ေတာင္ႀကီး တကၠသိုလ္မွာ Q ဝင္ေနသည့္ အမ်ိဳးသမီး တဦး ျပဳက်င့္ခံရ
Zawgyi
ေတာင္ႀကီး တကၠသိုလ္မွာ Q ဝင္ေနသည့္ အမ်ိဳးသမီး တဦး ျပဳက်င့္ခံရ
ေတာင္ႀကီးတကၠသိုလ္ရွိ Q Center တြင္ Q ဝင္ေရာက္ေနေသာ အမ်ိဳးသမီးတစ္ဦး ျပဳက်င့္ခံရသျဖင့္ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိပါတယ္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၂၉ ရက္တြင္ ျမဝတီၿမိဳ႕မွ ေနရပ္ျပန္လာေသာ အမ်ိဳးသမီးတစ္ဦးသည္ ေတာင္ႀကီးၿမိဳ႕ ေတာင္ႀကီးတကၠသိုလ္ နန္းဝတီအမ်ိဳးသမီးအေဆာင္ Q Center သို႔ ေရာက္ရွိၿပီး
မၾကာမီ ညဘက္ ၈ နာရီခြဲခန႔္တြင္ အမည္မသိ အမ်ိဳးသားတစ္ဦးသည္ ဒါးကိုင္ေဆာင္ထားၿပီး အမ်ိဳးသမီးကို ျပဳက်င့္ခဲ့ၿပီးထြက္ေျပးသြားခဲ့သျဖင့္ နီးစပ္ရာအခန္းေဖာ္ကို သတင္းပို႔ၿပီး သက္ဆိုင္ရာသို႔ လွမ္းအေၾကာင္းၾကားခဲ့ရာ
တာဝန္ရွိသူမ်ား လာေရာက္စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္းသိရပါတယ္။ အဆိုပါ အမ်ိဳးသမီး၏ ေျပာၾကားခ်က္အရ အမ်ိဳးသားသည္ ေအာက္ထပ္ အိမ္သာခန္းဘက္သို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရပါတယ္။
အခင္းျဖစ္ရာေနရာသို႔ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွ ျပည္နယ္မႉး ရဲမႉးခ်ဳပ္ တင္ကိုကို၊ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႕မႉး၊ ေတာင္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး၊ ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွ စခန္းမႉး၊ ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊
ၾကက္ေျခနီတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ က်န္းမာေရးဆရာမမ်ား လာေရာက္ စစ္ေဆးခဲ့ၿပီး၊ Q Center ႏွစ္ထပ္ေဆာင္ကို လူစုခြဲ၍ ရွာေဖြခဲ့ေသာ္လည္း က်ဴးလြန္သူကို ရွာမေတြ႕ဘဲ လြတ္ေျမာက္သြားေၾကာင္း သိရပါတယ္။
အဆိုပါ နန္းဝတီ အမ်ိဳးသမီးအေဆာင္သည္ အေနာက္ဘက္တြင္ သံဇကာအေပါက္ တစ္ေပါက္ရွိၿပီး အေနာက္ဘက္မွ ဝင္လာႏိုင္စရာအေၾကာင္းရွိေၾကာင္း ရဲတပ္ဖြဲ႕က သုံးသပ္ထားပါတယ္။
အဆိုပါ အမ်ိဳးသမီးကို ၾကက္ေျခနီတပ္ဖြဲ႕ ေမာ္ေတာ္ယာဥ္ျဖင့္ ေတာင္ႀကီးၿမိဳ႕ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေဆး႐ုံမွာပင္ ႏွာေခါင္းတို႔ဖတ္နမူနာမ်ားကို ရယူသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
“ေလာေလာဆယ္ စုံစမ္းဆဲပါပဲ။ အမႈဖြင့္တာေပ့ါ။ ညတြင္းခ်င္း ဖြင့္တာေပ့ါ။ ၃၇၆ နဲ႔ ဖြင့္တာေပ့ါ။ က်န္းမာေရးက ေနာက္တစ္ေန႔ေလာက္မွ ေဆးစာရမယ္။ အမ်ိဳးသမီးနဲ႔ ကေလးေဆး႐ုံမွာေလ။ သူ႔ကို ကိုဗစ္ ေရာဂါပိုးရွိ မရွိ စစ္တယ္။
ဒီမနက္ ၈ နာရီခြဲေလာက္မွာ ေဆးကုသမႈေတြ လုပ္ပါတယ္”ဟု ေတာင္ႀကီးခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီး ေဇာ္ေဌးဦးက ႏိုဝင္ဘာ ၃၀ ရက္တြင္ ေျပာၾကားပါတယ္။
အဆိုပါျဖစ္စဥ္မွ က်ဴးလြန္သူအား အျမန္ဆုံး ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ သိရပါတယ္။
Unicode
တောင်ကြီး တက္ကသိုလ်မှာ Q ဝင်နေသည့် အမျိုးသမီး တဦး ပြုကျင့်ခံရ
တောင်ကြီးတက္ကသိုလ်ရှိ Q Center တွင် Q ဝင်ရောက်နေသော အမျိုးသမီးတစ်ဦး ပြုကျင့်ခံရသဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက်တွင် မြဝတီမြို့မှ နေရပ်ပြန်လာသော အမျိုးသမီးတစ်ဦးသည် တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် နန်းဝတီအမျိုးသမီးအဆောင် Q Center သို့ ရောက်ရှိပြီး
မကြာမီ ညဘက် ၈ နာရီခွဲခန့်တွင် အမည်မသိ အမျိုးသားတစ်ဦးသည် ဒါးကိုင်ဆောင်ထားပြီး အမျိုးသမီးကို ပြုကျင့်ခဲ့ပြီးထွက်ပြေးသွားခဲ့သဖြင့် နီးစပ်ရာအခန်းဖော်ကို သတင်းပို့ပြီး သက်ဆိုင်ရာသို့ လှမ်းအကြောင်းကြားခဲ့ရာ
တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ အမျိုးသမီး၏ ပြောကြားချက်အရ အမျိုးသားသည် အောက်ထပ် အိမ်သာခန်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်ရာနေရာသို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်မှူး ရဲမှူးချုပ် တင်ကိုကို၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊
ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ လာရောက် စစ်ဆေးခဲ့ပြီး၊ Q Center နှစ်ထပ်ဆောင်ကို လူစုခွဲ၍ ရှာဖွေခဲ့သော်လည်း ကျူးလွန်သူကို ရှာမတွေ့ဘဲ လွတ်မြောက်သွားကြောင်း သိရပါတယ်။
အဆိုပါ နန်းဝတီ အမျိုးသမီးအဆောင်သည် အနောက်ဘက်တွင် သံဇကာအပေါက် တစ်ပေါက်ရှိပြီး အနောက်ဘက်မှ ဝင်လာနိုင်စရာအကြောင်းရှိကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။
အဆိုပါ အမျိုးသမီးကို ကြက်ခြေနီတပ်ဖွဲ့ မော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှာပင် နှာခေါင်းတို့ဖတ်နမူနာများကို ရယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။
“လောလောဆယ် စုံစမ်းဆဲပါပဲ။ အမှုဖွင့်တာပေ့ါ။ ညတွင်းချင်း ဖွင့်တာပေ့ါ။ ၃၇၆ နဲ့ ဖွင့်တာပေ့ါ။ ကျန်းမာရေးက နောက်တစ်နေ့လောက်မှ ဆေးစာရမယ်။ အမျိုးသမီးနဲ့ ကလေးဆေးရုံမှာလေ။ သူ့ကို ကိုဗစ် ရောဂါပိုးရှိ မရှိ စစ်တယ်။
ဒီမနက် ၈ နာရီခွဲလောက်မှာ ဆေးကုသမှုတွေ လုပ်ပါတယ်”ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဌေးဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားပါတယ်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရပါတယ်။