အလွအပအတြက္ ထမင္းရည္ ရဲ႕ အက်ိဳးေက်းဇူး (၇) မ်ိဳး

Zawgyi

အလွအပအတြက္ ထမင္းရည္ ရဲ႕ အက်ိဳးေက်းဇူး (၇) မ်ိဳး

ယေန႔ေခတ္မွာ ေပါင္းအိုးေတြနဲ႔ ခ်က္ျပဳတ္ၾကလို႔ မျမင္ေတြ႕ရတာ ၾကာၿပီျဖစ္တဲ့ ထမင္းရည္ဟာ ဗီတာမင္ဓာတ္မ်ားစြာ ႂကြယ္ဝပါတယ္။အပူက်ေစတယ္လို႔ သိထားတဲ့ ထမင္းရည္မွာ အလွအပအတြက္ အသုံးဝင္တာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

၁။ မ်က္ႏွာသန႔္စင္ၿပီးရင္ အေအးခံထားတဲ့ ထမင္းရည္ကို ဂြမ္းစနဲ႔ မ်က္ႏွာအႏွံ႔ပြတ္ေပးလို႔ရွိရင္ Toner သုံးစရာမလိုဘဲ မ်က္ႏွာကို တင္းရင္းလွပေစပါတယ္။

၂။ Toner ထက္ အားသာခ်က္က ဗီတာမင္ ဘီဓာတ္ ပါတဲ့အတြက္ အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္းကိုလည္း ကာကြယ္ေပး ပါတယ္။

၃။ ေခြၽးေပါက္ေတြကို က်ဥ္းေစၿပီး မ်က္ႏွာကို ဝင္းပေစပါတယ္။

၄။ ေရဓာတ္ကိုလည္း ထိန္းသိမ္းေပးပါတယ္။

၅။ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးႏိုင္လို႔ အသက္ႀကီးတဲ့အခါ ျဖစ္ေပၚတတ္တဲ့ အနီကြက္ေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

၆။ ေခါင္းေလွ်ာ္ၿပီးရင္ အေအးခံထားတဲ့ ထမင္းရည္ကို ဆံပင္မွာ လိမ္းေပးၿပီး မိနစ္အနည္းငယ္ၾကာတဲ့အခါ ေဆးေၾကာလိုက္ပါ။ ထမင္းရည္မွာပါတဲ့ ပ႐ိုတင္းဓာတ္က ဆံသားကို ေျဖာင့္စင္းေစတဲ့အျပင္ ဆံပင္ႏွစ္ခြကြဲတာ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

၇။ ထမင္းရည္ကို ေသာက္ေပးရင္ ပ်က္စီးေနရင္ မြဲေျခာက္ေနတဲ့ အသားအေရကို ျပန္လည္စိုေျပလာေစပါတယ္။

Credit: Duwun

Unicode

အလှအပအတွက် ထမင်းရည် ရဲ့ အကျိုးကျေးဇူး (၇) မျိုး

ယနေ့ခေတ်မှာ ပေါင်းအိုးတွေနဲ့ ချက်ပြုတ်ကြလို့ မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ ထမင်းရည်ဟာ ဗီတာမင်ဓာတ်များစွာ ကြွယ်ဝပါတယ်။အပူကျစေတယ်လို့ သိထားတဲ့ ထမင်းရည်မှာ အလှအပအတွက် အသုံးဝင်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

၁။ မျက်နှာသန့်စင်ပြီးရင် အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစနဲ့ မျက်နှာအနှံ့ပွတ်ပေးလို့ရှိရင် Toner သုံးစရာမလိုဘဲ မျက်နှာကို တင်းရင်းလှပစေပါတယ်။

၂။ Toner ထက် အားသာချက်က ဗီတာမင် ဘီဓာတ် ပါတဲ့အတွက် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေး ပါတယ်။

၃။ ချွေးပေါက်တွေကို ကျဉ်းစေပြီး မျက်နှာကို ဝင်းပစေပါတယ်။

၄။ ရေဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။

၅။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်လို့ အသက်ကြီးတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၆။ ခေါင်းလျှော်ပြီးရင် အအေးခံထားတဲ့ ထမင်းရည်ကို ဆံပင်မှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ဆေးကြောလိုက်ပါ။ ထမင်းရည်မှာပါတဲ့ ပရိုတင်းဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့အပြင် ဆံပင်နှစ်ခွကွဲတာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၇။ ထမင်းရည်ကို သောက်ပေးရင် ပျက်စီးနေရင် မွဲခြောက်နေတဲ့ အသားအရေကို ပြန်လည်စိုပြေလာစေပါတယ်။

Credit: Duwun