သင့္ကို အက်ပ္အတည္း အမ်ဳိးမ်ဳိးမွ လြတ္ေျမာက္ေစေသာ အဓိဌာန္၀င္နည္း

Zawgyi

တနဂၤေႏြ ေန႔ကေန စၿပီး အဓိဌာန္၀င္ပါ။

တနဂၤေႏြေန႔ – တနဂၤေႏြေထာင့္ ေမတၱာသုတ္ေတာ္ ၆ ေခါက္၊ တနဂၤေႏြေန႔ဖြား ျမတ္စြာဘုရားရွင္ အေပါငး္ကုိ ရည္မွန္းျပီး ကန္ေတာ့ပါ။ မိမိကုသုိလ္ အလုပ္ အားလုံးျပီးစီးသည့္အခါ တနဂၤေႏြျဂိဳဟ္ နတ္မင္းၾကီးကုိ အမႈးထားျပီး ေ၀ေနယ်တုိ႔ကုိ ေမတၱာပုိ႔အမွ််ေဝပါ။

တနလၤာေန႔ – ေသာၾကာေထာင့္ ေမတၱာသုတ္ေတာ္ ၂၁ ေခါက္၊ ေသာၾကာေန႔ဖြား ျမတ္စြာဘုရားရွင္ အေပါင္းကုိ ရည္မွန္းျပီး ကန္ေတာ့ပါ။ မိမိကုသုိလ္ အလုပ္ အားလုံးျပီးစီးသည့္အခါ ေသာၾကာျဂိဳဟ္ နတ္မင္းၾကီးကုိ အမႈးထားျပီး ေ၀ေနယ်တုိ႔ကုိ ေမတၱာပုိ႔ အမွ််ေ၀ပါ။

အဂၤါေန႔ – ရာဟုေထာင့္ ေမတၱာသုတ္ေတာ္ ၁၂ ေခါက္

ဗုဒၶဟူးေန႔ – ၾကာသာပေတးေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၉ ေခါက္ ၾကာသပေတးေန႔ – စေနေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၀ ေခါက္ ေသာၾကာေန႔ – ဗုဒၶဟူးေထာင့္၊ ေမတၱာသုတ္ေတာ္ ၁၇ ေခါက္ စေနေန႔ – အဂၤါေထာင့္၊ ေမတၱာသုတ္ေတာ္ ၈ေခါက္

တနဂၤေႏြေန႔ – တနလၤာေထာင့္ ေမတၱာသုတ္ေတာ္ ၁၅ ေခါက္။ေမတၱာသုတ္ေတာ္ အဓိဌာန္ ျပီးပါျပီ။ တနဂၤေႏြေန႔မွာ တနဂၤေႏြေထာင့္ကေန စျပီး အဓိဌာန္၀င္လာခဲ့တာပါ။ တနဂၤေႏြေန႔ မွာပဲ တနလၤာေထာင့္မွာ အဓိဌာန္ ပထမအဆင့္ ၿပီးသြားတာပါ။ လုပ္နုိင္ရင္ ဆက္တုိက္ ထုိေန႔မွာပဲ ေမာရသုတ္ေတာ္ကုိ အထက္ပါ အတုိင္းပဲ တနဂၤေႏြေထာင့္ကေန စျပီး အဓိဌာန္ ဆက္၀င္သြားပါမယ္။

အထက္က ေရးေပးထားသည့္ အစဥ္အတုိင္းပဲ ေမတၱာသုတ္ေတာ္ ေနရာမွာ ေမာရသုတ္ေတာ္ကုိ အစားထုိး ရြတ္ဖတ္သြားျပီး ဆုိင္ရာေန႔ဖြား ဘုရားရွင္ေတြကုိလည္း နည္းတူကန္ေတာ့ ဆုိင္ရာ ျဂိဳဟ္မင္းေတြကုိလည္း ထုံးစံအတုိင္း အမွ်ေပးေ၀ျပီး ဆက္တုိက္ ဆက္သြားပါ။

ရြတ္ရင္းဖတ္ရင္းနဲ႔ မိမိသည္ တစ္ရက္ျပီးတစ္ရက္ ဘုရားေစတီကုိ လက္၀ဲရစ္လွည့္ျပီး ပူေဇာ္သြားေနတာကုိ သတိျပဳမိလာနုိင္ပါတယ္။ ဒီအဓိဌာန္ကုိ တစ္ကယ္အခက္အခဲ ၾကံဳေနသူမ်ားသာ လုပ္သင့္ပါတယ္။ ( အလုပ္အကုိင္ ပုိမုိေကာင္းခ်င္လုိ႔ ေငြပုိ၀င္ခ်င္လုိ႔ အစရွိသျဖင့္ ေလာဘျဖင့္ လုံး၀မလုပ္သင့္ပါ။ )

ဟုိတစ္ခါ ကၽြန္ေတာ္ တင္ေပးဖူးသည့္ အလုပ္အကုိင္ ရရွိေစသည့္ အဓိဌာန္မ်ဳိးကဲ့သုိ႔ မဟုတ္ပါ။ အဲဒီ့အဓိဌာန္ကေတာ့ အလုပ္မရွိလု႔ိ႔ပဲ ျဖစ္ျဖစ္ အလုပ္ပုိေကာင္းခ်င္လုိ႔ပဲ ျဖစ္ျဖစ္ ၀င္နုိင္ေလ ေကာင္းေလပါပဲ။

ဒီအဓိဌာန္ကေတာ့ တစ္ကယ္အက်ပ္အတညး္ဆုိက္ျပီး ျပႆနာေပါင္းစုံတက္ေနသည့္ အေျခအေနမ်ဳိး ေရာက္ေနသည့္ သူေတြအတြက္ သီးသန္႔ ျဖစ္ပါတယ္။ ပုိမုိထက္ျမက္ခ်င္သူမ်ား သန္႔ရွင္းေရး ကုသိုလ္ေလးနဲ႔ တြဲျပီး လုပ္ပါ။

ကံေၾကြး ၀ဋ္ေၾကြးမး မဟုတ္ခဲ့ရင္ေတာ့ သိသိသာသာကုိပဲ အဓိဌာန္ ျပည့္ေျမာက္ျပီး တစ္ပတ္ခန္႔ အတြင္းမွာကုိ အခက္အခဲမ်ား ေျပေလ်ာ႔ သြားတတ္ပါတယ္ခင္ဗ်ား။ လက္ေတြ႕လည္း လူအမ်ားကုိ ကၽြန္ေတာ္ ညႊန္ေပးေနသည့္ အဓိဌာန္၀င္နည္းေလးသာ ျဖစ္ပါတယ္။

ကၽြန္ေတာ္ကုိယ္တုိင္လည္း ဒုကၡသုကၡသိပ္ေရာက္လာရင္ ဘုရားမွတစ္ပါး ကုိးကြယ္ရာမရွိ၊ တရားမွတစ္ပါး ကုိးကြယ္ရာမရွိ၊ သံဃာမွတစ္ပါး ကိုးကြယ္ရာ မရွိပါခင္ဗ်ား။ ကုိယ္လုပ္မွ ကုိယ္ရနုိင္သလုိ တစ္ကယ္ျဖစ္ခ်င္ တစ္ကယ္လုပ္နုိင္ဖုိ႔သာ လုိအပ္ပါေၾကာင္း။ အခက္အခဲ အက်ပ္အတည္းတုိ႔မွ လြတ္ေျမာက္ၾကပါေစသတည္း။

ဤပညာဒါနကုသုိလ္သည္ ျဖစ္ေလရာ ဘ၀တုိင္းတြင္ တပည့္ေတာ္အား အခက္အခဲ အက်ပ္အတည္း ဆုိက္ေရာက္သည္တုိင္းတြင္ မ်ားမၾကာမီ လြတ္ေျမာက္ေစသည့္ အေထာက္အပံ့ေကာင္း ျဖစ္ပါေစသတည္း။

Unicode

တနင်္ဂနွေ နေ့ကနေ စပြီး အဓိဌာန်ဝင်ပါ။

တနင်္ဂနွေနေ့ – တနင်္ဂနွေထောင့် မေတ္တာသုတ်တော် ၆ ခေါက်၊ တနင်္ဂနွေနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ။ မိမိကုသိုလ် အလုပ် အားလုံးပြီးစီးသည့်အခါ တနင်္ဂနွေဂြိုဟ် နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကို မေတ္တာပို့အမျှျဝေပါ။

တနင်္လာနေ့ – သောကြာထောင့် မေတ္တာသုတ်တော် ၂၁ ခေါက်၊ သောကြာနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ။ မိမိကုသိုလ် အလုပ် အားလုံးပြီးစီးသည့်အခါ သောကြာဂြိုဟ် နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကို မေတ္တာပို့ အမျှျဝေပါ။

အင်္ဂါနေ့ – ရာဟုထောင့် မေတ္တာသုတ်တော် ၁၂ ခေါက်

ဗုဒ္ဓဟူးနေ့ – ကြာသာပတေးထောင့်၊ မေတ္တာသုတ်တော် ၁၉ ခေါက် ကြာသပတေးနေ့ – စနေထောင့်၊ မေတ္တာသုတ်တော် ၁၀ ခေါက် သောကြာနေ့ – ဗုဒ္ဓဟူးထောင့်၊ မေတ္တာသုတ်တော် ၁၇ ခေါက် စနေနေ့ – အင်္ဂါထောင့်၊ မေတ္တာသုတ်တော် ၈ခေါက်

တနင်္ဂနွေနေ့ – တနင်္လာထောင့် မေတ္တာသုတ်တော် ၁၅ ခေါက်။မေတ္တာသုတ်တော် အဓိဌာန် ပြီးပါပြီ။ တနင်္ဂနွေနေ့မှာ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန်ဝင်လာခဲ့တာပါ။ တနင်္ဂနွေနေ့ မှာပဲ တနင်္လာထောင့်မှာ အဓိဌာန် ပထမအဆင့် ပြီးသွားတာပါ။ လုပ်နိုင်ရင် ဆက်တိုက် ထိုနေ့မှာပဲ မောရသုတ်တော်ကို အထက်ပါ အတိုင်းပဲ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန် ဆက်ဝင်သွားပါမယ်။

အထက်က ရေးပေးထားသည့် အစဉ်အတိုင်းပဲ မေတ္တာသုတ်တော် နေရာမှာ မောရသုတ်တော်ကို အစားထိုး ရွတ်ဖတ်သွားပြီး ဆိုင်ရာနေ့ဖွား ဘုရားရှင်တွေကိုလည်း နည်းတူကန်တော့ ဆိုင်ရာ ဂြိုဟ်မင်းတွေကိုလည်း ထုံးစံအတိုင်း အမျှပေးဝေပြီး ဆက်တိုက် ဆက်သွားပါ။

ရွတ်ရင်းဖတ်ရင်းနဲ့ မိမိသည် တစ်ရက်ပြီးတစ်ရက် ဘုရားစေတီကို လက်ဝဲရစ်လှည့်ပြီး ပူဇော်သွားနေတာကို သတိပြုမိလာနိုင်ပါတယ်။ ဒီအဓိဌာန်ကို တစ်ကယ်အခက်အခဲ ကြုံနေသူများသာ လုပ်သင့်ပါတယ်။ ( အလုပ်အကိုင် ပိုမိုကောင်းချင်လို့ ငွေပိုဝင်ချင်လို့ အစရှိသဖြင့် လောဘဖြင့် လုံးဝမလုပ်သင့်ပါ။ )

ဟိုတစ်ခါ ကျွန်တော် တင်ပေးဖူးသည့် အလုပ်အကိုင် ရရှိစေသည့် အဓိဌာန်မျိုးကဲ့သို့ မဟုတ်ပါ။ အဲဒီ့အဓိဌာန်ကတော့ အလုပ်မရှိလု့ိ့ပဲ ဖြစ်ဖြစ် အလုပ်ပိုကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဝင်နိုင်လေ ကောင်းလေပါပဲ။

ဒီအဓိဌာန်ကတော့ တစ်ကယ်အကျပ်အတည်းဆိုက်ပြီး ပြဿနာပေါင်းစုံတက်နေသည့် အခြေအနေမျိုး ရောက်နေသည့် သူတွေအတွက် သီးသန့် ဖြစ်ပါတယ်။ ပိုမိုထက်မြက်ချင်သူများ သန့်ရှင်းရေး ကုသိုလ်လေးနဲ့ တွဲပြီး လုပ်ပါ။

ကံကြွေး ဝဋ်ကြွေးမး မဟုတ်ခဲ့ရင်တော့ သိသိသာသာကိုပဲ အဓိဌာန် ပြည့်မြောက်ပြီး တစ်ပတ်ခန့် အတွင်းမှာကို အခက်အခဲများ ပြေလျော့ သွားတတ်ပါတယ်ခင်ဗျား။ လက်တွေ့လည်း လူအများကို ကျွန်တော် ညွှန်ပေးနေသည့် အဓိဌာန်ဝင်နည်းလေးသာ ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဒုက္ခသုက္ခသိပ်ရောက်လာရင် ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိ၊ တရားမှတစ်ပါး ကိုးကွယ်ရာမရှိ၊ သံဃာမှတစ်ပါး ကိုးကွယ်ရာ မရှိပါခင်ဗျား။ ကိုယ်လုပ်မှ ကိုယ်ရနိုင်သလို တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်နိုင်ဖို့သာ လိုအပ်ပါကြောင်း။ အခက်အခဲ အကျပ်အတည်းတို့မှ လွတ်မြောက်ကြပါစေသတည်း။

ဤပညာဒါနကုသိုလ်သည် ဖြစ်လေရာ ဘဝတိုင်းတွင် တပည့်တော်အား အခက်အခဲ အကျပ်အတည်း ဆိုက်ရောက်သည်တိုင်းတွင် များမကြာမီ လွတ်မြောက်စေသည့် အထောက်အပံ့ကောင်း ဖြစ်ပါစေသတည်း။