နားလေးသူတို့အတွက်ဆေးနည်း

Zawgyi

ငယ်စဉ်က (၇)တန်းတွင်အတန်းတူ သူငယ်ချင်း စိုးဦးဆိုသူရှိပါသည်။ စိုးဦးကို အတန်းဖေါ်သူ ငယ် ချင်းများကနားထိုင်း၍ အဘိုးလေး ဟုခေါ်ပါသည်။ အချို့ အဘိုးလေးစိုးဦး၊ စိုးဦးနံမည်ေ ပျာက် ငယ်ငယ်ရွယ်ရွယ်နှင့် အဘိုးလေးအမည်ရတော့သည်။

နောက်ပိုင်း စိုးဦးနှင်ပြန်တွေ့ချိန်တွင် စိုးဦးဋ္ဌာနတစ်ခုတွင် ဦးစီးအရာရှိတစ်ယောက်ဖြစ်နေပြီး နားမလေးတော့ပါ ဟုဆိုပါသည်။

ဆေးနည်း

ကြောင်လျာ၏အသီး၊အပွင့်နှင့် အရွက်နုကို မကြာမဏကြော်စားခြင်း ၊သုပ်စားခြင်း၊ အတို့အြ မှု ပ် လုပ်စားခြင်းနှင့် ရွက်ကျပင်ပေါက်ကို မီးကင်ပြီး နားနှစ်ဖက်အတွင်းသို့ နှစ်ရက်တစ်ကြိမ်ေ လာက် အရည်ညှစ်ထည့်ပေးခြင်းဖြစ်သည်ဟုဆိုပါသည်။

အင်္ဂလိပ်ဆေး သုံးစွဲခြင်းမရှိပါဟုဆိုပါသည်။(၆)လလောက်လုပ်ရသည်ဟု ဆိုပါသည်။ အသက် (၈၉)နှစ် နားမထိုင်းသောအဘိုးအိုကံစမ်းလိုသောစိတ်ဖြင့် ထီးထိုးရန် ထီးဆိုင်သို့အ၀င် ထီလက် မှတ်ရောင်းနေသော အဖိုးအိုကိုတွေ့လေသည်။

အဘိုးအို ထံမှ ထီလက်မှတ်(၅)စောင်ဝယ်ယူရာ မိမိပြောသောစကားသံကိုတိုးတိုးပြောရုံဖြင့် ကြားလေသည်။အဘိုး အသက်ဘယ်လောက်ရှိပြီးလဲ(၈၉)နှစ်ကွဲ့

အဘိုးနားတွေ ကောင်းနေတုန်းပဲနော်…။

ဟုတ်တယ်ကွဲ့..။

အဘိုးနားအတွက် ဘာဆေးစားလဲမေးမိရာ

ကြောင်ရှာသီးသည် နားကို အလွန်ပြုကြောင်း၊ငယ်စဉ်ကပင် နားပြည်ယို၊နားကိုက်လျှင် ကြောင် ရှာသီး၊ကြောင်ရှာရွက်ကို သုပ်စား၊ကြော်စားနဲ့ အမြဲလိုပျောက်ကင်းကြောင်းနှင့် မကြာခဏရွက် ကျပင်ပေါက် သတ္တုရည်လေးကို နားတွင် မီးလေးကင်ပြီးနားထဲသို့ထည့်၍ နားကောင်းသည် ဟုထင်သည်ဟုဆိုပါသည်။

ထိုပြင် အဘိုးအို၏ အိမ်အတွင်းတွင် ပန်းအိုးနှင့်စိုက်ပျိုးထားသော ရွက်ကျပင်ပေါက်ပင်အား လက်ညှိုးထိုးကာ ပြလိုပါတော့သည်။ထိုကြောင့် နားလေး၊နားအူ၊နားထိုင်သူများ ကြောင်ရှာ သီး၊ရွက်၊အပွင့်နှင့် ရွက်ကျပင်ပေါက်အား အသုံးပြုနိုင်ပါကြောင်း သိမီမှတ်သားဖူးသော ဆေး သု တတစ်ခုအား မျှဝေလိုက်ရပါသည်။ခရက်ဒစ်

Unicode