တန္ေဆာင္မုန္းလျပည့္ည ပစၥည္းခိုးရျခင္း အေၾကာင္းနဲ႔ လြဲမွားေနတဲ့ သူခိုးႀကီးည

Zawgyi

တန္ေဆာင္မုန္းလျပည့္ည ပစၥည္းခိုးရျခင္း အေၾကာင္းနဲ႔ လြဲမွားေနတဲ့ သူခိုးႀကီးည

တန္ေဆာင္မုန္းလျပည့္ညသည္ သူခိုးည လုံးဝမဟုတ္ပါ။ တန္ေဆာင္မုန္းလျပည့္ညသည္ ဗုဒၶဘာသာဝင္တို႔၏ ေန႔ထူးေန႔ျမတ္ျဖစ္ပါတယ္။ ျမတ္စြာဘုရားသည္ အဇာတသတ္ ရွင္ဘုရင္အား သာမညဖလ သုတ္ေတာ္ကို ေဟာေတာ္မူ၍

ဘုရင္ႏွင့္တကြ ေနာက္ပါ ျပည္သူ (၁) သိန္းခန္႔ ဗုဒၶဘာသာျဖစ္တဲ့ ညႀကီးပါ။ ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ ဗုဒၶဘာသာ ေန႔ႀကီးကို မသမာသူမ်ားက စုပ္ျပတ္ေအာင္ သူခိုးညဆိုၿပီး နာမည္တပ္လိုက္ေတာ့ အမွန္တရား ေပ်ာက္ကြယ္သလိုျဖစ္သြားပါတယ္။

လြန္ေလၿပီးေသာ ေရွးအခါက ေယာက္က်ားသားမ်ား ရွင္လိင္ျပန္ၾကရဝယ္ ေဆးမင္ေၾကာင္ထိုးသည့္ဓေလ့သည္ အထင္အရွားရွိခဲ့၏။ ရွင္ဘုရင္မွအစခ်ီကာ မင္းညီမင္းသား၊ မႉးမတ္သူႂကြယ္၊ ကုန္သည္၊လယ္လုပ္ အစခ်ီကာ

သူရင္းငွားမ်ားစေသာ လူေယာက္က်ားတို႔သည္ မင္ထိုးၾကေလသည္။ ယခုေခတ္ကဲ့သို႔ ႀကဳံသလိုထိုးျခင္း မဟုတ္ေခ်။ ေဆးမွင္ ထိုးသည့္အခါ နကၡတ္ေကာင္း၊ အခါေကာင္း ေစာင့္ဆိုင္းကာ ေမွာင္ခန္းေခၚ မွင္ထိုးသည့္ အခန္းတြင္ ကန္ေတာ့ပြဲေပး၍ ထိုးရသည္။

ထိုသို႔ ထိုးခဲ့ၿပီးေသာ ေယာက္က်ားတို႔သည္ တန္ေဆာင္မုန္းညနကၡတ္စုံခ်ိန္တြင္ ထိုးထားသည့္ ေၾကာင္တက္ေၾကာင္ဆင္းေဆးအေစာင့္တို႔သည္ တန္ခိုးျပသည္ဟု အယူရွိေသာေၾကာင့္ အရွင္မသိေသာ ပစၥည္းကိုခိုးယူကာ ခိုးကြင္း၌ ထားၿမဲျဖစ္၏။

ခိုးကြင္းဆိုသည္မွာ ခိုးရာပါပစၥည္းအား ဘယ္သူဘယ္ဝါ၏အိမ္မွ ပစၥည္းျဖစ္ေၾကာင္း ခိုးကြင္းတြင္ စာကပ္၍ ထားၾကသည္။ ထိုသို႔ခိုးရာတြင္ အသက္ရွိေသာအရာကို ခိုးယူႏိုင္စြမ္းေသာသူသည္ လူစြမ္းေကာင္းျဖစ္ေလသည္။

ေရွးအခါက ႏြားမ်ားႏွင့္ လူအိပ္ေနေသာ ကုတင္ကို လူမႏႈိးေအာင္ ထမ္း၍ခိုးကြင္း၌ လာထားၾကသည္။ မနက္မိုးလင္းေသာအခါ ပစၥည္းရွင္မ်ားကသကၤန္းအစုံျဖင့္ မိမိတို႔ ပစၥည္းကို လာေ႐ြးယူၾကၿပီး ကထိန္ပြဲကို ဆင္ႏြဲရသည္။

ပစၥည္းခိုး၍ လူမိေသာအခါတြင္ ထိုသူကိုဖမ္း၍ ခိုးကြင္းတြင္ ကတုံးတုံးကာ ျပာလူး၍ ထားၾကသည္။ကထိန္ပြဲတြင္ ထိုခိုးသားကို ႐ြာသူႀကီးက တရားသူႀကီးလုပ္ကာ တရားဆိုင္ခန္းျဖင့္ ဟာသလုပ္ၾကၿပီး ရဟန္းဝတ္ေစၿမဲျဖစ္သည္။

ဒီဘက္ေခတ္ေရာက္လာေတာ့ တန္ဘိုးရွိပစၥည္းေတြကို တကယ္ ခိုးလာၾကတယ္။လမ္းေတြေပၚမွာ က်က္သေရမဂၤလာ မရွိေအာင္ ႐ုပ္ပ်က္ ဆင္းပ်က္ ဆိုင္းဘုတ္ ေတြ

ျဖဳတ္ခ် ၊ အရက္ ဘီယာ အစားအေသာက္ေတြ ပလူပ်ံေအာင္ ျပန္႔က်ဲေနတယ္။ အေပ်ာ္ကေန အပ်က္ဘက္ကို ဦးတည္လာၾကတယ္။ အမွန္တရားကို ဗုဒၶဘာသာ ျမန္မာလူမ်ိဳးေတြ သိေစခ်င္၍ ရည္႐ြယ္ရင္း..

မူရင္းေရးသားသူအား ေလးစားမႈျဖင့္..

Unicode

တန်ဆောင်မုန်းလပြည့်ည ပစ္စည်းခိုးရခြင်း အကြောင်းနဲ့ လွဲမှားနေတဲ့ သူခိုးကြီးည

တန်ဆောင်မုန်းလပြည့်ညသည် သူခိုးည လုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ မြတ်စွာဘုရားသည် အဇာတသတ် ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မူ၍

ဘုရင်နှင့်တကွ နောက်ပါ ပြည်သူ (၁) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ ညကြီးပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာ နေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင် သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။

လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများ ရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ

သူရင်းငှားများစသော လူယောက်ကျားတို့သည် မင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ ဆေးမှင် ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည် တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့် အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။

ခိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။

ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။

ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။

ဒီဘက်ခေတ်ရောက်လာတော့ တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာ မရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ် တွေ

ဖြုတ်ချ ၊ အရက် ဘီယာ အစားအသောက်တွေ ပလူပျံအောင် ပြန့်ကျဲနေတယ်။ အပျော်ကနေ အပျက်ဘက်ကို ဦးတည်လာကြတယ်။ အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍ ရည်ရွယ်ရင်း..

မူရင်းရေးသားသူအား လေးစားမှုဖြင့်..