မုန္႔ဟင္းခါး ပဲြ ၆၀ မွာခ်င္တယ္ဆုိကာ ဖုန္းဆက္ၿပီးေနာက္ အလွဴေငြဟုဆုိကာ လိမ္လည္ေငြေတာင္းသူနဲ႔ ႀကံဳခဲ့ရေၾကာင္းေျပာျပလာတဲ့ ေအးသီတာ
Zawgyi
မုန္႔ဟင္းခါး ပဲြ ၆၀ မွာခ်င္တယ္ဆုိကာ ဖုန္းဆက္ၿပီးေနာက္ အလွဴေငြဟုဆုိကာ လိမ္လည္ေငြေတာင္းသူနဲ႔ ႀကံဳခဲ့ရေၾကာင္းေျပာျပလာတဲ့ ေအးသီတာ
ဇာတ္ပို႔သ႐ုပ္ေဆာင္ ေအးသီတာကေတာ့ အႏုပညာလုပ္ငန္းမ်ား ရပ္နားထားခ်ိန္အတြင္း မုန္႔ဟင္းခါးေရာင္းခ်ကာ ျဖတ္သန္းေနခဲ့တာ ျဖစ္ပါတယ္။ မုန္႔ဟင္းခါး ပြဲ ၆၀ ေအာ္ဒါမွာခ်င္လို႔ဆိုကာ ဖုန္းဆက္ၿပီး ပိုက္ဆံလိမ္လည္ခ်င္တဲ့သူေတြနဲ႔ ႀကဳံေတြ႕ရတဲ့အေၾကာင္းကို အခုလို ေျပာျပခဲ့ပါတယ္။
ေအးသီတာ ေျပာခဲ့တာကေတာ့ ” မုန္႔ဟင္းခါး ပြဲ ၆၀ မွာခ်င္လို႔တဲ့ ကိုေတြကလဲ လာပို႔ေပးမယ္ေပါ့ ေျပာၿပီခါမွ ` အမေရ အလႉေလးတခု ထည့္ေပးပါအုံးဆိုေတာ့ ကိုယ္ေတြကခ်က္ခ်င္းပဲ ၁ေသာင္းလႉမယ္လို႔ ေျပာလိုက္မိတယ္
အဲ့လိုနဲ႔ ပြဲ ၆၀ အတြက္ လိပ္စာကို ပို႔ေပးပါဆိုတာ ဟင္းခ်က္တဲ့ေန႔အထိ မပို႔လာဘူး ဖုန္းလဲဆက္မရနဲ႔ဆိုေတာ့…..ဒါနဲ႔ ကိုေတြလဲ သူမယူျဖစ္ဘူးလို႔ထင္ၿပီး သြားမပို႔ေတာ့ဘူးေလ.ေနာက္ရက္က်ေတာ့ ဖုန္းထပ္လာတယ္ သူစိုက္ထားတဲ့ အလႉေငြ တစ္ေသာင္းကို လႊဲေပးပါတဲ့ အဲ့ဒါနဲ႔ ေျပာလိုက္ေတာ့တယ္
ညီမကို လႉတယ္ဆိုတာက မုန္႔ဟင္းခါးလာပို႔ရင္းနဲ႔ ရတဲ့ပိုက္ဆံထဲက လႉမယ္လို႔ေျပာထားတာေလလို႔ အဲ့လိုဆိုလဲ မုန္႔ဟင္းခါးမွာတဲ့ပြဲ ၆၀ ဖိုးလႊဲလိုက္ လႊဲတဲ့ထဲက တစ္ေသာင္းျဖတ္ယူလိုက္ေလဆိုလဲ မရဘူး ၊အဖဲြ႕အစည္းနဲ႔ လုပ္ထားမို႔ အဲ့လိုလဲမရဘူးတဲ့
အဲ့ဒါနဲ႔ ေယာက္က်ားက ေဘးက နားေထာင္ၿပီး စိတ္မရွည္ေတာ့တာနဲ႔ ဖုန္းယူေျပာမွ ရပ္သြားေတာ့တယ္…” ဘာအေၾကာင္းနဲ႔ျဖစ္ျဖစ္ ေငြလႊဲမေပးႏိုင္းဘူး ” လို႔ …..တခုေျပာခ်င္တာက ကိုယ္ေတြက ခ်မ္းသာတဲ့ထဲလဲ မပါပါဘူး
ပိုက္ဆံမရွိရင္ ႐ိုး႐ိုးသားသားေတာင္းပါ က်မ တတ္ႏိုင္သေလာက္ ကူညီပါ့မယ္ ….လူအခ်င္းခ်င္း လွည့္ပတ္ျခင္း ကင္းေဝးၾကပါေစ ……..” ဆိုကာ ေရးသားေဖာ္ျပလာခဲ့တာ ျဖစ္ပါတယ္။ အဆုံးထိ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။
San KYi Par
Unicode
မုန့်ဟင်းခါး ပွဲ ၆၀ မှာချင်တယ်ဆိုကာ ဖုန်းဆက်ပြီးနောက် အလှူငွေဟုဆိုကာ လိမ်လည်ငွေတောင်းသူနဲ့ ကြုံခဲ့ရကြောင်းပြောပြလာတဲ့ အေးသီတာ
ဇာတ်ပို့သရုပ်ဆောင် အေးသီတာကတော့ အနုပညာလုပ်ငန်းများ ရပ်နားထားချိန်အတွင်း မုန့်ဟင်းခါးရောင်းချကာ ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။ မုန့်ဟင်းခါး ပွဲ ၆၀ အော်ဒါမှာချင်လို့ဆိုကာ ဖုန်းဆက်ပြီး ပိုက်ဆံလိမ်လည်ချင်တဲ့သူတွေနဲ့ ကြုံတွေ့ရတဲ့အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။
အေးသီတာ ပြောခဲ့တာကတော့ ” မုန့်ဟင်းခါး ပွဲ ၆၀ မှာချင်လို့တဲ့ ကိုတွေကလဲ လာပို့ပေးမယ်ပေါ့ ပြောပြီခါမှ ` အမရေ အလှူလေးတခု ထည့်ပေးပါအုံးဆိုတော့ ကိုယ်တွေကချက်ချင်းပဲ ၁သောင်းလှူမယ်လို့ ပြောလိုက်မိတယ်
အဲ့လိုနဲ့ ပွဲ ၆၀ အတွက် လိပ်စာကို ပို့ပေးပါဆိုတာ ဟင်းချက်တဲ့နေ့အထိ မပို့လာဘူး ဖုန်းလဲဆက်မရနဲ့ဆိုတော့…..ဒါနဲ့ ကိုတွေလဲ သူမယူဖြစ်ဘူးလို့ထင်ပြီး သွားမပို့တော့ဘူးလေ.နောက်ရက်ကျတော့ ဖုန်းထပ်လာတယ် သူစိုက်ထားတဲ့ အလှူငွေ တစ်သောင်းကို လွှဲပေးပါတဲ့ အဲ့ဒါနဲ့ ပြောလိုက်တော့တယ်
ညီမကို လှူတယ်ဆိုတာက မုန့်ဟင်းခါးလာပို့ရင်းနဲ့ ရတဲ့ပိုက်ဆံထဲက လှူမယ်လို့ပြောထားတာလေလို့ အဲ့လိုဆိုလဲ မုန့်ဟင်းခါးမှာတဲ့ပွဲ ၆၀ ဖိုးလွှဲလိုက် လွှဲတဲ့ထဲက တစ်သောင်းဖြတ်ယူလိုက်လေဆိုလဲ မရဘူး ၊အဖွဲ့အစည်းနဲ့ လုပ်ထားမို့ အဲ့လိုလဲမရဘူးတဲ့
အဲ့ဒါနဲ့ ယောက်ကျားက ဘေးက နားထောင်ပြီး စိတ်မရှည်တော့တာနဲ့ ဖုန်းယူပြောမှ ရပ်သွားတော့တယ်…” ဘာအကြောင်းနဲ့ဖြစ်ဖြစ် ငွေလွှဲမပေးနိုင်းဘူး ” လို့ …..တခုပြောချင်တာက ကိုယ်တွေက ချမ်းသာတဲ့ထဲလဲ မပါပါဘူး
ပိုက်ဆံမရှိရင် ရိုးရိုးသားသားတောင်းပါ ကျမ တတ်နိုင်သလောက် ကူညီပါ့မယ် ….လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ……..” ဆိုကာ ရေးသားဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။
San KYi Par