ကိုဗစ္က မၿပီးေသးဘူး လာျပန္ၿပီ ေရာဂါဆန္းတစ္မ်ိဳး

Zawgyi

ကိုဗစ္က မၿပီးေသးဘူး လာျပန္ၿပီ ေရာဂါဆန္းတစ္မ်ိဳး

အိႏၵိယႏိုင္ငံ အန္ဒရာပရာဒစ္ ျပည္နယ္ေတာင္ပိုင္းမွာ အမည္မေဖာ္ႏိုင္ေသးတဲ့ ေရာဂါဆန္း တစ္ခု ျဖစ္ပြားလို႔ လူ ၂၂၇ ဦး ေဆး႐ုံတင္ရၿပီး အနည္းဆုံးတစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီ ေဝဒနာခံစားရတဲ့ လူေတြဟာ မူးေဝေအာ့အန္တာေတြ ျဖစ္ၿပီး လဲက် သတိေမ့ကုန္တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ေလာက္က အီလူယူၿမိဳ႕တစ္ေလွ်ာက္မွာ ျဖစ္ပြားခဲ့တဲ့ ဒီေရာဂါနဲ႔ ပတ္သက္လို႔ တာဝန္ရွိတဲ့သူေတြ စုံစမ္းစစ္ေဆးတာေတြ လုပ္ေနၾကပါတယ္။

ဒီကိစၥဟာ ကမာၻ႔ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယ အျဖစ္အမ်ားဆုံးႏိုင္ငံ အျဖစ္ ရင္ဆိုင္ေျဖရွင္း ေနရတဲ့ အိႏၵိယႏိုင္ငံ အတြက္ တစ္ပူေပၚႏွစ္ပူဆင့္ ျဖစ္လာတယ္လို႔ ေျပာရမွာပါ။ၿပီးေတာ့ အန္ဒရာပရာဒစ္ျပည္နယ္ ကလည္းအိႏၵိယႏိုင္ငံရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ အျဖစ္မ်ား ဆုံးေနရာထဲက

တစ္ေနရာျဖစ္ၿပီး လူ ၈သိန္းေက်ာ္ ကူးစက္ခံထားရပါတယ္။ဒီေရာဂါဆန္းနဲ႔ ေရာက္လာတဲ့ လူနာေတြအားလုံးကို ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ စစ္ၾကည့္ေတာ့ ပိုးကူးစက္ခံထားရတာ မေတြ႕ရဘူးလို႔

ျပည္နယ္က်န္းမာေရးဝန္ႀကီး အာလာခါလီ ခရွစ္နာ ဆာရီနီဗာစ္က ေျပာပါတယ္။ေရာဂါျဖစ္တဲ့သူေတြထဲမွာ အထူးသျဖင့္ ကေလးေတြက မ်က္လုံးေတြပူလာၿပီး ေအာ့အန္ တာေတြ ႐ုတ္တရက္ ျဖစ္ကုန္ၾကတယ္လို႔

အီလူယူ အစိုးရေဆး႐ုံက က်န္းမာေရးအရာရွိ တစ္ေယာက္က The Indian Express သတင္းစာကို ေျပာပါတယ္။ေဆး႐ုံကို ေရာက္လာတဲ့ သူေတြထဲက ၇ ဦး ကေတာ့ ေဆး႐ုံက ဆင္းသြားၿပီး၊က်န္တဲ့ ၁၅၇ ဦးကိုေတာ့ ကုသမႈေတြ ဆက္လုပ္ေပးေနရတယ္လို႔ တာဝန္ရွိတဲ့သူေတြက ဆိုပါတယ္။

အူလူယူက ေရာဂါျဖစ္ရတဲ့ အေၾကာင္းရင္းကို သိႏိုင္ဖို႔ အထူးေဆးအဖြဲ႕ေတြကို လႊတ္ထားတယ္လို႔ ျပည္နယ္က်န္းမာေရးဌာန အႀကီးအကဲ ဂ်ာဂန္မိုဟန္ ရက္ဒီက ေျပာပါတယ္။ လူနာေတြနဲ႔ သူတို႔ မိသားစုေတြဆီကိုလည္း မစၥတာရက္ဒီ သြားၾကည့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေအာ့အန္တာနဲ႔ သတိေမ့တဲ့ ေဝဒနာေတြ ခံစားရလူနာေတြရဲ႕ ေသြးနမူနာေတြထဲမွာလည္း ဗိုင္းရပ္စ္ပိုးတစ္ခုခု ကူးစက္ခံထားရတဲ့ အေထာက္အထား မေတြ႕ရဘူးလို႔ ျပည္နယ္က်န္းမာေရးဝန္ႀကီး အာလာခါလီ ခရွစ္နာ ဆာရီနီဗာစ္က ေျပာပါတယ္။

ေရာဂါ စျဖစ္တဲ့ေနရာကို တာဝန္ရွိတဲ့သူေတြ သြားၾကည့္ၿပီးေတာ့ ေရမသန႔္တာနဲ႔ ေလထုညစ္ညမ္းတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ သူတို႔က ခန႔္မွန္း သုံးသပ္ထားပါတယ္။ ေရာဂါ ျဖစ္ရတဲ့ အေၾကာင္းအရင္း အတိအက်ကိုေတာ့ ဓာတ္ခြဲခန္းကပဲ အေျဖထုတ္ေပးႏိုင္ ပါလိမ့္မယ္”လို႔ သူက ေျပာပါတယ္။

ပတ္ဝန္းက်င္ ညစ္ညမ္းမႈေၾကာင့္ ျဖစ္ခဲ့တယ္ဆိုၿပီး လက္ခံထားတဲ့ ဒီကိစၥကို ေသေသခ်ာခ်ာ စုံစမ္း စစ္ေဆးေပးဖို႔ အတိုက္ခံပါတီ Telugu Desamက ေတာင္းဆိုထားပါတယ္။
Crd- BBC

Unicode

ကိုဗစ်က မပြီးသေးဘူး လာပြန်ပြီ ရောဂါဆန်းတစ်မျိုး

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒစ် ပြည်နယ်တောင်ပိုင်းမှာ အမည်မဖော်နိုင်သေးတဲ့ ရောဂါဆန်း တစ်ခု ဖြစ်ပွားလို့ လူ ၂၂၇ ဦး ဆေးရုံတင်ရပြီး အနည်းဆုံးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဝေဒနာခံစားရတဲ့ လူတွေဟာ မူးဝေအော့အန်တာတွေ ဖြစ်ပြီး လဲကျ သတိမေ့ကုန်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်ကုန်လောက်က အီလူယူမြို့တစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီရောဂါနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေ စုံစမ်းစစ်ဆေးတာတွေ လုပ်နေကြပါတယ်။

ဒီကိစ္စဟာ ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ် ဒုတိယ အဖြစ်အများဆုံးနိုင်ငံ အဖြစ် ရင်ဆိုင်ဖြေရှင်း နေရတဲ့ အိန္ဒိယနိုင်ငံ အတွက် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာတယ်လို့ ပြောရမှာပါ။ပြီးတော့ အန်ဒရာပရာဒစ်ပြည်နယ် ကလည်းအိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဖြစ်များ ဆုံးနေရာထဲက

တစ်နေရာဖြစ်ပြီး လူ ၈သိန်းကျော် ကူးစက်ခံထားရပါတယ်။ဒီရောဂါဆန်းနဲ့ ရောက်လာတဲ့ လူနာတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ကြည့်တော့ ပိုးကူးစက်ခံထားရတာ မတွေ့ရဘူးလို့

ပြည်နယ်ကျန်းမာရေးဝန်ကြီး အာလာခါလီ ခရှစ်နာ ဆာရီနီဗာစ်က ပြောပါတယ်။ရောဂါဖြစ်တဲ့သူတွေထဲမှာ အထူးသဖြင့် ကလေးတွေက မျက်လုံးတွေပူလာပြီး အော့အန် တာတွေ ရုတ်တရက် ဖြစ်ကုန်ကြတယ်လို့

အီလူယူ အစိုးရဆေးရုံက ကျန်းမာရေးအရာရှိ တစ်ယောက်က The Indian Express သတင်းစာကို ပြောပါတယ်။ဆေးရုံကို ရောက်လာတဲ့ သူတွေထဲက ၇ ဦး ကတော့ ဆေးရုံက ဆင်းသွားပြီး၊ကျန်တဲ့ ၁၅၇ ဦးကိုတော့ ကုသမှုတွေ ဆက်လုပ်ပေးနေရတယ်လို့ တာဝန်ရှိတဲ့သူတွေက ဆိုပါတယ်။

အူလူယူက ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ အထူးဆေးအဖွဲ့တွေကို လွှတ်ထားတယ်လို့ ပြည်နယ်ကျန်းမာရေးဌာန အကြီးအကဲ ဂျာဂန်မိုဟန် ရက်ဒီက ပြောပါတယ်။ လူနာတွေနဲ့ သူတို့ မိသားစုတွေဆီကိုလည်း မစ္စတာရက်ဒီ သွားကြည့်မယ်လို့ မျှော်လင့်ရပါတယ်။

အော့အန်တာနဲ့ သတိမေ့တဲ့ ဝေဒနာတွေ ခံစားရလူနာတွေရဲ့ သွေးနမူနာတွေထဲမှာလည်း ဗိုင်းရပ်စ်ပိုးတစ်ခုခု ကူးစက်ခံထားရတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး အာလာခါလီ ခရှစ်နာ ဆာရီနီဗာစ်က ပြောပါတယ်။

ရောဂါ စဖြစ်တဲ့နေရာကို တာဝန်ရှိတဲ့သူတွေ သွားကြည့်ပြီးတော့ ရေမသန့်တာနဲ့ လေထုညစ်ညမ်းတာကြောင့် ဖြစ်နိုင်တယ်လို့ သူတို့က ခန့်မှန်း သုံးသပ်ထားပါတယ်။ ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ ဓာတ်ခွဲခန်းကပဲ အဖြေထုတ်ပေးနိုင် ပါလိမ့်မယ်”လို့ သူက ပြောပါတယ်။

ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်ခဲ့တယ်ဆိုပြီး လက်ခံထားတဲ့ ဒီကိစ္စကို သေသေချာချာ စုံစမ်း စစ်ဆေးပေးဖို့ အတိုက်ခံပါတီ Telugu Desamက တောင်းဆိုထားပါတယ်။
Crd- BBC