Zawgyi
Unicode
ရေသောက်ပြီးပိန်အောင်လုပ်နိုင်ခဲ့တဲ့ နည်းလမ်းတခုကို မျှဝေပေးလာတဲ့ အမရာငြိမ်း
ဝိတ်ချတဲ့နည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ အမရာငြိမ်းကတော့ Water Fasting နည်းနဲ့ ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့ပါ တယ်။ ကိုယ်အလေးချိန်ကျသွားတဲ့ သူမရဲ့ပုံရိပ်ကို ” ပိန်တာ ဝတာဟာ အလှတရားကိုဆုံးဖြတ်ပေးနိုင်တယ်လို့ ဘယ်တုန်းကမှ ကျွန်မ မယုံကြည်ခဲ့ပါဘူး
ဒါပေမယ့် ကျန်းမာရေးအတွက်တော့ BMI ကို ဂရုစိုက်သလို ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မကျော်အောင် လည်း အမြဲထိန်းထားပါတယ် ဒီကြားထဲက အသက် (၃၀) နားကို နည်းနည်း ကပ်လာချိန်မှာ
နဂိုထဲက ဝတဲ့မျိုးရိုးကလာတဲ့ကျွန်မ Over weight ဘဝရောက်သွားပါတယ် အခုကတော့ ကျန်းမာသောကိုယ်အလေးချိန်ဆီသို့ရောက်ဖို့ ပြန်သွားနေတဲ့ လမ်းတစ်ဝက်မှာ ပါ ”
” Healthy BMI ပြန်ရောက်ဖို့ နည်းနည်းလေးလိုနေပါသေးတယ် အဲ့အချိန်ကျရင်လည်း result ကို နောက်တခါထပ်ပြပါဦးမယ် ဒါကတော့ Water Fasting (၇) ရက်လုပ်တာရဲ့ Result ကိုပြရင်း motivation လေးအားလုံးကိုပေးလိုက်တာပါ
ဝတာက ရှက်စရာ မဟုတ်ပါ၊ အလှအပနဲ့လည်း မသက်ဆိုင်ပါ ဒါပေမယ့် ကျန်းမာရေးအတွက်တော့ အရေးကြီးတယ်လို့ ကျွန်မကခံယူထားလို့ ကျန်းမာရေးအတွက် ဝိတ်ချဖို့လိုအပ်ချိန်မှာ ရအောင်ချဖို့ စိတ်ဇွဲရှိကြပါစေလို့
Water Fasting Vlog လေးလည်း မကြာခင်တင်ပေး ပါ့မယ် ” ဆိုပြီးပြောပြလာခဲ့ပါတယ်။ဒီနည်းလမ်းကိုသိချင်သူတွေအတွက်လည်း ” Water Fasting ဆိုတာ ဘာဆိုဘာတစ်ခုမှ သစ်သီး၊ Vegetable တောင်မစားဘဲ
ရေချည်းပဲသောက်ပြီး digestive system ကို လုံးဝ shut down လုပ်ချလိုက်တာဖြစ်ပါတယ် တစ်ကိုယ်လုံးက Toxin တွေကို detox လုပ်ချပြီး metabolism ကိုလည်း ပြုပြင်ပေးပါတယ်
Himalayan salt ကိုတော့ တစ်နေ့လုံးမှာ teaspoon တစ်ဇွန်းလောက် ရေဘူးထဲထည့်ပြီး သောက်ပေးရပါတယ် အသေးစိတ် Vlog လေးကို ဒီရက်ပိုင်းအတွင်း တင်ပေးပါမယ် အခုသိချင်ရင်တော့ YouTube မှာ Water Fasting ဆိုပြီး ရိုက်ရှာကြည့်ပါ Motivation ဖြစ်စရာတွေ အများကြီးတက်လာပါလိမ့်မယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။Cele ZonePhoto – Aye Nyein Swe