(7-12-2020မှ13-12-2020)ထိ ခုနှစ်ရက်သားသမီးများအတွက် ကံကြမ္မာဟောကိန်း
Zawgyi
တနင်္ဂွေနသားသမီး
တနင်္လာသားသမီး
အနုပညာလုပ်ငန်းလုပ်သူများ အထူးအောင်မြင်မူ ရမည့် ကာလပါ လုပ်ငန်းအဆက်အသွယ် အချိတ်အဆက်များ ရရှိမည့်ကာလပါ အမူထမ်းဝန်ထမ်းများ လုပ်ငန်းတွင် အစစအရာရာ ကတ်သီးကတ်သတ်နိုင်သော အထက်လူကြီးကြောင့် အလုပ်တွင်စိတ်ညစ်ပြီး အလုပ်ထွက်ချင်စိတ်များဖြစ်နေလိမ့်မည် ။
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီး
ကြာသာပတေးသားသမီး
ကျန်းမာရေး မကြာခဏ ချူချာနေတတ်တဲ့ ကာလပါ အနက်ရောင် အသုံးအဆောင်အဝတ်အစားတွေ ရှောင်ပေးပါ အစိမ်းရောင် အသုံးအဆောင် အဝတ်အစားတွေ အကျိုးပေးပါတယ်
သောကြာသားသမီး
စေနသားသမီး
ခရက်ဒစ်
Unicode
(7-12-2020 To 13-12-2020)ထိ ခုနှစ်ရက် သားသမီးများအတွက် ကံကြမ္မာဟောကိန်း
တနင်္ဂွေနသားသမီး
အပြိုင်အဆိုင်လုပ် ရသည့် လုပ်ငန်းများ အထူးကြိုးစားအောင်မြင်မည် ။ မိမိရဲ့ကိုယ်ပိုင်အစွမ်းအစကို ဖော်ထုတ်ခွင့် ရမည့် ကာလပါ ။ အိမ်အနီးအနားတွင် အလှူ အတန်းမင်္ဂလာ အကြီးအကျယ်ပြုလုပ် လိမ့်မည် ။
ထိုသို့ပြုပြီးပါက မိမိအိမ်တွင် စီးပွားဥစ္စာစတင် တိုးလာပါလိမ့်မည် ။ သင်တန်း ကိစ္စပညာရေးကိစ္စများ အထူးကောင်းမွန်ပြီး အတတ်ပညာ အသစ်များကို လေ့လာဆည်းပူး ရပါလိမ့်မည် ။
ငယ်ရွယ်သူများ အချစ်ရေးတွင် ကားစီးရင်း ဖူးစာဘက်တွေ့ပါမည် ။ ကျန်းမာရေး ဇက်ကြောများ လေးလံတောင့်တင်း နေလိမ့်မည် ။ ထီ ၇၃ ပါသော ထီ ထိုးပါ ။ ယတြာ လက်ကိုင်ပုဝါထဲတွင် သွပ်ပြားလေးကို အသည်းပုံ ညှပ်၍ ထည့်ပြီး ထုပ်ပါ။ ပြီးလျှင် သွားလေရာ ဆောင်သွားပါ ။
တနင်္လာသားသမီး
အနုပညာလုပ်ငန်းလုပ်သူများ အထူးအောင်မြင်မူ ရမည့် ကာလပါ လုပ်ငန်းအဆက်အသွယ် အချိတ်အဆက်များ ရရှိမည့်ကာလပါ အမူထမ်းဝန်ထမ်းများ လုပ်ငန်းတွင် အစစအရာရာ ကတ်သီးကတ်သတ်နိူင်သော အထက်လူကြီးကြောင့် အလုပ်တွင ်စိတ်ညစ်ပြီး အလုပ်ထွက ်ချင်စိတ်များဖြစ်နေလိမ့်မည် ။
ကျန်းမာရေးတွင ်အအေးမိ ဖျားနာဖြစ်တတ်ပါသည် ။ငယ်ရွယ်သူများ အချစ်ရေးတွင် ဈေးဝယ်ရင်း မိမိစိတ်ဝင်စားရမည့်သူနှင့်တွေ့ဆုံရပါလိမ့်မည် ။ထီ ၇၅ ပါသော ထီထိုးပါ ယတြာ ဆင်းရဲသော အဖိုးအိုအဖွားအို များအား ငွေကြေးနှင့်ဆေးဝါး လှူဒါန်းပေးကြပါ ။
အင်္ဂါသားသမီး
အရေးကြီးကိစ္စများ အတွက် စကားပြောဆိုမူများ အောင်မြင် ပါလိမ့်မည် ။အထက်လူကြီးများထံမှလည်း အကူအညီကောင်းများ ရရှိ ပါလိမ့်မည် ။ စုပေါင်း စပ်ပေါင်း လုပ်ကိုင်ရသောလုပ်ငန်းများ အကျိူးအမြတ်ကြီးကြီးမားမား ရရှိ ပါမည် ။
ဆွေမျိူးညီအစ်ကိုမောင်နှမ ကျန်းမာရေးအတွက် ငွေကုန်များတတ် သလို ဆေးရုံဆေးခန်း ရောက်ရှိတတ် ပါသည် ။ ငယ်ရွယ်သူများ အချစ်ရေးတွင် ဖွင့်ပြောရန်အတွက် ကိုပင် မဝံ့မရဲဖြစ်နေ လိမ့်မည်။ ထီ ၇၉ ပါသော ထီထိုးပါ ။ ယတြာ …..ပန်းရောင်အင်္ကျီဝတ်ဆင်၍ နေအိမ်ဘုရားတွင် နှင်းဆီပန်းသုံးပွင့် လှူဒါန်းပါလေ .။
ဗုဒ္ဓဟူးသားသမီး
မိမိနှင့်စိတ်ချင်း သဟဇာတ မဖြစ်သူများနှင့် လုပ်ငန်း အတူတူ တွဲလုပ်နေရတတ်ပါသည် ။စိတ်တိုစရာ ဒေါသထွက်စရာ ကိစ္စတေ ွမကြာခဏ ကြုံနေရ ပါ လိမ့်မည် ။ ငွေကြေးကံတော့ အထူးကောင်းနေတတ်ပြီး ငွေအစုအပုံဝင် လာပါ လိမ့်မည် ။
ဆုမဲတွေ ပေါက်တတ်သလို ထီကံလည်းကောင်းနေတဲ့ ကာလပါ ကျန်းမာရေးတွင် ကိုယ်လက်လေးလံနေ ပါလိမ့်မည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် မိမိချိန်တာက တစ်ယောက် မိမိကိုပြန်ကြိုက်နေတာက တစ်ယောက ်ဖြစ်နေတတ် ပါသည် ။
ထီ ၇၅ ပါသော ထီထိုးပါ ။ ယတြာ.နေအိမ်ဘုရားတွင ်သံပုရာသီး ၆လုံးလှူ၍ လိုရာဆုတောင်းပါ ။
ကြာသာပတေးသားသမီး
ကျန်းမာရေး မကြာခဏ ချူချာနေတတ်တဲ့ ကာလပါ အနက်ရောင် အသုံးအဆောင်အဝတ်အစားတွေ ရှောင်ပေးပါ အစိမ်းရောင် အသုံးအဆောင် အဝတ်အစားတွေ အကျိူးပေးပါတယ်
ခရီးတိုလေးတွေလည်း မကြာခဏ ထွက်ရတတ်ပါတယ် ။ငယ်ရွယ်သူများ အချစ်ရေးတွင ်ပြတ်ပြတ်သားသား ဖွင့်ပြောရဲဖို့ လိုသောကာလပါ အချိန်ဆွဲပါက တစ်ပါးသူနောက် ပါသွားပါလိမ့်မည် ။ ထီ ၇၇ ပါသော ထီထိုးပါ ။ ယတြာ ငါးစာမကြာခဏကျွေးပေးပါ ။
သောကြာသားသမီး
အစားမှား ဆေးမှားတတ်သော ကာလပါ မည်သည့် ကိစ္စကိုမဆို အလျှင်စလို မပြုလုပ်သင့်သော ကာလပါ .ငွေရလွယ်ပေမယ့် ငွေမမြဲသေးပါ .နောက်ထပ် အလုပ်အကိုင်အသစ်တွေ ထပ်မလုပ်သင့်သေးပါ ။
စိတ်ကူးနဲ့တော့ ဟုတ်မလိုလိုနဲ့ တကယ့် လက်တွေ့တွင် အခက်အခဲများစွာ ကြုံရတတ်ပါသည် ။ ကျန်းမာရေးတွင် အာရုံကြောအားနည်းမည် ။ ငယ်ရွယ်သူများ တစ်မြို့တစ်ရွာသူနှင့် ချစ်သူရည်းစားဖြစ်ပါ လိမ့်မည် ။
ထီ ၄၅ ပါသော ထီထိုးပါ …..။ယတြာ…..ဘုန်းကြီးကျောင်း (သို့မဟုတ် )သီလရှင်ကျောင်းများတွင် ဆန်လှူပေးပါ။
စေနသားသမီး
ဘဝရှေ့ရေးအတွက် ကံကောင်းစေနိူင်မည့် လုပ်ငန်း အခွင့်အလန်းကောင်းများ ရောက်ရှိလာပါလိမ့်မည် ။ ထီကံကောင်းမည့် ကာလပါ ….ခရီးလမ်းသွားရင်း ကားဘီးပေါက်သံကြားပါက နီးစပ်ရာထီဆိုင်တွင် ထီအမြန်ထိုးပါ ။
စက်ပစ္စည်း အသစ်တစ်ခုခုဝင်မည် ။ နေအိမ်ရှိ မိသားစုထဲမှတစ်ဦး ရုတ်တရက် ခရီးဝေးတစ်ခုထွက်ရမည်။ ကျန်းမာရေး ကိုယ်လက် မလှုပ်ချင်မကိုင်ချင် ဖြစ်မည် ။ ငယ်ရွယ်သူများ အချစ်ရေးတွင် ကိုယ်ချစ်တာက တစ်ယောက် ကိုယ့်ကိုပြန်ချစ်နေသူက တစ်ယောက်ဖြစ်နေလိမ့်မည် ။
ထီ ၇၉ ပါသော ထီထိုးပါ ။ ယတြာ…ဆန်တစ်ပြည်နှင့်ငွေ1000ကို အိတ်တစ်ခုထဲတွင် ထည့်၍ပံ့သကူစွန့်ပေးပါ။ (လူမသိအောင် တစ်နေရာရာတွင် တင်ခဲ့ လိုက်ပါ) ။ ကျော်ဘိုဘိုဟိန်း
ခရက်ဒစ်