ဗီယက္နမ္ရဲ႕ ရာသီစာ အထူးဟင္းလ်ာ အျဖစ္ နာမည္ႀကီးတဲ့ ပင္လယ္တီေကာင္ေၾကာ္

Zawgyi

ဗီယက္နမ္ရဲ႕ ရာသီစာ အထူးဟင္းလ်ာ အျဖစ္ နာမည္ႀကီးတဲ့ ပင္လယ္တီေကာင္ေၾကာ္

ဗီယက္နမ္ရဲ႕အထူးစပယ္ရွယ္ ဟင္းလ်တစ္မ်ိဳးရဲ႕အေၾကာင္းကို Shwemom စာဖတ္သူေတြ အတြက္ေ၀မွ် ေပးခ်င္ပါတယ္။ဒီဟင္းလ် ကို ေတာ့ Chả rươi လုိ႔ ေခၚပါတယ္။သူ႔ကိုေတာ့ အရွည္ ႏွစ္လက္မေလာက္ရွိတဲ့ပင္လယ္တီေကာင္ေတြနဲ႔ ဖန္တီး ထားတာပါ။

ဒီပင္လယ္တီေကာင္ေတြကို ၾကက္ဥနဲ႔ ေမႊေၾကာ္လုပ္တာျဖစ္ၿပီး sand worm omelet လို႔လည္း ေခၚၾကပါတယ္။အရသာကေတာ့ ငါးဥ ဆားနယ္လုိအရသာမ်ိဳးလုိ႔စားဖူးသူတစ္ခ်ိဳ႕ကေတာ့ ေျပာပါတယ္။

ထူးျခားတဲ့ ဒီဟင္းလ်ာ အ ေၾကာင္းကိုေတာ့ odditycentral မွာ ေဖာ္ျပ ထားပါတယ္။
ဒီဟင္းလ်ာက ရာသီစာ ဟင္းလ်ာ မ်ိဳးပါ။ျမန္မာႏိုင္ငံက ပုရစ္ ေၾကာ္လို မ်ိဳးပါ။ေပၚတဲ့ အခ်ိန္ သူ႔ရာသီေရာက္မွ ေပါေပါ မ်ားမ်ား လတ္လတ္ ဆတ္ဆတ္ စားရတာပါ။

ဗီယက္နမ္ ေျမာက္ပိုင္းကလမ္းေဘးဆိုင္ ေတြအထူးသျဖင့္ဟႏြိဳင္းၿမိဳ႕ကဆိုင္ေလး ေတြမွာ ဆိုရင္ ေဆာင္းဦး၀င္ ၿပီဆုိတာနဲ႔ ရႏိုင္ပါၿပီ။ၾကည့္လိုက္ရင္ေတာ့ သာမန္ပဲ လို႔ ထင္ရ ေပမယ့္ အထဲမွာ ထည့္ထားတဲ့ ဟင္းခတ္ ပစၥည္း ေတြ က အမ်ားႀကီး ပါ။

ပင္လယ္တီေကာ င္ေတြကို ၾကက္ဥရယ္၊ဟင္းခတ္အေမႊးအႀကိဳက္ အပင္ေတြ အမ်ားႀကီးကို သမ ေအာင္ ေရာ ေမႊ ၿပီး ေၾကာ္ ထားရတာပါ။ပံုမွန္အားျဖင့္ ပါ၀င္တဲ့ ပစၥည္းေတြကို အေသးစိတ္ ေျပာရမယ္ဆုိရင္ေတာ့ .ၾကက္ဥ၊ၾကက္သြန္နီ၊ လိ္ေမၼ္ာ ခြံ၊စၿမိတ္ပင္၊ငရုတ္သီး တို႔ ပါ။

အဲ့ဒါေတြကို ေရာ ေမႊ ၿပီးမွ ႏွစ္လက္မ အရြယ္အစားရွိတဲ့ ပင္လယ္တီေကာင္ေတြကို ထည့္ခ်က္တာပါ။ပင္လယ္တီေကာင္ ေတြ က ေႏြ ကုန္ လုိ႔ ေဆာင္း၀င္ၿပီဆိုမွ အလြယ္တကူ ေတြ႕ႏိုင္ရႏိုင္တာပါ။

ပစိ ဖိတ္ သမုဒၵရာ တစ္ေလ်ာက္မွာ ရွိတဲ့ ႏိုင္ငံေတာ္ေတာ္ မ်ားမ်ား.. ဥပမာ- တရုတ္၊ဂ်ပန္၊အင္ဒိုနီးရွား.. တို႔မွာ Palolo sand worm ေတြ ရွိပါတယ္။ေၾကာ္စားတာ အျပင္ ဖုတ္စားတာ၊အရွင္လတ္ စားတာ မ်ိဳး ေတြ ေတာင္ ရွိၾကပါတယ္။

ဘာလို႔ ရာသီစာ ျဖစ္ၿပီး တစ္ႏွစ္ ပတ္လံုး မွာ ေဆာင္း က် မွ ရႏိုင္ရတာလဲ ဆိုရင္ေတာ့အ ေၾကာင္းအရင္း ရွိပါတယ္။သူတို႔က အဲ့ဒီအခ်ိန္ ေရာက္ရင္ မိတ္လိုက္ မ်ိဳးပြား ဖို႔ အတြက္ အုပ္စု ကေ န ခြဲ ထြက္လာၿပီး အေပၚ ကို တက္လာၾကတာပါ။

သမုဒၵ ရာရဲ႕ ေအာက္ေျခ မွာ ေနၾကတာပါ။လူေတြက သူတို႔ကို စားသုံး တဲ့ အတြက္ အေကာင္ အေရ အတြက္ နည္းပါးလာ မွာကို ေတာ့ စိတ္ပူ စရာ မလိုပါဘူး။ရာစုႏွစ္ေပါင္းမ်ားစြာ တုန္းက ေတာ့ ဘယ္အခ်ိန္ အ ေပၚ တက္လာမွန္းမသိတဲ့ အေကာင္ေတြကို ငါးဖမ္းသမားေတြ၊လယ္သမားေတြ က ေစာင့္ဖမ္း ခဲ့ ၾကပါတယ္။

ပိုက္ကြန္ ေတြ၊ လက္ဗလာ နဲ႔ ဒီအတုိင္း ဖမ္းၾကတာပါ။ဒီကေန႔မွာေတာ့ ဗီယက္နမ္က လယ္သမားေတြ က ရႊံ႕ႏြံ႕ ေတြထဲမွာ ရွင္သန္ႏိုင္တဲ့ ပင္လယ္တီေကာင္ေတြ ကို သူတို႔ရဲ႕ ကန္ေတြ၊လယ္ကြင္းေတြ ထဲမွာ ေမြးျမဴ လာၾကပါတယ္။

အစက ေတာ့ ဟင္းခ်က္စားဖို႔ ေလာက္ပဲ ေမြးျမဴ ခဲ့ေပမယ့္ အခုက ေတာ့ ဗီယက္ နမ္ နဲ႔ တရုတ္တို႔ မွာ ဒီအေကာင္ေတြ က နာမည္ႀကီး လာ၊ ေစ်းေကာင္းရ လာတဲ့ အတြက္ အက်ိဳးအျမတ္ အတြက္ပါ ေမြးျမဴ ေရာင္းခ် လာ ၾကပါတယ္။

ဒီအေကာင္ေတြကို ခ်က္ျပဳတ္စားေသာက္မယ္ဆုိရင္ေတာ့ အရင္ဆံုး သူတို႔ကို ျပဳတ္ၿပီး သူတို႔ရဲ႕လက္ (ျပည္ႀကီး ငါး ေရဘ၀ဲတို႔လို လက္ပြားေတြ)ကို ဖယ္ရွား၊ ညွီနံ႔ ေပ်ာက္ေအာင္လုပ္ရပါတယ္။

ၿပီးမွ အ ေပၚမွာ ေျပာခဲ့သလိုပဲ ဟင္းခတ္ အေမႊး အႀကိဳင္ေတြနဲ႔ ေရာေ ႏွာ ခ်က္ျပဳတ္ရတာပါ။အရသာက ေတာ့ ႀကိဳက္တဲ့သူ အတြက္ ေကာင္းေပမယ့္ မႀကိဳက္ရင္ေတာ့ နည္းနည္းျပင္း ေနႏို္င္ပါတယ္။

Unicode

ဗီယက်နမ်ရဲ့ ရာသီစာ အထူးဟင်းလျာ အဖြစ် နာမည်ကြီးတဲ့ ပင်လယ်တီကောင်ကြော်

ဗီယက်နမ်ရဲ့အထူးစပယ်ရှယ် ဟင်းလျတစ်မျိုးရဲ့အကြောင်းကို Shwemom စာဖတ်သူတွေ အတွက်ဝေမျှ ပေးချင်ပါတယ်။ဒီဟင်းလျ ကို တော့ Chả rươi လို့ ခေါ်ပါတယ်။သူ့ကိုတော့ အရှည် နှစ်လက်မလောက်ရှိတဲ့ပင်လယ်တီကောင်တွေနဲ့ ဖန်တီး ထားတာပါ။

ဒီပင်လယ်တီကောင်တွေကို ကြက်ဥနဲ့ မွှေကြော်လုပ်တာဖြစ်ပြီး sand worm omelet လို့လည်း ခေါ်ကြပါတယ်။အရသာကတော့ ငါးဥ ဆားနယ်လိုအရသာမျိုးလို့စားဖူးသူတစ်ချို့ကတော့ ပြောပါတယ်။

ထူးခြားတဲ့ ဒီဟင်းလျာ အ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြ ထားပါတယ်။
ဒီဟင်းလျာက ရာသီစာ ဟင်းလျာ မျိုးပါ။မြန်မာနိုင်ငံက ပုရစ် ကြော်လို မျိုးပါ။ပေါ်တဲ့ အချိန် သူ့ရာသီရောက်မှ ပေါပေါ များများ လတ်လတ် ဆတ်ဆတ် စားရတာပါ။

ဗီယက်နမ် မြောက်ပိုင်းကလမ်းဘေးဆိုင် တွေအထူးသဖြင့်ဟနွိုင်းမြို့ကဆိုင်လေး တွေမှာ ဆိုရင် ဆောင်းဦးဝင် ပြီဆိုတာနဲ့ ရနိုင်ပါပြီ။ကြည့်လိုက်ရင်တော့ သာမန်ပဲ လို့ ထင်ရ ပေမယ့် အထဲမှာ ထည့်ထားတဲ့ ဟင်းခတ် ပစ္စည်း တွေ က အများကြီး ပါ။

ပင်လယ်တီကော င်တွေကို ကြက်ဥရယ်၊ဟင်းခတ်အမွှေးအကြိုက် အပင်တွေ အများကြီးကို သမ အောင် ရော မွှေ ပြီး ကြော် ထားရတာပါ။ပုံမှန်အားဖြင့် ပါဝင်တဲ့ ပစ္စည်းတွေကို အသေးစိတ် ပြောရမယ်ဆိုရင်တော့ .ကြက်ဥ၊ကြက်သွန်နီ၊ လိမ္မေ်ာ ခွံ၊စမြိတ်ပင်၊ငရုတ်သီး တို့ ပါ။

အဲ့ဒါတွေကို ရော မွှေ ပြီးမှ နှစ်လက်မ အရွယ်အစားရှိတဲ့ ပင်လယ်တီကောင်တွေကို ထည့်ချက်တာပါ။ပင်လယ်တီကောင် တွေ က နွေ ကုန် လို့ ဆောင်းဝင်ပြီဆိုမှ အလွယ်တကူ တွေ့နိုင်ရနိုင်တာပါ။

ပစိ ဖိတ် သမုဒ္ဒရာ တစ်လျောက်မှာ ရှိတဲ့ နိုင်ငံတော်တော် များများ.. ဥပမာ- တရုတ်၊ဂျပန်၊အင်ဒိုနီးရှား.. တို့မှာ Palolo sand worm တွေ ရှိပါတယ်။ကြော်စားတာ အပြင် ဖုတ်စားတာ၊အရှင်လတ် စားတာ မျိုး တွေ တောင် ရှိကြပါတယ်။

ဘာလို့ ရာသီစာ ဖြစ်ပြီး တစ်နှစ် ပတ်လုံး မှာ ဆောင်း ကျ မှ ရနိုင်ရတာလဲ ဆိုရင်တော့အ ကြောင်းအရင်း ရှိပါတယ်။သူတို့က အဲ့ဒီအချိန် ရောက်ရင် မိတ်လိုက် မျိုးပွား ဖို့ အတွက် အုပ်စု ကေ န ခွဲ ထွက်လာပြီး အပေါ် ကို တက်လာကြတာပါ။

သမုဒ္ဒ ရာရဲ့ အောက်ခြေ မှာ နေကြတာပါ။လူတွေက သူတို့ကို စားသုံး တဲ့ အတွက် အကောင် အရေ အတွက် နည်းပါးလာ မှာကို တော့ စိတ်ပူ စရာ မလိုပါဘူး။ရာစုနှစ်ပေါင်းများစွာ တုန်းက တော့ ဘယ်အချိန် အ ပေါ် တက်လာမှန်းမသိတဲ့ အကောင်တွေကို ငါးဖမ်းသမားတွေ၊လယ်သမားတွေ က စောင့်ဖမ်း ခဲ့ ကြပါတယ်။

ပိုက်ကွန် တွေ၊ လက်ဗလာ နဲ့ ဒီအတိုင်း ဖမ်းကြတာပါ။ဒီကနေ့မှာတော့ ဗီယက်နမ်က လယ်သမားတွေ က ရွှံ့နွံ့ တွေထဲမှာ ရှင်သန်နိုင်တဲ့ ပင်လယ်တီကောင်တွေ ကို သူတို့ရဲ့ ကန်တွေ၊လယ်ကွင်းတွေ ထဲမှာ မွေးမြူ လာကြပါတယ်။

အစက တော့ ဟင်းချက်စားဖို့ လောက်ပဲ မွေးမြူ ခဲ့ပေမယ့် အခုက တော့ ဗီယက် နမ် နဲ့ တရုတ်တို့ မှာ ဒီအကောင်တွေ က နာမည်ကြီး လာ၊ ဈေးကောင်းရ လာတဲ့ အတွက် အကျိုးအမြတ် အတွက်ပါ မွေးမြူ ရောင်းချ လာ ကြပါတယ်။

ဒီအကောင်တွေကို ချက်ပြုတ်စားသောက်မယ်ဆိုရင်တော့ အရင်ဆုံး သူတို့ကို ပြုတ်ပြီး သူတို့ရဲ့လက် (ပြည်ကြီး ငါး ရေဘဝဲတို့လို လက်ပွားတွေ)ကို ဖယ်ရှား၊ ညှီနံ့ ပျောက်အောင်လုပ်ရပါတယ်။

ပြီးမှ အ ပေါ်မှာ ပြောခဲ့သလိုပဲ ဟင်းခတ် အမွှေး အကြိုင်တွေနဲ့ ရောေ နှာ ချက်ပြုတ်ရတာပါ။အရသာက တော့ ကြိုက်တဲ့သူ အတွက် ကောင်းပေမယ့် မကြိုက်ရင်တော့ နည်းနည်းပြင်း နေနိုင်ပါတယ်။