သက္ႀကီး႐ြယ္အိုအဖြားကို စာင့္ေရွာက္ေနတဲ့ အသက္(၅)ႏွစ္အ႐ြယ္ ကေလးမေလး
Zawgyi
သက္ႀကီး႐ြယ္အိုအဖြားေတြ ေစာင့္ေရွာက္ေနတဲ့ အသက္(၅)ႏွစ္အ႐ြယ္ ကေလးမေလး
မိဘ ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ကေလးဘဝထဲက အဘိုးအဘြားေတြနဲ႔ ေနရတဲ့သူေတြအမ်ားႀကီးရွိမွာပါ။တ႐ုတ္ႏိုင္ငံ Zunyi ၿမိဳ႕က အသက္(၅)ႏွစ္သာရွိေသးတဲ့ ကေလးမေလး Wang Anna ကေတာ့
အဖြားႏွစ္ေယာက္ နဲ႔အတူ ေနထိုင္ပါတယ္။Wang Anna ေလးဟာ (၉၂)ႏွစ္အ႐ြယ္ ဖြားဖြားႀကီး နဲ႔ ဖြားဖြားေလးတို႔ကို ျပစု ေစာင့္ေရွာက္ေပးေနသူျဖစ္ပါတယ္။သူမရဲ႕ အေဖက သူမ (၃)လသားအ႐ြယ္ကထဲက ေထာင္က်ေနတာျဖစ္ၿပီး
အေမလုပ္သူကလည္း ကေလးကို အဖြားျဖစ္သူေတြနဲ႔ ထားခဲ့ၿပီး ေနာင္အိမ္ေထာင္ျပဳလိုက္တာလို႔ သိရပါတယ္။အသက္အ႐ြယ္ နဲ႔ မလိုက္ေအာင္ ေလာကဓံရဲ႕႐ိုက္ခတ္မႈဒဏ္ခံစားရေပမယ့္ ကေလးပီပီ ဂ်ီက်ျခင္းမရွိဘဲ
ေရာက္ရာအရပ္မွာ ေပ်ာ္ေအာင္ ေနတတ္သူေလးလည္းျဖစ္ပါတယ္။အိမ္နီးနားခ်င္းေတြကေတာ့ သူမရဲ႕ ဘဝကို သနားေနၾကၿပီး အားလုံးက ဝိုင္းဝန္းခ်စ္ခင္ေစာင့္ေရွာက္ၾကပါတယ္။
ဒါ့အျပင္ သူမဟာ မနက္ေစာေစာထၿပီး မနက္စာျပင္ဆင္ေလ့ရွိသလို ညတိုင္းလိုလို အဖြားျဖစ္သူေတြစားဖို႔ ထမင္းခူးခပ္ေကြၽးေမြးၿပီး အဝတ္အစားေတြလည္း ေလွ်ာ္ဖြပ္ေပးတယ္လို႔ သိရပါတယ္။
သူမရဲ႕ အေၾကာင္းကို တ႐ုတ္ႏိုင္ငံက သတင္းေထာက္တစ္ဦးက ၾကားသိလို႔ သူမေနထိုင္ရာအိမ္ေလးဆီကို သြားရင္း သူမအေၾကာင္းကို ေရးျဖစ္ခဲ့တဲ့ပုံပါပဲ။
အၿမဲလိုလိုၿပဳံးေနတတ္တဲ့ အဲ့ဒီကေလးမေလးလို စိတ္ဓာတ္မ်ိဳး လူတိုင္းမွာ ရွိမယ္ဆိုရင္ ဘယ္ေလာက္စိတ္ခ်မ္းသာစရာေကာင္းလိမ့္မလဲ။
Unicode
သက်ကြီးရွယ်အိုအဖွားတွေ စောင့်ရှောက်နေတဲ့ အသက်(၅)နှစ်အရွယ် ကလေးမလေး
မိဘ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကလေးဘဝထဲက အဘိုးအဘွားတွေနဲ့ နေရတဲ့သူတွေအများကြီးရှိမှာပါ။တရုတ်နိုင်ငံ Zunyi မြို့က အသက်(၅)နှစ်သာရှိသေးတဲ့ ကလေးမလေး Wang Anna ကတော့
အဖွားနှစ်ယောက် နဲ့အတူ နေထိုင်ပါတယ်။Wang Anna လေးဟာ (၉၂)နှစ်အရွယ် ဖွားဖွားကြီး နဲ့ ဖွားဖွားလေးတို့ကို ပြစု စောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။သူမရဲ့ အဖေက သူမ (၃)လသားအရွယ်ကထဲက ထောင်ကျနေတာဖြစ်ပြီး
အမေလုပ်သူကလည်း ကလေးကို အဖွားဖြစ်သူတွေနဲ့ ထားခဲ့ပြီး နောင်အိမ်ထောင်ပြုလိုက်တာလို့ သိရပါတယ်။အသက်အရွယ် နဲ့ မလိုက်အောင် လောကဓံရဲ့ရိုက်ခတ်မှုဒဏ်ခံစားရပေမယ့် ကလေးပီပီ ဂျီကျခြင်းမရှိဘဲ
ရောက်ရာအရပ်မှာ ပျော်အောင် နေတတ်သူလေးလည်းဖြစ်ပါတယ်။အိမ်နီးနားချင်းတွေကတော့ သူမရဲ့ ဘဝကို သနားနေကြပြီး အားလုံးက ဝိုင်းဝန်းချစ်ခင်စောင့်ရှောက်ကြပါတယ်။
ဒါ့အပြင် သူမဟာ မနက်စောစောထပြီး မနက်စာပြင်ဆင်လေ့ရှိသလို ညတိုင်းလိုလို အဖွားဖြစ်သူတွေစားဖို့ ထမင်းခူးခပ်ကျွေးမွေးပြီး အဝတ်အစားတွေလည်း လျှော်ဖွပ်ပေးတယ်လို့ သိရပါတယ်။
သူမရဲ့ အကြောင်းကို တရုတ်နိုင်ငံက သတင်းထောက်တစ်ဦးက ကြားသိလို့ သူမနေထိုင်ရာအိမ်လေးဆီကို သွားရင်း သူမအကြောင်းကို ရေးဖြစ်ခဲ့တဲ့ပုံပါပဲ။
အမြဲလိုလိုပြုံးနေတတ်တဲ့ အဲ့ဒီကလေးမလေးလို စိတ်ဓာတ်မျိုး လူတိုင်းမှာ ရှိမယ်ဆိုရင် ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိမ့်မလဲ။