ရန္ကုန္တကၠသိုလ္အပါအဝင္ဆက္စပ္သည့္ပညာေရးနယ္ေျမဝန္းထဲေနထိုင္သူမ်ားအနက္ကိုးဦးခန႔္ကိုဗစ္ပိုးကူးစက္ခံထားရ

Zawgyi

ရန္ကုန္တကၠသိုလ္ အပါအဝင္ ဆက္စပ္သည့္ ပညာေရးနယ္ေျမဝန္းထဲ ေနထိုင္သူမ်ားအနက္ ကိုးဦးခန႔္ COVID-19 ပိုး ကူးစက္ခံထားရ

ရန္ကုန္တကၠသိုလ္အပါအဝင္ ဆက္စပ္သည့္ပညာေရးနယ္ေျမဝန္းထဲ ေနထိုင္သူမ်ားအနက္ ကိုးဦးခန႔္သည္ COVID-19 ပိုး ကူးစက္ခံထားရ ေၾကာင္း ကမာ႐ြတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

ကမာ႐ြတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဇာ္ဦးက “ ရန္ကုန္တကၠသိုလ္ တစ္ခုထဲ မဟုတ္ပါဘူးခင္ဗ်ာ။ ရန္ကုန္တကၠသိုလ္ႀကီးနဲ႔ ဆက္စပ္ေနတဲ့ အဆည ဝန္းတို႔ အားလုံးေပါင္း ဒီေန႔ထိက ကိုး ေယာက္ေလာက္ ရွိပါတယ္ခင္ဗ် ” ဟု ေျပာၾကားသည္။

ယခုရက္ပိုင္းအတြင္းမႈ ရန္ကုန္တကၠသိုလ္ ဝန္းအတြင္း ေနထိုင္သည့္ ဆရာ၊ဆရာမမ်ားႏွင့္ ဝန္ထမ္းမိသားစုမ်းထံမွ COVID-19 Positive လူနာ သုံးဦးခန႔္ ေတြ႕ရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ကမာ႐ြတ္ၿမိဳ႕နယ္အေနျဖင့္ COVID-19 Positive လူနာ ေန႔စဥ္ေတြ႕ရွိလ်က္ရွိၿပီး Stay At Home အစီအစဥ္မ်ား လိုက္နာရန္ ၾကပ္မတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ကမာ႐ြတ္ၿမိဳ႕နယ္ ရန္ကုန္တကၠသိုလ္ေျမပါဝင္သည့္ အမွတ္ (၉) ရပ္ကြက္တြင္ ေနထိုင္သည့္ ဝန္ထမ္းမိသားစုဝင္မ်ားထဲမွ ျပင္ပသို႔ အလုပ္ထြက္လုပ္ေနသူမ်ားအနက္ သုံးဦးခန႔္ COVID-19 ကူးစက္ခံထားရေၾကာင္း

ကမာ႐ြတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းကလည္း ေျပာၾကားခဲ့သည္။“ အဲဒါက ရန္ကုန္တကၠသိုလ္ ႏွစ္တစ္ရာျပည့္ေၾကာင့္ မဟုတ္ဘူး။

အဲဒီ မိသားစုေတြထဲကမွ တစ္ခ်ိဳ႕က ကုမၸဏီေတြမွာ အလုပ္လုပ္တဲ့သူေတြရွိတယ္။ ေရွာ့ပင္းေမာေတြမွာေလ။ အဲဒီကေနသူတို႔ကူးလို႔ ဒီမွာကုေပးတာရွိတယ္။ တစ္ေယာက္စ ႏွစ္ေယာက္စပါ။

သိပ္မရွိပါဘူး သုံးေယာက္ေလာက္ပဲ ရွိတယ္ ” ဟု ဒီဇင္ဘာ ၇ ရက္တြင္ ေျပာၾကားခဲ့သည္။ရန္ကုန္တကၠသိုလ္၏ အဓိပတိလမ္းရွိ အဝင္အထြက္ဂိတ္ပိတ္ထားသည္ကို ဒီဇင္ဘာ ၇ ရက္က ေတြ႕ရၿပီး တကၠသိုလ္ဝင္းအတြင္းသို႔ လာေရာက္ေမာ္ေတာ္ယာဥ္မ်ားကိုလည္း စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးမွ ဝင္ထြက္ခြင့္ေပးထားသည္ကို ေတြ႕ရွိရသည္။

ရန္ကုန္တကၠသိုလ္ ရာျပည့္သဘင္ အထိမ္းအမွတ္ျပင္ဆင္ထားမႈသို႔ ႏိုဝင္ဘာလ ေနာက္ဆုံး သီတင္းပတ္အတြင္းက ျပည္သူ အမ်ားအျပားလာေရာက္ ၾကည့္ရႈ႕လည္ပတ္သည့္ ျမင္ကြင္းဓာတ္ပုံမ်ား လူမႈကြန္ရက္၌ ပ်ံ႕ႏွံခဲ့ၿပီး

COVID-19 ျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနဆဲကာလအတြင္း ယင္းကဲ့သိုလူစုလူေဝးျဖစ္ေပၚေနမႈအေပၚ လူမႈကြန္ရက္ Facebook ေပၚတြင္ ေဝဖန္မႈမ်ားျမင့္တက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကမာ႐ြတ္ၿမိဳ႕နယ္သည္ Stay At Home အစီအစဥ္ထဲတြင္ ပါဝင္သည့္ ၿမိဳ႕နယ္တစ္ခုျဖစ္၍ ထိုကဲ့သို႔ လူစုလူေဝးျဖင့္ လာေရာက္လည္ပတ္မႈကို ခြင့္မျပဳေတာ့သလို ကန႔္သတ္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ၿပီး ျပည္သူမ်ားလည္း တကၠသိုလ္ဝင္းအတြင္း လာေရာက္လည္ပတ္မႈ နည္းပါးသြားခဲ့ေၾကာင္းသိရသည္။

ရန္ကုန္တကၠသိုလ္ ရာျပည့္သဘင္အထိမ္းအမွတ္ ျပင္ဆင္ထားသည္ကို လာေရာက္ၾကည့္ရႈၾကမည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ား၊ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသားေဟာင္းမ်ားႏွင့္ တိုင္းရင္းသားျပည္သူမ်ားသည္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ

ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ တစ္ဦးႏွင့္တစ္ဦး ေျခာက္ေပခြာ၍ ေနျခင္း၊ ပါးစပ္ႏွင့္ ႏွာေခါင္းစည္ Mask မ်ား အခမဲ့ျဖန႔္ေဝတပ္ဆင္ျခင္းႏွင့္ Face Shield မ်ားတပ္ဆင္ျခင္း၊ အပူခ်ိန္တိုင္းတာျခင္း၊ လက္ေဆးျခင္းမ်ားကို စနစ္တက်လိုက္နာၾကရန္ႏွင့္

ကိုယ္အပူခ်ိန္ျမင့္မားျခင္း၊ ဖ်ားနာျခင္း၊ COVID-19 သံသယလကၡာမ်ားေတြ႕ရွိပါက ရန္ကုန္တကၠသိုလ္မ်ား ေဆး႐ုံတြင္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး လိုအပ္ပါက ကြာရန္တင္းစင္တာမ်ားသို႔ ပို႔ေဆာင္သြားရန္ စီစဥ္ထားေၾကာင္း ပညာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Unicode

ရန်ကုန်တက္ကသိုလ် အပါအဝင် ဆက်စပ်သည့် ပညာရေးနယ်မြေဝန်းထဲ နေထိုင်သူများအနက် ကိုးဦးခန့် COVID-19 ပိုး ကူးစက်ခံထားရ

ရန်ကုန်တက္ကသိုလ်အပါအဝင် ဆက်စပ်သည့်ပညာရေးနယ်မြေဝန်းထဲ နေထိုင်သူများအနက် ကိုးဦးခန့်သည် COVID-19 ပိုး ကူးစက်ခံထားရ ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက “ ရန်ကုန်တက္ကသိုလ် တစ်ခုထဲ မဟုတ်ပါဘူးခင်ဗျာ။ ရန်ကုန်တက္ကသိုလ်ကြီးနဲ့ ဆက်စပ်နေတဲ့ အဆည ဝန်းတို့ အားလုံးပေါင်း ဒီနေ့ထိက ကိုး ယောက်လောက် ရှိပါတယ်ခင်ဗျ ” ဟု ပြောကြားသည်။

ယခုရက်ပိုင်းအတွင်းမှု ရန်ကုန်တက္ကသိုလ် ဝန်းအတွင်း နေထိုင်သည့် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းမိသားစုမျးထံမှ COVID-19 Positive လူနာ သုံးဦးခန့် တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကမာရွတ်မြို့နယ်အနေဖြင့် COVID-19 Positive လူနာ နေ့စဉ်တွေ့ရှိလျက်ရှိပြီး Stay At Home အစီအစဉ်များ လိုက်နာရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်မြေပါဝင်သည့် အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သည့် ဝန်ထမ်းမိသားစုဝင်များထဲမှ ပြင်ပသို့ အလုပ်ထွက်လုပ်နေသူများအနက် သုံးဦးခန့် COVID-19 ကူးစက်ခံထားရကြောင်း

ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကလည်း ပြောကြားခဲ့သည်။“ အဲဒါက ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ကြောင့် မဟုတ်ဘူး။

အဲဒီ မိသားစုတွေထဲကမှ တစ်ချို့က ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့သူတွေရှိတယ်။ ရှော့ပင်းမောတွေမှာလေ။ အဲဒီကနေသူတို့ကူးလို့ ဒီမှာကုပေးတာရှိတယ်။ တစ်ယောက်စ နှစ်ယောက်စပါ။

သိပ်မရှိပါဘူး သုံးယောက်လောက်ပဲ ရှိတယ် ” ဟု ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ရန်ကုန်တက္ကသိုလ်၏ အဓိပတိလမ်းရှိ အဝင်အထွက်ဂိတ်ပိတ်ထားသည်ကို ဒီဇင်ဘာ ၇ ရက်က တွေ့ရပြီး တက္ကသိုလ်ဝင်းအတွင်းသို့ လာရောက်မော်တော်ယာဉ်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်ပြီးမှ ဝင်ထွက်ခွင့်ပေးထားသည်ကို တွေ့ရှိရသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ်ပြင်ဆင်ထားမှုသို့ နိုဝင်ဘာလ နောက်ဆုံး သီတင်းပတ်အတွင်းက ပြည်သူ အများအပြားလာရောက် ကြည့်ရှု့လည်ပတ်သည့် မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံခဲ့ပြီး

COVID-19 ဖြစ်ပွားမှုနှုန်း မြင့်တက်နေဆဲကာလအတွင်း ယင်းကဲ့သိုလူစုလူဝေးဖြစ်ပေါ်နေမှုအပေါ် လူမှုကွန်ရက် Facebook ပေါ်တွင် ဝေဖန်မှုများမြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကမာရွတ်မြို့နယ်သည် Stay At Home အစီအစဉ်ထဲတွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်၍ ထိုကဲ့သို့ လူစုလူဝေးဖြင့် လာရောက်လည်ပတ်မှုကို ခွင့်မပြုတော့သလို ကန့်သတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ပြည်သူများလည်း တက္ကသိုလ်ဝင်းအတွင်း လာရောက်လည်ပတ်မှု နည်းပါးသွားခဲ့ကြောင်းသိရသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် ပြင်ဆင်ထားသည်ကို လာရောက်ကြည့်ရှုကြမည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားဟောင်းများနှင့် တိုင်းရင်းသားပြည်သူများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော

ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍ နေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည် Mask များ အခမဲ့ဖြန့်ဝေတပ်ဆင်ခြင်းနှင့် Face Shield များတပ်ဆင်ခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများကို စနစ်တကျလိုက်နာကြရန်နှင့်

ကိုယ်အပူချိန်မြင့်မားခြင်း၊ ဖျားနာခြင်း၊ COVID-19 သံသယလက္ခာများတွေ့ရှိပါက ရန်ကုန်တက္ကသိုလ်များ ဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်ပါက ကွာရန်တင်းစင်တာများသို့ ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။