Zawgyi
Unicode
သရုပ်ဆောင်မင်းရာဇာရဲ့မိန်းမက ထောင်ထဲမှာပဲသားယောကျာ်းလေး မွေးဖွားခဲ့
အက်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။
အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလေ့ရှိပြီး ကြမ်းကြမ်းရမ်းရမ်အိုက်တတ်ခန်းတွေမှာအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ရုပ်ဆောင်မင်းရာဇာဟာ အိမ်အကူအမျိုးသမီးငယ်လေးကို
အပြင်းအထန်နာကျင်စေမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၇၆၊ ၃၆၃ တို့နဲ့တရားစွဲခံထားရတာပဲဖြစ်ပါတယ်။ကိုဗစ်ကာလဖြစ်တာကြောင့် မင်းရာဇာတို့ ဇနီးမောင်နှံရဲ့အမှုဟာမပြီးသေးပဲ ထောင်ထဲမှာနေရတာပဲဖြစ်ပါတယ်။
ကိုယ်ဝန်ကြီးနဲ့မင်းရာဇာရဲ့မိန်းမကတော့ ထောင်ထဲမှာကလေးမွေးဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။ မင်းရာဇာမိန်းမထောင်ထဲမှာ သားယောကျာ်းလေးမွေးတာကို သရုပ်ဆောင် မင်းဇော်က ပြောပြလာခဲ့ပါတယ်။
မင်းဇော်က “မင်းရာဇာ ရဲ့မိန်းမကထောင်ထဲမှာပဲကလေးမွေးသွားပြီ ကြားတယ်။ ကြာသပတေး သားယောက်ျားလေးပါ။ အရှေ့ပိုင်း တရားရုံးမှာတုန်းကမင်းရာဇာနဲ့သွားတွေ့ဖြစ်တယ်။
သူ့ကို သူငယ်ချင်း တစ်ယောက်အနေနဲ့ရော၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ပါတတ်နိုင်သမျှကူညီပေးသွားမယ်”လို့ ပြောလာခဲ့ပါတယ်။ အားလုံးပြီးသွားရင်တော့အနုပညာအတူတူ ပြန်လုပ်ကြဖို့ အားပေးချင်တယ် လို့လဲပြောခဲ့ပါသေးတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်