ဘယ္သူပဲလာခိုးခိုး မူလေနရာကို ျပန္ေရာက္လာတယ္ဆိုတဲ့ တလားခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ အံ့ဖြယ္ဆင္စြယ္ႀကီး

Zawgyi

ဘယ္သူပဲလာခိုးခိုး မူလေနရာကို ျပန္ေရာက္လာတယ္ဆိုတဲ့ တလားခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ အံ့ဖြယ္ဆင္စြယ္ႀကီး

ဘယ္သူဘဲယူယူ ဘယ္သူဘဲခိုးခိုး ဘယ္သူဘဲဝွက္ဝွက္ မူလတည္ရွိေနရာကို မပ်က္မကြက္ ျပန္ေရာက္လာတဲ့ ျမတ္ဗုဒၶပုံေတာ္ပါရွိတဲ့

တလာခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ဆင္စြယ္ေတာ္ထိုင္း-ျမန္မာနယ္စပ္ ထိုင္းဘက္ျခမ္း တာ့ခ္ခ႐ိုင္ အုန္းဖန္ၿ

မိဳ႕နယ္အတြင္းက ေလးေတာခိုေက်း႐ြာမွာေနထိုင္ၾကတဲ့ တာလခုန္းဘာသာဝင္ေတြ သူတို႔႐ြာမွာ အထဋ္အျမတ္ထားကိုးကြယ္တဲ့

ေရွးေဟာင္းဆင္စြယ္ေတာ္ကို မသူေတာ္အခ်ိဳ႕ကသူတို႔ပိုင္သလိုလိုဘာလိုလိုနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး လာေရာက္ယူေဆာင္တာေတြရွိခဲ့ပါတယ္။ေလးေတာခို႐ြာတည္ရွိတဲ့ ထိုင္း-ျမန္မာ နယ္စပ္ျဖစ္တဲ့

ျမန္မာဖက္ျခမ္းမွာေတာ့ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ တည္ရွိပါတယ္။မသူေတာ္ေတြဟာ ဆင္စြယ္ေတာ္ကို ေရျခား ေျမျခားထိတိုင္ေအာင္ ယူေဆာင္သြားတာမ်ိဳးလည္းရွိခဲ့ပါတယ္။

သို႔ေပမဲ့ အခ်ိန္တန္ေတာ့လည္း မူလတည္ေနရာကိုဘဲ ျပန္လည္လို႔ေရာက္ရွိလာတာကေတာ့ ထူးျခားမႈျဖစ္စဥ္တရပ္ျဖစ္တယ္လို႔ ေဒသခံအခ်ိဳ႕က သုံးသပ္ေျပာဆိုၾကပါတယ္။

သက္သတ္လြတ္စားတဲ့ တလာခုံးေတြကိုးကြယ္ၾကတဲ့ ဆင္စြယ္ေတာ္ကို အမ်ားျပည္သူေတြ ျမင္ေတြ႕ရေလေအာင္ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။

ေလးေတာခို႐ြာက တလာခုံးဘာသာဝင္ေတြဟာ လမ္းပန္းခရီးခက္ခဲလွတဲ့ ေတာႀကီးမ်က္မည္းထဲမွာ သီးသန႔္႐ြာတည္ၿပီး ေနထိုင္ၾကတာျဖစ္ပါတယ္။

အခုေတာ့ ေလးေတာခိုမွာေနထိုင္ၾကတဲ့ တလာခုံးဘာသာဝင္အမ်ားစုဟာ ထိုင္းႏိုင္ငံသားေတြျဖစ္ေနၾကပါၿပီး။

သူတို႔ေျပာတဲ့စကားကေတာ့ ပိုးကရင္ဘာသာစကားျဖစ္ပါတယ္။တလာခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြကိုလူသိမ်ားေစတာကေတာ့ မီးပုံပြဲပူေဇာ္က်င္းပတာဘဲျဖစ္ပါတယ္။

မီးပုံပူေဇာ္တဲ့ပြဲေတြထဲမွာေတာ့ ကရင္ျပည္နယ္က်ဳံဒိုးၿမိဳ႕က မီးပုံပူေဇာ္ပြဲဆိုရင္ ထူးျခားတဲ့ဝိေသသေတြနဲ႔အတူ ျမန္မာႏိုင္ငံမွာ အထူးထင္ရွား လူသိမ်ားပါတယ္။

တလာခုံးဘာသာဝင္ေတြကေန တာဝတိ ံသာမွာတည္ရွိတဲ့ စူ႒ာမဏိဘုရားကို ရည္စူးၿပီးေတာ့က်င္းပၾကတဲ့ မီးပုံပူေဇာ္ပြဲအေၾကာင္းကို သီးသန႔္ေရးသားပါမည္။

Crd.

Unicode

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး

ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက်ဝှက် မူလတည်ရှိနေရာကို မပျက်မကွက် ပြန်ရောက်လာတဲ့ မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့

တလာခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ဆင်စွယ်တော်ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်ြ

မို့နယ်အတွင်းက လေးတောခိုကျေးရွာမှာနေထိုင်ကြတဲ့ တာလခုန်းဘာသာဝင်တွေ သူတို့ရွာမှာ အထဋ်အမြတ်ထားကိုးကွယ်တဲ့

ရှေးဟောင်းဆင်စွယ်တော်ကို မသူတော်အချို့ကသူတို့ပိုင်သလိုလိုဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီး လာရောက်ယူဆောင်တာတွေရှိခဲ့ပါတယ်။လေးတောခိုရွာတည်ရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့

မြန်မာဖက်ခြမ်းမှာတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တည်ရှိပါတယ်။မသူတော်တွေဟာ ဆင်စွယ်တော်ကို ရေခြား မြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်းရှိခဲ့ပါတယ်။

သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကိုဘဲ ပြန်လည်လို့ရောက်ရှိလာတာကတော့ ထူးခြားမှုဖြစ်စဉ်တရပ်ဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုကြပါတယ်။

သက်သတ်လွတ်စားတဲ့ တလာခုံးတွေကိုးကွယ်ကြတဲ့ ဆင်စွယ်တော်ကို အများပြည်သူတွေ မြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

လေးတောခိုရွာက တလာခုံးဘာသာဝင်တွေဟာ လမ်းပန်းခရီးခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှာ သီးသန့်ရွာတည်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။

အခုတော့ လေးတောခိုမှာနေထိုင်ကြတဲ့ တလာခုံးဘာသာဝင်အများစုဟာ ထိုင်းနိုင်ငံသားတွေဖြစ်နေကြပါပြီး။

သူတို့ပြောတဲ့စကားကတော့ ပိုးကရင်ဘာသာစကားဖြစ်ပါတယ်။တလာခုံးဘာသာဝင် ကရင်လူမျိုးတွေကိုလူသိများစေတာကတော့ မီးပုံပွဲပူဇော်ကျင်းပတာဘဲဖြစ်ပါတယ်။

မီးပုံပူဇော်တဲ့ပွဲတွေထဲမှာတော့ ကရင်ပြည်နယ်ကျုံဒိုးမြို့က မီးပုံပူဇော်ပွဲဆိုရင် ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာ အထူးထင်ရှား လူသိများပါတယ်။

တလာခုံးဘာသာဝင်တွေကနေ တာဝတိ ံသာမှာတည်ရှိတဲ့ စူဋ္ဌာမဏိဘုရားကို ရည်စူးပြီးတော့ကျင်းပကြတဲ့ မီးပုံပူဇော်ပွဲအကြောင်းကို သီးသန့်ရေးသားပါမည်။

Crd.