“ကိုဗစ္ ဒုတိယလႈိင္း မွာ ကြၽန္ေတာ္တို႔ ရႈံးသြားခဲ့ပါၿပီ” ဆိုၿပီး ရင္ဖြင့္လာတဲ့ ေဒါက္တာနႏၵဝင္း”

Zawgyi

“ကိုဗစ္ ဒုတိယလႈိင္း မွာ ကြၽန္ေတာ္တို႔ ရႈံးသြားခဲ့ပါၿပီ” ဆိုၿပီး ရင္ဖြင့္လာတဲ့ ေဒါက္တာနႏၵဝင္း”

ကြၽန္ေတာ့္အျမင္ေျပာရရင္ COVID second wave မွာ ကြၽန္ေတာ္တို႔ ရႈံးသြားခဲ့ပါၿပီလူေနထူထပ္တဲ့ၿမိဳ႕ႀကီးေတြ ဆက္တိုက္တိုးျဖစ္လာပါၿပီ…လူေသႏႈန္းတက္လာပါၿပီ။A symptomatic carrier ေတြအေတြ႕မ်ားေနတာ အရမ္းခံသာလို႔ပါ

တကယ္တန္း COVID က သူတိုက္ရမယ့္ သူကိုေတြ႕ရင္ လုံးဝ မညႇာပါဘူးေဆးလိပ္ အရက္ ကြမ္း မေသာက္တဲ့ကြၽန္ေတာ့္အဆုတ္ကိုေတာင္ ေလးရက္အတြင္း စုတ္ပ်က္ေအာင္ေဆာ္ႏိုင္ပါတယ္။

ႏိုင္ငံေတာ္က Ramedsivir Plasma CS2 Mucopenum dexa ေတြအကုန္အက်ခံထိုး D Dimer LDh AST LFT HBA1c urea creatinine CRP investigation ေတြတန္းစီစစ္ ေပါင္း သိန္းဆယ္ခ်ီ အကုန္က်ခံကုေပးခဲ့ရပါလိမ့္မယ္ (ကေတာင္ကပါ့မလား)

မေမွ်ာ္လင့္ခဲ့ေပမယ့္ ႏိုင္ငံေတာ္ရဲ႕ေစာင့္ေရွာက္မႈကိုျပန္ရတာ ဝန္ထမ္းဘဝကိုဂုဏ္ယူပါတယ္။က်န္ကိုဗစ္လူနာေတြကိုေရာႏိုင္ငံေတာ္ကအကုန္အက်ခံကုေပးတာပါ အမ်ားႀကီးကုန္ပါတယ္။

ကြၽန္ေတာ္ဆို YGH မွာေနစဥ္ေရာဂါမကူးေအာင္ေနႏိုင္ခဲ့တယ္ ျမဝတီအေရာက္မွာ သတိလက္အလြတ္ အခ်ီႀကီးကူးခဲ့တယ္ ဆက္တိုက္ကိုယ္ခံအားက်ေနခ်ိန္လည္းျဖစ္ပါလိမ့္မယ္

လူနာေတြ အထူးသျဖင့္ asymptomaticေတြ အရမ္းမ်ားလာတာကလည္း ပိုပ်ံ႕ေစပါတယ္ ေရာဂါႀကီးႀကီးမရွိသူ သက္ငယ္သူေတြကလည္း ကိုယ္ခံအားေကာင္းရင္ သိပ္မခံစားရပဲ ေပ်ာက္သြားတတ္ၾကတာကိုး သက္ႀကီးေတြေရာဂါအခံရွိသူေတြကေတာ့ ေသတတ္ပါတယ္

ခံစားရပါတယ္ၿမိဳ႕ႀကီးေတြမွာ သက္ႀကီး ေရာဂါရင့္ေတြ စေသ ေနၾကပါၿပီ အျဖစ္နည္းတဲ့ကေလးတြမွာလည္းစတြ႕ေနပါၿပီ။Third wave လို႔ဆိုရမလား နယ္ေတြအားလုံးလဲပ်ံ႕ေတာ့မွာပါ။

က်န္းမာေရးဝန္ထမ္းေတြရဲ႕ မိသားစုေတြ အေမေတြအေဖေတြ ေယာကၡမေတြ ကေလးေတြ ဦးႀကီးေဒၚေလး ညီမကိုယ္ဝန္ေဆာင္ေတြ ကူးကုန္ပါၿပီဘယ္ေလာက္သတိထားထား ဝန္ႏွင့္အားမမွ်ရင္ အားနည္းခ်က္ဆိုတာ ေပၚေပါက္လာတတ္ပါတယ္။

ကမရ ဝန္ထမ္းေတြအိမ္တြင္းေရာ အလုပ္ခြင္မွာပါဗ်ာမ်ားရပါၿပီ။ပူပန္ေနၾကရပါၿပီေ႐ြးေကာက္ပြဲ/ဆန႔္က်င္ပြဲ/ကထိန္လျပည့္/ပံ့သကူ/ရာျပည့္စတုဒီသာ/လူစုလူေဝးေတြေအာ္ေန ေပ်ာ္ေနၾကကူးၾကဒါေတာင္မေလ်ာ့ၾကကမရ

ဝန္ထမ္းခါးဆက္ျပတ္ေတာ့မယ္ အင္အားနည္းေနပါၿပီ ေဆး႐ုံေတြ duty မႏိုင္ေတာ့ပါဘူး။နီးသေယာင္နဲ႔ လွမ္းေနေသးတဲ့ကာကြယ္ေဆးကိုမေမွ်ာ္ပါနဲ႔ဦးမိဘျပည္သူလက္ထဲက ကံၾကမၼာကိုသာေသခ်ာ ဆုတ္ကိုင္ထားေစလိုပါတယ္။mask တပ္ပါ၊

လူစုလူေဝးေရွာင္ပါ၊မလိုအျပင္မထြက္ပါနဲ႔၊ကိုယ့္မိသားစုကိုေရာ က်န္မိသားစုေတြကိုပါ သနားပါ ကိုယ္ခ်င္းစာပါ၊ဥပေဒ ဆိုတာထက္ ဆင္ျခင္တုံတရားကို ပိုအားထားၾကေစလိုပါတယ္။

ေဒါက္တာနႏၵဝင္း (ေခတၱေတာင္ဥကၠလာ ကိုဗစ္ ကုသေရးေဆး႐ုံ)

Unicode

“ကိုဗစ် ဒုတိယလှိုင်း မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီ” ဆိုပြီး ရင်ဖွင့်လာတဲ့ ဒေါက်တာနန္ဒဝင်း”

ကျွန်တော့်အမြင်ပြောရရင် COVID second wave မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီလူနေထူထပ်တဲ့မြို့ကြီးတွေ ဆက်တိုက်တိုးဖြစ်လာပါပြီ…လူသေနှုန်းတက်လာပါပြီ။A symptomatic carrier တွေအတွေ့များနေတာ အရမ်းခံသာလို့ပါ

တကယ်တန်း COVID က သူတိုက်ရမယ့် သူကိုတွေ့ရင် လုံးဝ မညှာပါဘူးဆေးလိပ် အရက် ကွမ်း မသောက်တဲ့ကျွန်တော့်အဆုတ်ကိုတောင် လေးရက်အတွင်း စုတ်ပျက်အောင်ဆော်နိုင်ပါတယ်။

နိုင်ငံတော်က Ramedsivir Plasma CS2 Mucopenum dexa တွေအကုန်အကျခံထိုး D Dimer LDh AST LFT HBA1c urea creatinine CRP investigation တွေတန်းစီစစ် ပေါင်း သိန်းဆယ်ချီ အကုန်ကျခံကုပေးခဲ့ရပါလိမ့်မယ် (ကတောင်ကပါ့မလား)

မမျှော်လင့်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့စောင့်ရှောက်မှုကိုပြန်ရတာ ဝန်ထမ်းဘဝကိုဂုဏ်ယူပါတယ်။ကျန်ကိုဗစ်လူနာတွေကိုရောနိုင်ငံတော်ကအကုန်အကျခံကုပေးတာပါ အများကြီးကုန်ပါတယ်။

ကျွန်တော်ဆို YGH မှာနေစဉ်ရောဂါမကူးအောင်နေနိုင်ခဲ့တယ် မြဝတီအရောက်မှာ သတိလက်အလွတ် အချီကြီးကူးခဲ့တယ် ဆက်တိုက်ကိုယ်ခံအားကျနေချိန်လည်းဖြစ်ပါလိမ့်မယ်

လူနာတွေ အထူးသဖြင့် asymptomaticတွေ အရမ်းများလာတာကလည်း ပိုပျံ့စေပါတယ် ရောဂါကြီးကြီးမရှိသူ သက်ငယ်သူတွေကလည်း ကိုယ်ခံအားကောင်းရင် သိပ်မခံစားရပဲ ပျောက်သွားတတ်ကြတာကိုး သက်ကြီးတွေရောဂါအခံရှိသူတွေကတော့ သေတတ်ပါတယ်

ခံစားရပါတယ်မြို့ကြီးတွေမှာ သက်ကြီး ရောဂါရင့်တွေ စသေ နေကြပါပြီ အဖြစ်နည်းတဲ့ကလေးတွမှာလည်းစတွ့နေပါပြီ။Third wave လို့ဆိုရမလား နယ်တွေအားလုံးလဲပျံ့တော့မှာပါ။

ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုတွေ အမေတွေအဖေတွေ ယောက္ခမတွေ ကလေးတွေ ဦးကြီးဒေါ်လေး ညီမကိုယ်ဝန်ဆောင်တွေ ကူးကုန်ပါပြီဘယ်လောက်သတိထားထား ဝန်နှင့်အားမမျှရင် အားနည်းချက်ဆိုတာ ပေါ်ပေါက်လာတတ်ပါတယ်။

ကမရ ဝန်ထမ်းတွေအိမ်တွင်းရော အလုပ်ခွင်မှာပါဗျာများရပါပြီ။ပူပန်နေကြရပါပြီရွေးကောက်ပွဲ/ဆန့်ကျင်ပွဲ/ကထိန်လပြည့်/ပံ့သကူ/ရာပြည့်စတုဒီသာ/လူစုလူဝေးတွေအော်နေ ပျော်နေကြကူးကြဒါတောင်မလျော့ကြကမရ

ဝန်ထမ်းခါးဆက်ပြတ်တော့မယ် အင်အားနည်းနေပါပြီ ဆေးရုံတွေ duty မနိုင်တော့ပါဘူး။နီးသယောင်နဲ့ လှမ်းနေသေးတဲ့ကာကွယ်ဆေးကိုမမျှော်ပါနဲ့ဦးမိဘပြည်သူလက်ထဲက ကံကြမ္မာကိုသာသေချာ ဆုတ်ကိုင်ထားစေလိုပါတယ်။mask တပ်ပါ၊

လူစုလူဝေးရှောင်ပါ၊မလိုအပြင်မထွက်ပါနဲ့၊ကိုယ့်မိသားစုကိုရော ကျန်မိသားစုတွေကိုပါ သနားပါ ကိုယ်ချင်းစာပါ၊ဥပဒေ ဆိုတာထက် ဆင်ခြင်တုံတရားကို ပိုအားထားကြစေလိုပါတယ်။

ဒေါက်တာနန္ဒဝင်း (ခေတ္တတောင်ဥက္ကလာ ကိုဗစ် ကုသရေးဆေးရုံ)