မိုးကုတ် မြို့မျက်နှာဖုံး သူဌေးကြီးတဦး ပြန်ပေးဆွဲခံရသည့် CCTV ဗီဒီယိုဖိုင်

Zawgyi







Unicode

မိုးကုတ် မြို့မျက်နှာဖုံး သူဌေးကြီး တဦး ပြန်ပေးဆွဲခံရ၊ မည်သည့်အဖွဲ့ကမှန်း မသိရသေး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို

ဒီဇင်ဘာ ၄ ရက်နေ့မနက် ၈ နာရီခွဲလောက်မှာ ဖမ်းဆီးခံရတယ်လို့ မြို့နယ်အုပ်ျုပ်ရေးမှူးက ပြောပါတယ်။

ဖမ်းဆီခံရတာဟာ အောင်ချမ်းသာရပ်ကွက်မှာလို့ သိရပြီး ဘယ်အဖွဲ့အစည်းက ဖမ်းတယ်ဆိုတာကို မသိရသေးပါဘူး ။

ပြန်ပေးဆွဲခံရတယ်လို့ ပြောဆိုနေတာတွေ ရှိပြီး မိသားစုဝင်တွေကို ပြန်ပေးငွေ တောင်းခံတာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။

SP မုန့်တိုက်ဟာ ရန်ကုန် မန္တလေး မိုးကုတ်မြို့နယ်တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ပြီး ရောင်းချနေတဲ့ ဆိုင်ကြီးတခုဖြစ်ပါတယ်။