ပရိတ္ရြတ္ ေမတၱာပို႔ရင္ ေရဆူတယ္ဆိုတာကို လြဲမွားစြာ မွတ္ယူေနၾကသူမ်ား
Zawgyi
ပရိတ္ရြတ္ ေမတၱာပို႔ရင္ ေရဆူတယ္ဆိုတာကို လြဲမွားစြာ မွတ္ယူေနၾကသူမ်ား
ဟိုးတေလာကဂ႐ုတခုမွာပထမဆုံး ေန႔မွာပဲမဟာသမယသုတ္ ရြတ္တာနဲ႔ ေရဆူတယ္ဘာညာနဲ႔ ဓာတ္ပုံႀကီးနဲ႔ တင္တာ ဖတ္မိေတာ့ ျပဳံးမိတယ္ဝင္မန႔္ၿပီး ေျပာခ်င္ေပမယ့္ တခ်ိဳ႕ေသာ facts ေတြက ေျပာဖို႔အခ်ိန္အခါမသင့္တာရယ္
ယုတၱိက်က် ေထာက္ျပေပမယ့္ သူမ်ားယုံၾကည္မွုကို ေလွာင္သလို ျဖစ္သြားမွာရယ္ မို႔ ဘာမွ မွတ္ခ်က္မေပးေတာ့ဘဲ ေအာက္က ကြန္ မန႔္ေပါင္းစုံဖတ္ၿပီး စိတ္ထဲမေကာင္း သလို ရယ္ခ်င္သလို ျဖစ္မိတာတကယ္ပါပဲ ။
မေန႔ကေတာ့ ဗိုက္ဗာကေန ကိုယ့္ကို အမ်ိဳးေတာ္စပ္သူ တေယာက္က ပုံတစ္ပုံပို႔ၿပီး လာျပတာ ၾကည့္မိေတာ့ ဖန္ခြက္ထဲမယ္ ေရဆူေနတယ္ ေမတၱာသုတ္အပါအဝင္ အျခား ရြတ္ဖတ္တာေတြေၾကာင့္
ကပ္ထားတဲ့ ေရေတာ္က ဖန္ခြက္ထဲမွာ ဆူပြက္ေနတယ္ေပါ့ ဆိုၿပီး လာျပေရာ။ ဒါနဲ႔ ဟာာ သြားၿပီ ဒီလိုဆို မျဖစ္ေခ်ဘူး ဆိုၿပီး တခ်ိဳ႕ ေတြရဲ့ ထင္ေယာင္ထင္မွား အယူမွားေတြ အေတြးမွားေတြဟာ အျခားသူကို ကူးစက္ေစၿပီး
သူတို႔ကိုယ္သူတို႔ သိဒၵိၿပီးေျမာက္ေနသူလို စြမ္းအားတန္ခိုးရွင္လိုလို ပုံဖမ္းၿပီး လူေတြရဲ့ ခ်ီးက်ဴးမွု အထင္ႀကီး မွုေတြကို အလကား ညာထိုင္ယူေနတဲ့သူေတြကို ေျခဖ်က္ဖို႔ ကိုယ္ ရိုက္ထားတဲ့ ပုံေတြပုံေတြတိုင္းကို ထုတ္ျပလိုက္တယ္ ။
ဓာတုေဗဒ သင္ဖူးရင္ ဖန္ခြက္ထဲ ေရေမာ္လီက်ဴးအက္တမ္ အေၾကာင္းေတြ surface tension အေၾကာင္းေတြ သင္ခဲ့ဖူးရင္ ဒါမ်ိဳး ႐ူးေၾကာင္မူးေၾကာင္ေတြေရးၿပီး လူေတြေခါင္းထဲ ေရလိုက္ထည့္ေနမွာ မဟုတ္ဘူးလို႔။
ဘာသာတရားကို ခုတုံးလုပ္ၿပီး သူတို႔ကို လူအထင္ႀကီးေအာင္ တမင္တကာ လုပ္ေပါက္ျဖစ္ေနတယ္လို႔ ေျပာလိုက္တယ္ ( အဲ့လိုေျပာေတာ့ လူမုန္းမွာေတာ့ အမွန္ေနာ္ ) ။
ကိုယ့္သမာဓိတအားေကာင္းလို႔ အခ်ိန္ တိုင္း ဈာန္သမၼာပတ္ဝင္စားလို႔ ဂုဏ္ေတာ္ေတြ ရြတ္ပါမ်ားလို႔ ထုံမႊန္းေနလို႔ အထုံပါေနရင္ေတာ့ တမ်ိဳးေပါ့။ ဘာသာတရားအပါအဝင္ အရာရာကို တဖက္ထဲ မေတြးပဲ က်န္တဲ့ရွု႔ေထာင့္ေတြ ဘက္ကလဲ ေတြးၿပီး
ယုတၱိ က်က် ေလးေတြးေစခ်င္တာပါ။ ဒီဘာရယ္မဟုတ္ ရိုက္မိထားတဲ့ ပုံေတြကို ျပလိုက္ရင္းနဲ႔ ဒီပုံအတိုင္းဆိုေတာ့ ငါေတာ္ေတာ္ တန္ခိုးရွိေနတာေပါ့ ေနာ့္ စ ေနာက္ လိုက္ေသးတယ္ ။
ဟိုးငယ္ငယ္ ကေလးပိစိဘဝတုန္းက ေရဆူဆရာေတာ္ တရားပြဲေတြ လူႀကီးေတြနဲ႔ လိုက္နာဖူးတယ္။ ဘြဲ႕နာမည္ေတာ့ မမွတ္မိဘူး (ဆရာေတာ္ ဦးဥတၱမသာရကို ေျပာတာ မဟုတ္ဘူးေနာ္) တရားပြဲမွာ ဆရာေတာ္ႀကီး ပိတ္ရြတ္ၿပီး ေမတၱာပို႔တဲ့အခါ
ေရသန႔္ဗူးေလးေတြ ေရွ႕ခ်ထားတာေတာင္ ေရဆူလာတာ ေတြ႕ဖူးတယ္။ ေရဆူတယ္ဆိုတာ အခုလို ပုံထဲကလို မဟုတ္ဘူး ေရဗူးထဲမွာ အလယ္ကေန ေရေတြ အေပၚကို ပလုံစီ တက္ကို တက္လာတာ။
လွုပ္ခါေနလို႔ မဟုတ္ဘူး။ ပကတိ ၿငိမ္ေနတဲ့ မ်က္ႏွာျပင္ေပၚ တုန္ခါမွုကင္းတဲ့ မ်က္ႏွာျပင္မွာ ပလုံစီတက္လာတဲ့ ေရလမ္းေၾကာာင္းက အလယ္ကေန တက္လာတာ ေရဗူးေဘးေဘာင္ကေန မဟုတ္ဘူး။
အသံလွိုင္း တုန္ခါမွုေၾကာင့္ မဟုတ္ဘဲ ၿငိမ္ေနတဲ့ စားပြဲေပၚမွာ ထားထားတဲ့ ေရဗူးထဲက ေရရဲ့ လွုပ္ရွားမွု အလ်င္ ပါတယ္။ အဲဒါမွ ေရဆူတယ္လို႔ ေခၚတယ္။ မိမိဘာသာ စမ္းသပ္ခ်င္တယ္ဆိုရင္ ဟိုးရဟႏၲာ ဆရာေတာ္ႀကီးေတြ
ေမတၱာဘာဝနာ အားထုတ္ပြားမ်ား ထားၾကတဲ့ ဆရာေတာ္ႀကီးေတြရဲ့ ပရိတ္တရားေခြ ဖြင့္ၿပီး သူတို႔ရဲ့ အသံစြမ္းအားကေန တဆင့္ ထုံမႊမ္းေနေအာင္ ေန႔ေရာညာေရာ ဖြင့္ၿပီး စမ္းၾကည့္။
သတၱိထုံလႊမ္းလာတဲ့အခါ
အဲဒီေရက ထပြက္တာ ျမင္ရမယ္။ လူေတြကလည္း သီလသမာဓိ ေမတၱာ အားေကာင္းေနရင္ေတာ့ ျဖစ္လာၾကမွာပါ။ ေနာက္ၿပီး အာစက္လၽွာစက္ ညံ့ေအာင္ မေနသင့္ဘူး။
အဲဒီလို ျဖစ္ရွိေအာင္လဲ ႐ုန႔္ရင္း ၾကမ္းတမ္းတဲ့ စကားေတြနဲ႔ အယုတၱ အနတၱေတြ မေျပာဆိုဘဲ ေနထိုင္သင့္တယ္။ကိုယ္က ဘာသာ တရားကို ယုံၾကည္သလို အထက္လမ္းဆိုတာေရာ ေအာက္လမ္းဆိုတာေရာ ယုံၾကည္ပါတယ္
မေကာင္းဆိုးဝါးေတြ ရွိတယ္ဆိုတာလဲ ယုံပါတယ္ ။ သုံးဆယ္တစ္ဘုံလုံးမွာ နတ္ သိၾကား ေဒဝါ ျဗမၼာေတြ ရွိေနတာလဲ ယုံပါတယ္ ဆိုေပမယ့္လဲ လက္ေတြ႕ဆန္ၿပီး ယုတၱိရွိမွ လက္ခံေပးတာ။
တခ်ိဳ႕ အရာေတြက ကိုယ္မနဲ႔ မအပ္စပ္တဲ့ အရာ မျမင္ အပ္တဲ့ အရာမို႔ တခ်ိဳ႕အရာေတြက ကိုယ္တိုင္မ ျမင္ရ မၾကဳံရေပမယ့္ တကယ့္ကို ယုံၾကည္ပါတယ္။ အရာအားလုံးကိုလဲ ယုတၱိက်က် လက္ခံပါတယ္ ။
တယူသန္ႀကီး အယူဝါဒ တဖက္သတ္ ဆန္ေနရင္ေတာ့ လက္ခံေပးလို႔မရသလို ေဝးေဝးေရွာင္ပါတယ္။ဂုဏ္ေတာ္ေတြ ပရိတ္ေတြ ပဌါန္းေတြ သစၥာေလးပါး တရားေတာ္ေတြကို ေပ်ာက္ပ်က္မသြားေအာင္ ေစာင့္ေရွာက္ေနတဲ့ သာသနာ့ နယ္ပယ္အသီးသီးက
နတ္ သိၾကား ျဗမၼာ နဲ႔ အရိယာသူေတာ္ေကာင္းေတြက ထို ဂုဏ္ေတာ္ေတြ ေန႔စင္ပြားမ်ား ေနသူေတြ ၊ ဘာဝနာတရား ပြားေနၾကတဲ့ လူေတြကိုလည္း တကူးတကကို အထူး ေစာင့္ေရွာက္ပါတယ္။
ေလာကီအက်ိဳးေအာင္ဖို႔ေမၽွာ္ကိုးၿပီး ေလာဘစိတ္နဲ႔ ရြတ္ေနဖတ္ေနျခင္းမွကင္းေဝး၍ အသိတရားကပ္၍ တရားေတြ႕ၿပီး ကိုယ့္အစြဲကိုယ္ ခၽြတ္နိုင္ၾကပါေစ ။ ထိုအတိုင္းပဲ ကိုယ္လဲ ျဖစ္ရပါေစ။
မွတ္ခ်က္
အခုပုံထဲမွာ ျမင္ရတာေတြကဘာေရမွဆူတာမဟုတ္ပါ။ ေျပာသမၽွ ေခါင္းညိတ္ျပဖို႔ပုတ္သင္ညိဳမဟုတ္ေတာ့လဲခက္တယ္ေလ။မဟုတ္တာသိသိႀကီးနဲ႔လူ႔အႀကိဳက္ေဆာင္ ေျပာေပးဖို႔ ဝန္ေလးတတ္တဲ့ကိုယ့္အတြက္ေတာ့နဲနဲေတာ့လူမုန္းတာေပါ့။
သူမ်ား ဂ႐ုထဲက သူမ်ားပုံေတာ့ မတင္ျပေတာ့ဘူး။တခါတေလၾကရင္ လူေတြကို တအား စခ်င္တာ ၊ အရြတ္အဖတ္ ဂ႐ုထဲဝင္ၿပီး ဒီပုံေတြျပၿပီး ေနာက္ေျပာင္မလို႔ ဒါေပမယ့္ လူေတြရဲ့ ၾသဘာနဲ႔ ခ်ီး က်ဴးမွု႔ကို ညာယူဖို႔ စိတ္မသန္႔လို႔သာ
ကိုယ့္ရဲ့ ေနာက္ေျပာင္က်ီစယ္ခ်င္တဲ့ စိတ္ကို ခ်ိဳးႏွိမ္ပစ္လိုက္ရတာ ။ တခါတေလ ျမင္ရတာေတြက ကိုယ့္အတြက္ ဟာသတခုလို ျဖစ္ေနေရာ။ အမယ္ေျပာေနရင္း ဓာတုေဗဒ စာ အုပ္ေလးေတြ ျပန္လွန္ေလ့လာၾကေတာ့မယ္ ထင္ပါ့ ေနာ္
Chen Ingrid
Unicode
ပရိတ်ရွတ် မေတ္တာပို့ရင် ရေဆူတယ်ဆိုတာကို လွဲမှားစွာ မှတ်ယူနေကြသူများ
ဟိုးတလောကဂရုတခုမှာပထမဆုံး နေ့မှာပဲမဟာသမယသုတ် ရွတ်တာနဲ့ ရေဆူတယ်ဘာညာနဲ့ ဓာတ်ပုံကြီးနဲ့ တင်တာ ဖတ်မိတော့ ပြုံးမိတယ်ဝင်မန့်ပြီး ပြောချင်ပေမယ့် တချို့သော facts တွေက ပြောဖို့အချိန်အခါမသင့်တာရယ်
ယုတ္တိကျကျ ထောက်ပြပေမယ့် သူများယုံကြည်မှုကို လှောင်သလို ဖြစ်သွားမှာရယ် မို့ ဘာမှ မှတ်ချက်မပေးတော့ဘဲ အောက်က ကွန် မန့်ပေါင်းစုံဖတ်ပြီး စိတ်ထဲမကောင်း သလို ရယ်ချင်သလို ဖြစ်မိတာတကယ်ပါပဲ ။
မနေ့ကတော့ ဗိုက်ဗာကနေ ကိုယ့်ကို အမျိုးတော်စပ်သူ တယောက်က ပုံတစ်ပုံပို့ပြီး လာပြတာ ကြည့်မိတော့ ဖန်ခွက်ထဲမယ် ရေဆူနေတယ် မေတ္တာသုတ်အပါအဝင် အခြား ရွတ်ဖတ်တာတွေကြောင့်
ကပ်ထားတဲ့ ရေတော်က ဖန်ခွက်ထဲမှာ ဆူပွက်နေတယ်ပေါ့ ဆိုပြီး လာပြရော။ ဒါနဲ့ ဟာာ သွားပြီ ဒီလိုဆို မဖြစ်ချေဘူး ဆိုပြီး တချို့ တွေရဲ့ ထင်ယောင်ထင်မှား အယူမှားတွေ အတွေးမှားတွေဟာ အခြားသူကို ကူးစက်စေပြီး
သူတို့ကိုယ်သူတို့ သိဒ္ဒိပြီးမြောက်နေသူလို စွမ်းအားတန်ခိုးရှင်လိုလို ပုံဖမ်းပြီး လူတွေရဲ့ ချီးကျူးမှု အထင်ကြီး မှုတွေကို အလကား ညာထိုင်ယူနေတဲ့သူတွေကို ခြေဖျက်ဖို့ ကိုယ် ရိုက်ထားတဲ့ ပုံတွေပုံတွေတိုင်းကို ထုတ်ပြလိုက်တယ် ။
ဓာတုဗေဒ သင်ဖူးရင် ဖန်ခွက်ထဲ ရေမော်လီကျူးအက်တမ် အကြောင်းတွေ surface tension အကြောင်းတွေ သင်ခဲ့ဖူးရင် ဒါမျိုး ရူးကြောင်မူးကြောင်တွေရေးပြီး လူတွေခေါင်းထဲ ရေလိုက်ထည့်နေမှာ မဟုတ်ဘူးလို့။
ဘာသာတရားကို ခုတုံးလုပ်ပြီး သူတို့ကို လူအထင်ကြီးအောင် တမင်တကာ လုပ်ပေါက်ဖြစ်နေတယ်လို့ ပြောလိုက်တယ် ( အဲ့လိုပြောတော့ လူမုန်းမှာတော့ အမှန်နော် ) ။
ကိုယ့်သမာဓိတအားကောင်းလို့ အချိန် တိုင်း ဈာန်သမ္မာပတ်ဝင်စားလို့ ဂုဏ်တော်တွေ ရွတ်ပါများလို့ ထုံမွှန်းနေလို့ အထုံပါနေရင်တော့ တမျိုးပေါ့။ ဘာသာတရားအပါအဝင် အရာရာကို တဖက်ထဲ မတွေးပဲ ကျန်တဲ့ရှု့ထောင့်တွေ ဘက်ကလဲ တွေးပြီး
ယုတ္တိ ကျကျ လေးတွေးစေချင်တာပါ။ ဒီဘာရယ်မဟုတ် ရိုက်မိထားတဲ့ ပုံတွေကို ပြလိုက်ရင်းနဲ့ ဒီပုံအတိုင်းဆိုတော့ ငါတော်တော် တန်ခိုးရှိနေတာပေါ့ နော့် စ နောက် လိုက်သေးတယ် ။
ဟိုးငယ်ငယ် ကလေးပိစိဘဝတုန်းက ရေဆူဆရာတော် တရားပွဲတွေ လူကြီးတွေနဲ့ လိုက်နာဖူးတယ်။ ဘွဲ့နာမည်တော့ မမှတ်မိဘူး (ဆရာတော် ဦးဥတ္တမသာရကို ပြောတာ မဟုတ်ဘူးနော်) တရားပွဲမှာ ဆရာတော်ကြီး ပိတ်ရွတ်ပြီး မေတ္တာပို့တဲ့အခါ
ရေသန့်ဗူးလေးတွေ ရှေ့ချထားတာတောင် ရေဆူလာတာ တွေ့ဖူးတယ်။ ရေဆူတယ်ဆိုတာ အခုလို ပုံထဲကလို မဟုတ်ဘူး ရေဗူးထဲမှာ အလယ်ကနေ ရေတွေ အပေါ်ကို ပလုံစီ တက်ကို တက်လာတာ။
လှုပ်ခါနေလို့ မဟုတ်ဘူး။ ပကတိ ငြိမ်နေတဲ့ မျက်နှာပြင်ပေါ် တုန်ခါမှုကင်းတဲ့ မျက်နှာပြင်မှာ ပလုံစီတက်လာတဲ့ ရေလမ်းကြောာင်းက အလယ်ကနေ တက်လာတာ ရေဗူးဘေးဘောင်ကနေ မဟုတ်ဘူး။
အသံလှိုင်း တုန်ခါမှုကြောင့် မဟုတ်ဘဲ ငြိမ်နေတဲ့ စားပွဲပေါ်မှာ ထားထားတဲ့ ရေဗူးထဲက ရေရဲ့ လှုပ်ရှားမှု အလျင် ပါတယ်။ အဲဒါမှ ရေဆူတယ်လို့ ခေါ်တယ်။ မိမိဘာသာ စမ်းသပ်ချင်တယ်ဆိုရင် ဟိုးရဟန္တာ ဆရာတော်ကြီးတွေ
မေတ္တာဘာဝနာ အားထုတ်ပွားများ ထားကြတဲ့ ဆရာတော်ကြီးတွေရဲ့ ပရိတ်တရားခွေ ဖွင့်ပြီး သူတို့ရဲ့ အသံစွမ်းအားကနေ တဆင့် ထုံမွှမ်းနေအောင် နေ့ရောညာရော ဖွင့်ပြီး စမ်းကြည့်။
သတ္တိထုံလွှမ်းလာတဲ့အခါ
အဲဒီရေက ထပွက်တာ မြင်ရမယ်။ လူတွေကလည်း သီလသမာဓိ မေတ္တာ အားကောင်းနေရင်တော့ ဖြစ်လာကြမှာပါ။ နောက်ပြီး အာစက်လျှာစက် ညံ့အောင် မနေသင့်ဘူး။
အဲဒီလို ဖြစ်ရှိအောင်လဲ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားတွေနဲ့ အယုတ္တ အနတ္တတွေ မပြောဆိုဘဲ နေထိုင်သင့်တယ်။ကိုယ်က ဘာသာ တရားကို ယုံကြည်သလို အထက်လမ်းဆိုတာရော အောက်လမ်းဆိုတာရော ယုံကြည်ပါတယ်
မကောင်းဆိုးဝါးတွေ ရှိတယ်ဆိုတာလဲ ယုံပါတယ် ။ သုံးဆယ်တစ်ဘုံလုံးမှာ နတ် သိကြား ဒေဝါ ဗြမ္မာတွေ ရှိနေတာလဲ ယုံပါတယ် ဆိုပေမယ့်လဲ လက်တွေ့ဆန်ပြီး ယုတ္တိရှိမှ လက်ခံပေးတာ။
တချို့ အရာတွေက ကိုယ်မနဲ့ မအပ်စပ်တဲ့ အရာ မမြင် အပ်တဲ့ အရာမို့ တချို့အရာတွေက ကိုယ်တိုင်မ မြင်ရ မကြုံရပေမယ့် တကယ့်ကို ယုံကြည်ပါတယ်။ အရာအားလုံးကိုလဲ ယုတ္တိကျကျ လက်ခံပါတယ် ။
တယူသန်ကြီး အယူဝါဒ တဖက်သတ် ဆန်နေရင်တော့ လက်ခံပေးလို့မရသလို ဝေးဝေးရှောင်ပါတယ်။ဂုဏ်တော်တွေ ပရိတ်တွေ ပဌါန်းတွေ သစ္စာလေးပါး တရားတော်တွေကို ပျောက်ပျက်မသွားအောင် စောင့်ရှောက်နေတဲ့ သာသနာ့ နယ်ပယ်အသီးသီးက
နတ် သိကြား ဗြမ္မာ နဲ့ အရိယာသူတော်ကောင်းတွေက ထို ဂုဏ်တော်တွေ နေ့စင်ပွားများ နေသူတွေ ၊ ဘာဝနာတရား ပွားနေကြတဲ့ လူတွေကိုလည်း တကူးတကကို အထူး စောင့်ရှောက်ပါတယ်။
လောကီအကျိုးအောင်ဖို့မျှော်ကိုးပြီး လောဘစိတ်နဲ့ ရွတ်နေဖတ်နေခြင်းမှကင်းဝေး၍ အသိတရားကပ်၍ တရားတွေ့ပြီး ကိုယ့်အစွဲကိုယ် ချွတ်နိုင်ကြပါစေ ။ ထိုအတိုင်းပဲ ကိုယ်လဲ ဖြစ်ရပါစေ။
မှတ်ချက်
90အခုပုံထဲမှာ မြင်ရတာတွေကဘာရေမှဆူတာမဟုတ်ပါ။ ပြောသမျှ ခေါင်းညိတ်ပြဖို့ပုတ်သင်ညိုမဟုတ်တော့လဲခက်တယ်လေ။မဟုတ်တာသိသိကြီးနဲ့လူ့အကြိုက်ဆောင် ပြောပေးဖို့ ဝန်လေးတတ်တဲ့ကိုယ့်အတွက်တော့နဲနဲတော့လူမုန်းတာပေါ့။
သူများ ဂရုထဲက သူများပုံတော့ မတင်ပြတော့ဘူး။တခါတလေကြရင် လူတွေကို တအား စချင်တာ ၊ အရွတ်အဖတ် ဂရုထဲဝင်ပြီး ဒီပုံတွေပြပြီး နောက်ပြောင်မလို့ ဒါပေမယ့် လူတွေရဲ့ သြဘာနဲ့ ချီး ကျူးမှု့ကို ညာယူဖို့ စိတ်မသန့်လို့သာ
ကိုယ့်ရဲ့ နောက်ပြောင်ကျီစယ်ချင်တဲ့ စိတ်ကို ချိုးနှိမ်ပစ်လိုက်ရတာ ။ တခါတလေ မြင်ရတာတွေက ကိုယ့်အတွက် ဟာသတခုလို ဖြစ်နေရော။ အမယ်ပြောနေရင်း ဓာတုဗေဒ စာ အုပ်လေးတွေ ပြန်လှန်လေ့လာကြတော့မယ် ထင်ပါ့ နော်
Chen Ingrid