
Zawgyi










Unicode

တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိတဲ့ သောကကင်းစင်ငွေဝင်ငွေပွားအစီရင်

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သောကကင်းစင်ငွေဝင်အစီရင် ( ယုံကြည်စွာလုပ်ဆောင်ပါက အကျိုးထူးများသည် )

သောကကင်းစင်ငွေဝင်ငွေပွားအစီရင် ယုံကြည်စွာလုပ်ဆောင်ပါက အကျိုးထူးများသည်မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျားယခု ဆရာတင်ပေးမည့်အစီရင်လေးကမိမိရည်မှန်းစီမံထားသည့်အလုပ်ကိစ္စများလုပ်ချင်တိုင်းမလုပ်နိုင် ဖြစ်ချင်တာမဖြစ်နိုင်ဖြစ်နေတာတွေက

တစ်မျိုးလုပ်ချင်နေတာတွေက တစ်မျိုးအလွဲ့လွဲ့အချော်ချော်ဖြစ်နေကြသည့်ကာလအတောအတွင်းမှာစိတ်ရှုပ် စိတ်နှောက်ယှက်ဖြစ်နေခြင်းငွေကြေးပူပင်သောကဖြစ်နေခြင်းဟူသမျှ

ကာကွယ်ကင်းစင်စေဖို့ရန်နှင့် ငွေဝင်ငွေပွားစေမည့် ရိုးရှင်းလွယ်ကူသောအစီရင်လေးကိုဒါနပြုပါတယ် ။၇ရက်သားသမီး မည်သူမဆို လုပ်နိုင်ပါတယ် ခင်ဗျားပန်းကန်ပြားမှာ ပိုက်ဆံ ၁၁၀၀ကျပ်တင်ပါပိုက်ဆံပေါ်မှာ သံပုရာသီးစစ်စစ်၂ လုံး နှင့် ရေဖြည့်ထားသော ဖန်ခွက်တင်ထားပါ

အိမ်ဘုရားမှာ တနင်္လာနေ့ တစ်ညထားပြီးလျှင် နောက်နေ့ အင်္ဂါနေ့ နံက်( ၇ )နာရီမှ ( ၇ )နာရီခွဲအတွင်းသံပုရာသီးတစ်လုံးကို ၄စိပ်စိပ်ပြီးအိမ်ခြံ တိုက်ခန်း ထောင့် ၄ထောင့်မှာ တစ်စိပ်စီ ချထားပါ

ကျန်တစ်လုံးကို ၂စိပ်စိပ်ပြီး ဖန်ခွက်ရေထဲညှစ်ထည့်၍ အိမ်ခြံဝင်းပတ်ပတ်လည်မှာ ဖြန်းထားပေးပါ။ပိုက်ဆံ ၁၁၀၀ ကျပ်ကို မိမိ ပိုက်ဆံအိတ်ထဲ အမြဲဆောင်ထားပေးပါ ။(ဤအစီရင်ကို တစ်လမှာ ၂ ကြိမ်သာ လုပ်ခွင့်ရှိသည်)

ဤနည်းအတိုင်းလုပ်ထားလျှင် မိတ်ဆွေများ စိတ်ကြည်လင်လန်းဆန်း၍ လာဘ်ပွင့်ပြီး လိုအင်ဆန္ဒများပြည့်လာပါလိမ့်မည် ။ဆရာတင်ထူးဗေဒင်နှင့်ယတြာအစီရင် 09259021778 09 750190659