ်။
ရုရှားဆေးရုံတွေမှာ ဝန်နဲ့အား မမျှတော့ဘူးလို့ ဒု-ဝန်ကြီးချုပ် Tatyana Golikova က အရင်လမှာ ပြောခဲ့ပြီးပါပြီ။ ရောဂါကူးစက်မှု အဆိုးဆုံးဒေသတွေထဲ ငါးခုက ဆေးရုံတွေရဲ့ ၉၅% ကျော်မှာ လူနာပြည့်နေပြီလို့ ဆိုပါတယ်။
မော်စကိုမြို့က Ice Palace ကမ္ဘာ့ချန်ပီယံ ရေခဲပြင်စကိတ်ကွင်းမှာ ကုတင် ၁,၃၀၀ ဆံ့ ကိုရိုနာဗိုင်းရပ်စ် ယာယီဆေးရုံ ဖွင့်ထားတာလည်း တွေ့ရပါတယ်။. ။
Source : CNN