ေန႔သားအလိုက္ပိုက္ဆံဝင္တဲ့မီးထြန္းပိုက္ဆံယၾတာ

Zawgyi

ေန႔သား အလိုက္ ပိုက္ဆံဝင္တဲ့ မီးထြန္း ပိုက္ဆံ ယၾတာ

ေငြေၾကးကံပြင့္ေစဖို႔ ကံတစ္ခုဖန္တီးယူတဲ့သေဘာပါ ။ ပထမတစ္ႀကိမ္တင္ေပးခဲ့တုန္းက ေရးတာကိုသေဘာမေပါက္ၾကဘူး ။ ပထမတစ္ႀကိမ္တုန္းကလည္း ေအာင္ျမင္သူေတြ ေတာ္ေတာ္မ်ားမ်ားရွိခဲ့ပါတယ္။

ေငြကံပြင့္ေစဖို႔ ၊ အေႂကြးရႏိုင္ေစဖို႔ မီးထြန္းပိုက္ဆံယၾတာကို ျပဳလုပ္ႏိုင္ပါတယ္ ။ ကံေပးသေလာက္ရၾကမွာပါ ။

တနဂၤေႏြသားသမီး – ေနၾကာ႐ြက္ ( သို႔ ) သစၥာပန္း႐ြက္

တနလၤာသားသမီး= ၾသဇာ႐ြက္ ( သို႔ ) သေျပ႐ြက္

အဂၤါသားသမီး = ခေရ႐ြက္

ဗုဒၶဟူးသားသမီး= စပယ္႐ြက္

ၾကာသပေတးသားသမီး=စြယ္ေတာ္႐ြက္

ေသာၾကာသားသမီး=ပိေတာက္႐ြက္

စေနသားသမီး=ေလးညႇင္းပြင့္ ၇ ပြင့္-မက် ည္း႐ြက္

မိမိတို႔ ေန႔သားသမီးအလိုက္ ပန္း-အ႐ြက္ တမ်ိဳးမ်ိဳးကို ပိုက္ဆံ ၅၀၀ တန္ ပိုက္ဆံကို ျဖန႔့္လ်က္ျဖစ္ေစ မီးခြက္ ေအာက္ကခံၿပီး ဘုရားစင္မွာ ပူေဇာ္ ႏိုင္ပါတယ္။

တစ္ပတ္ ပူေဇာ္ပီးၿပီဆို အဲဒီ ပိုက္ဆံကို လိုအပ္ရာေနရာ တခုခု မွာလႉဒါန္းလိုက္ပါ ။ဒါပါပဲ။ျပဳလုပ္ရမယ့္အခ်ိန္ကေတာ့ မအားမလပ္ျဖစ္ေနသူမ်ား ႀကိဳက္တဲ့အခ်ိန္ထြန္းပါ ။

အခ်ိန္ေပးႏိုင္သူမ်ားကေတာ့ ေန႔တစ္ေန႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြေပးထားပါတယ္ ။ အဲဒီအခ်ိန္ေတြထြန္းၾကေပါ့ ။တစ္ပတ္လုံးတြက္ အေကာင္းဆုံး အခ်ိန္ေတြကေတာ့

တနဂၤေႏြေန႔ နံနက္/ ည – ၆နာရီမွ ရနာရီခြဲအတြင္း ။

တနလၤာေန႔ နံနက္ / ည ၉နာရီမွ ၁ဝနာရီခြဲအတြင္း

အဂၤါေန႔ ေန႔လည္ ၃နာရီမွ ၄နာရီခြဲအတြင္း

ဗုဒၶဟူးေန႔ ေန႔လည္ ၁နာရီခြဲမွ ၃နာရီအတြင္း

ၾကာသပေတးေန႔ နံနက္ ၉နာရီမွ ၁ဝနာရီခြဲအတြင္း

ေသာၾကာေန႔ နံနက္/ ည ရနာရီခြဲမွ ၉နာရီအတြင္း

စေနေန႔ နံနက္ ၁ဝနာရီခြဲမွ ၁၂နာရီအတြင္း အခ်ိန္ေတြဟာအေရးႀကီးၿပီး အက်ဥ္းအက်ပ္ထဲေရာက္ေနသူေတြအတြက္ ေ႐ြးခ်ယ္ပူေဇာ္ႏိုင္ပါတယ္ ။ဤယၾတာသည္ ကြၽႏုပ္၏ စီနီယာအကိုစီရင္ေသာ ယၾတာျဖစ္ပါတယ္ ။

ကြၽႏုပ္ကိုယ္တိုင္ သုံးစြဲ၍ အဆင္ေျပမွ ျပန္တင္ေပးခဲ့ျခင္းပါ ။အႀကိမ္ႀကိမ္တင္ေပးခဲ့ၿပီးျဖစ္ပါတယ္။ယခုအႀကိမ္တင္ရာမွာ ဖတ္ရလြယ္ေအာင္ ျပန္ၿပီးျပင္ေရးေပးထားပါတယ္ ။ အားလုံး အဆင္ေျပၾကပါေစဗ်ာ ။

Unicode

နေ့သား အလိုက် ပိုက်ဆံဝင်တဲ့ မီးထွန်း ပိုက်ဆံ ယတြာ

ငွေကြေးကံပွင့်စေဖို့ ကံတစ်ခုဖန်တီးယူတဲ့သဘောပါ ။ ပထမတစ်ကြိမ်တင်ပေးခဲ့တုန်းက ရေးတာကိုသဘောမပေါက်ကြဘူး ။ ပထမတစ်ကြိမ်တုန်းကလည်း အောင်မြင်သူတွေ တော်တော်များများရှိခဲ့ပါတယ်။

ငွေကံပွင့်စေဖို့ ၊ အကြွေးရနိုင်စေဖို့ မီးထွန်းပိုက်ဆံယတြာကို ပြုလုပ်နိုင်ပါတယ် ။ ကံပေးသလောက်ရကြမှာပါ ။

တနင်္ဂနွေသားသမီး – နေကြာရွက် ( သို့ ) သစ္စာပန်းရွက်

တနင်္လာသားသမီး= သြဇာရွက် ( သို့ ) သပြေရွက်

အင်္ဂါသားသမီး = ခရေရွက်

ဗုဒ္ဓဟူးသားသမီး= စပယ်ရွက်

ကြာသပတေးသားသမီး=စွယ်တော်ရွက်

သောကြာသားသမီး=ပိတောက်ရွက်

စနေသားသမီး=လေးညှင်းပွင့် ၇ ပွင့်-မကျ ည်းရွက်

မိမိတို့ နေ့သားသမီးအလိုက် ပန်း-အရွက် တမျိုးမျိုးကို ပိုက်ဆံ ၅၀၀ တန် ပိုက်ဆံကို ဖြန့်လျက်ဖြစ်စေ မီးခွက် အောက်ကခံပြီး ဘုရားစင်မှာ ပူဇော် နိုင်ပါတယ်။

တစ်ပတ် ပူဇော်ပီးပြီဆို အဲဒီ ပိုက်ဆံကို လိုအပ်ရာနေရာ တခုခု မှာလှူဒါန်းလိုက်ပါ ။ဒါပါပဲ။ပြုလုပ်ရမယ့်အချိန်ကတော့ မအားမလပ်ဖြစ်နေသူများ ကြိုက်တဲ့အချိန်ထွန်းပါ ။

အချိန်ပေးနိုင်သူများကတော့ နေ့တစ်နေ့ရဲ့ အကောင်းဆုံးအချိန်တွေပေးထားပါတယ် ။ အဲဒီအချိန်တွေထွန်းကြပေါ့ ။တစ်ပတ်လုံးတွက် အကောင်းဆုံး အချိန်တွေကတော့

တနင်္ဂနွေနေ့ နံနက်/ ည – ၆နာရီမှ ရနာရီခွဲအတွင်း ။

တနင်္လာနေ့ နံနက် / ည ၉နာရီမှ ၁ဝနာရီခွဲအတွင်း

အင်္ဂါနေ့ နေ့လည် ၃နာရီမှ ၄နာရီခွဲအတွင်း

ဗုဒ္ဓဟူးနေ့ နေ့လည် ၁နာရီခွဲမှ ၃နာရီအတွင်း

ကြာသပတေးနေ့ နံနက် ၉နာရီမှ ၁ဝနာရီခွဲအတွင်း

သောကြာနေ့ နံနက်/ ည ရနာရီခွဲမှ ၉နာရီအတွင်း

စနေနေ့ နံနက် ၁ဝနာရီခွဲမှ ၁၂နာရီအတွင်း အချိန်တွေဟာအရေးကြီးပြီး အကျဉ်းအကျပ်ထဲရောက်နေသူတွေအတွက် ရွေးချယ်ပူဇော်နိုင်ပါတယ် ။ဤယတြာသည် ကျွနုပ်၏ စီနီယာအကိုစီရင်သော ယတြာဖြစ်ပါတယ် ။

ကျွနုပ်ကိုယ်တိုင် သုံးစွဲ၍ အဆင်ပြေမှ ပြန်တင်ပေးခဲ့ခြင်းပါ ။အကြိမ်ကြိမ်တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ယခုအကြိမ်တင်ရာမှာ ဖတ်ရလွယ်အောင် ပြန်ပြီးပြင်ရေးပေးထားပါတယ် ။ အားလုံး အဆင်ပြေကြပါစေဗျာ ။