
Zawgyi







Yuan – Cele Zone
photo – Phyu Phyu Htwe

Unicode

ပံ့သကူပစ်ခဲ့တဲ့ ငွေသားများစွာနဲ့ စားစရာတွေကို တွေ့ရှိသွားကြတဲ့ သူတွေကိုကြည့်ကာ ပီတိဖြစ်နေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေး

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အေးချမ်းတဲ့ အပြုံးလှလှလေးတွေနဲ့ ဟန်ဆောင်မှုကင်းကာ ချစ်ဖို့ကောင်းသူလေးဖြစ်ပြီး စကားပြောလိုက်တိုင်းမှာလည်း ရိုးသားပွင့်လင်းတဲ့အပြင် ကိုယ်ပိုင်အရည်အချင်းရှိပြီးအလုပ်ကိုကြိုးစားတတ်တဲ့ ဖြူဖြူထွေးက

အခုဆိုရင် ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။ဖြူဖြူထွေးဟာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးဖြစ်သလို

သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့်လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ပိုမိုရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာပါ ။ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး

ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် အလှူအတန်းဆိုလည်း တတ်နိုင်သလောက် သူမရရှိတဲ့ အနုပညာကြေးတွေနဲ့ လှူဒါန်းတတ်သူလေးဖြစ်ရာ

အခုမှာလည်း ပံ့သကူပစ်ခဲ့တဲ့ ငွေသားများစွာနဲ့ စားစရာတွေကိုကောက်ယူတွေ့ရှိသွားသူတွေကိုကြည့်ကာ ကြည်နူးပီတိဖြစ်ပြီး ဗီဒီယိုလေးရိုက်ကာဖော်ပြခဲ့ပါတယ် ။ဗီဒီယိုလေးကြည့်ပြီး ကိုယ်တွေပါအပျော်တွေ ကူးစက်မိတာကြောင့် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone
photo – Phyu Phyu Htwe