“အမႈဖြင့္ခံထားရတဲ့ ၿခိမ့္ေကကို ႏွင့္ ေမြးေန႔ပြဲ ဦးေဆာင္က်င္းပသူတို႔ ထြက္ေျပး တိမ္းေရွာင္ေန”
Zawgyi
“အမႈဖြင့္ခံထားရတဲ့ ၿခိမ့္ေကကို ႏွင့္ ေမြးေန႔ပြဲ ဦးေဆာင္က်င္းပသူတို႔ ထြက္ေျပး တိမ္းေရွာင္ေန”
ရန္ကုန္ ၊ ဒီဇင္ဘာ ၅
သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မနဲ႔ တရားစြဲခံထားရတဲ့ Facebook ဆယ္လီ ၿခိမ့္ေကကို ႏွင့္ ေမြးေန႔ပြဲ ကိုလူစုလူေဝနဲ႔ဦးေဆာင္က်င္းပတဲ့ ဦးေဇာ္မင္းထိုက္တို႔ႏွစ္ဦးဟာ ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔
မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ခ႐ိုင္ ျမစ္သားၿမိဳ႕နယ္ ရဲစခန္းက စုံစမ္းသိရွိရပါတယ္။ဒီေန႔ရစ္ကန္ ရဲတပ္ဖြဲ႕က ျမစ္သာၿမိဳ႕နယ္ အတြင္းက သူတို႔ႏွစ္ဦးေနအိမ္ကို ဝင္ေရာက္ဖမ္းဆီးခဲ့ေပမဲ့
ဦးေဇာ္မင္းထိုက္ နဲ႔ Facebook ဆယ္လီ ၿခိမ့္ေကကို တို႔ႏွစ္ဦးကို မေတြ႕ရွိခဲ့ဘူးလို႔သိရပါတယ္။ရဲလုပ္ငန္းစဥ္ေတြအရ ခ်ိတ္ဆက္ဖမ္းဆီးမႈေတြ ဆက္လုပ္ျပဳလုပ္ေနတယ္လို႔ ရဲတပ္ဖြဲ႕ဆီကသိရပါတယ္။
” ဖမ္းေတာ့မိမွာပါ ဒီကာလႀကီး နယ္ေက်ာ္ၿပီး ေဝးေဝး ထြက္ေျပးႏိုင္မွာ မဟုတ္ဘူးလို႔” ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ခ႐ိုင္ ျမစ္သားၿမိဳ႕နယ္
မင္းဝန္ေက်း႐ြာမွာ ဦးေဇာ္မင္းထိုက္ ရဲ႕သမီးျဖစ္သူရဲ႕ေမြးေန႔ပြဲကို လူဦးေရ ၅၀ ထက္ ပိုၿပီး က်င္းပခဲ့မႈနဲ႔ ၿခိမ့္ေကကို အေနနဲ႔ပါဝင္ ေဖ်ာ္ေျဖခဲ့မႈ ေၾကာင့္ လူဦးေရ ၅၀ ထက္ေက်ာ္လြန္သြားတဲ့ အတြက္
ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္ကာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ / ၃၀ (က) နဲ႔တရားစြဲခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။ခရက္ဒစ္
Unicode
“အမှုဖွင့်ခံထားရတဲ့ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ဦးဆောင်ကျင်းပသူတို့ ထွက်ပြေး တိမ်းရှောင်နေ”
ရန်ကုန် ၊ ဒီဇင်ဘာ ၅
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ Facebook ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့နှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်းက စုံစမ်းသိရှိရပါတယ်။ဒီနေ့ရစ်ကန် ရဲတပ်ဖွဲ့က မြစ်သာမြို့နယ် အတွင်းက သူတို့နှစ်ဦးနေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့
ဦးဇော်မင်းထိုက် နဲ့ Facebook ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။ရဲလုပ်ငန်းစဉ်တွေအရ ချိတ်ဆက်ဖမ်းဆီးမှုတွေ ဆက်လုပ်ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ဆီကသိရပါတယ်။
” ဖမ်းတော့မိမှာပါ ဒီကာလကြီး နယ်ကျော်ပြီး ဝေးဝေး ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့” ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်
မင်းဝန်ကျေးရွာမှာ ဦးဇော်မင်းထိုက် ရဲ့သမီးဖြစ်သူရဲ့မွေးနေ့ပွဲကို လူဦးရေ ၅၀ ထက် ပိုပြီး ကျင်းပခဲ့မှုနဲ့ ခြိမ့်ကေကို အနေနဲ့ပါဝင် ဖျော်ဖြေခဲ့မှု ကြောင့် လူဦးရေ ၅၀ ထက်ကျော်လွန်သွားတဲ့ အတွက်
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) နဲ့တရားစွဲခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ခရက်ဒစ်