ဝက္ၿခံထင္ၿပီးညႇစ္လိုက္မွ ထူးျခားဆန္းျပားတဲ့ေရာဂါေၾကာင့္ မ်က္စိကြယ္သြားခဲ့ရတဲ့ မိန္းကေလး

Zawgyi

ဝက္ၿခံထင္ၿပီးညႇစ္လိုက္မွ ထူးျခားဆန္းျပားတဲ့ေရာဂါေၾကာင့္ မ်က္စိကြယ္သြားခဲ့ရတဲ့ မိန္းကေလး

ဖိလစ္ပိုင္ႏိုင္ငံ Nueva Ecija ျပည္နယ္ရွိ Mary Ann Regacho အမည္ရွိတဲ့အသက္ ၁၇ ႏွစ္အ႐ြယ္ေကာင္မေလးတစ္ဦးဟာ ၿပီးခဲ့တဲ့ႏွစ္က ထူျခားဆန္းျပားတဲ့ေရာဂါတစ္ခုေၾကာင့္ ျပင္းထန္တဲ့မ်က္ႏွာေရာင္ရမ္းျခင္းေဝဒနာခံစားေနရပါတယ္။

Mary ဟာ မ်က္ႏွာေပၚကအဖုကို ဆယ္ေက်ာ္သက္အ႐ြယ္ ေဟာ္မုန္းေၾကာင့္ျဖစ္တဲ့ သာမန္ဝက္ၿခံလို႔ ထင္ခဲ့ေပမယ့္ ၎အဖုဟာ သူမအား ညမွာမအိပ္ႏိုင္ေအာင္ ျပင္းျပင္းထန္ထန္ နာက်င္ေစခဲ့ပါတယ္။

အဆိုပါနာက်င္မႈကို ကုသရန္ အရာအားလုံးႀကိဳးစားၾကည့္ခဲ့ေပမယ့္ ဘယ္လိုမွ အလုပ္မျဖစ္ခဲ့ေၾကာင္း ” ငါ့ရဲ႕အခုမ်က္ႏွာပုံစံက အရင္မ်က္ႏွာလို ေနာက္တဖန္ထပ္တူမက်ႏိုင္ေတာ့ဘူးလို႔ ငါခံစားရတယ္ ” လို႔ Mary က ေျပာၾကားခဲ့ပါတယ္။

သားတစ္ေယာက္ရွိတဲ့ Mary ဟာ သူမမ်က္ႏွာေပၚကထူးဆန္းတဲ့အဖုကို ညႇစ္လိုက္ၿပီးေနာက္ မ်က္ႏွာျပင္သို႔မပ်ံ႕ႏွံ႔လာခင္ ရက္အနည္းငယ္အၾကာမွာ နာက်င္မႈေဝဒနာ ျပင္းထန္လာခဲ့ပါတယ္။

အခုေတာ့ ႀကီးထြားမႈက သူမရဲ႕မ်က္ႏွာတစ္ျပင္လုံးကို သိမ္းပိုက္မလိုျဖစ္ေနခဲ့ၿပီး သူမရဲ႕မ်က္လုံးနားအထိေရာင္ရမ္းလာေတာ့ Mary ဟာ မ်က္မျမင္တစ္ေယာက္လိုျဖစ္သြားခဲ့ရပါတယ္။Mary က အခု မ်က္ႏွာကေဖာင္းပြေနတဲ့ပူေဖာင္းနဲ႔တူတယ္လို႔ ခံစားမိေၾကာင္း ေျပာျပထားပါေသးတယ္။

Mary ဟာ ေရာင္ရမ္းျခင္းကိုစစ္ေဆးရန္ေဆးခန္းသို႔သြားခဲ့ၿပီး ေနာက္ထပ္စစ္ေဆးမႈမ်ားျပဳလုပ္ရန္ ေဆး႐ုံႀကီးသို႔ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။သို႔ေပမဲ့ ဆင္းရဲၿပီး အိမ္နီးခ်င္းရဲ႕လယ္ယာမွာအလုပ္လုပ္ေနရတဲ့ Albert Sales အမည္ရွိ Mary ရဲ႕ခင္ပြန္းဟာ သူ႔ဇနီးကို ကူညီရန္ ေဆးဝါးကုသမႈအတြက္ ေငြေၾကးမတတ္ႏိုင္ခဲ့ပါဘူး။

Albert Sales ဟာ “လႉဒါန္းမႈအတြက္ ၾကင္နာတတ္တဲ့လူေတြကို ကြၽန္ေတာ္ အကူအညီေတာင္းခ်င္တယ္ “လို႔ ဗီဒီယိုျဖင့္အကူအညီေတာင္းခံခဲ့ၿပီး ေနာက္ဆုံး သူ႔ဇနီးကို ေဆး႐ုံသို႔ပို႔ႏိုင္ခဲ့ပါတယ္။Mary ရဲ႕ အေျခအေနကဘယ္လိုဆက္ျဖစ္ေနတယ္ဆိုတာကိုေတာ့ အေသအခ်ာမသိရေသးေပမဲ့ သူ႔ရဲ႕အရင္မ်က္ႏွာပုံေလးျပန္ရလာေစဖို႔ဘဲ ေမွ်ာ္လင့္ေနမိပါတယ္။

Mia (Mckzone Daily)

Source : metro

Unicode

ဝက်ခြံထင်ပြီးညှစ်လိုက်မှ ထူးခြားဆန်းပြားတဲ့ရောဂါကြောင့် မျက်စိကွယ်သွားခဲ့ရတဲ့ မိန်းကလေး

ဖိလစ်ပိုင်နိုင်ငံ Nueva Ecija ပြည်နယ်ရှိ Mary Ann Regacho အမည်ရှိတဲ့အသက် ၁၇ နှစ်အရွယ်ကောင်မလေးတစ်ဦးဟာ ပြီးခဲ့တဲ့နှစ်က ထူခြားဆန်းပြားတဲ့ရောဂါတစ်ခုကြောင့် ပြင်းထန်တဲ့မျက်နှာရောင်ရမ်းခြင်းဝေဒနာခံစားနေရပါတယ်။

Mary ဟာ မျက်နှာပေါ်ကအဖုကို ဆယ်ကျော်သက်အရွယ် ဟော်မုန်းကြောင့်ဖြစ်တဲ့ သာမန်ဝက်ခြံလို့ ထင်ခဲ့ပေမယ့် ၎င်းအဖုဟာ သူမအား ညမှာမအိပ်နိုင်အောင် ပြင်းပြင်းထန်ထန် နာကျင်စေခဲ့ပါတယ်။

အဆိုပါနာကျင်မှုကို ကုသရန် အရာအားလုံးကြိုးစားကြည့်ခဲ့ပေမယ့် ဘယ်လိုမှ အလုပ်မဖြစ်ခဲ့ကြောင်း ” ငါ့ရဲ့အခုမျက်နှာပုံစံက အရင်မျက်နှာလို နောက်တဖန်ထပ်တူမကျနိုင်တော့ဘူးလို့ ငါခံစားရတယ် ” လို့ Mary က ပြောကြားခဲ့ပါတယ်။

သားတစ်ယောက်ရှိတဲ့ Mary ဟာ သူမမျက်နှာပေါ်ကထူးဆန်းတဲ့အဖုကို ညှစ်လိုက်ပြီးနောက် မျက်နှာပြင်သို့မပျံ့နှံ့လာခင် ရက်အနည်းငယ်အကြာမှာ နာကျင်မှုဝေဒနာ ပြင်းထန်လာခဲ့ပါတယ်။

အခုတော့ ကြီးထွားမှုက သူမရဲ့မျက်နှာတစ်ပြင်လုံးကို သိမ်းပိုက်မလိုဖြစ်နေခဲ့ပြီး သူမရဲ့မျက်လုံးနားအထိရောင်ရမ်းလာတော့ Mary ဟာ မျက်မမြင်တစ်ယောက်လိုဖြစ်သွားခဲ့ရပါတယ်။Mary က အခု မျက်နှာကဖောင်းပွနေတဲ့ပူဖောင်းနဲ့တူတယ်လို့ ခံစားမိကြောင်း ပြောပြထားပါသေးတယ်။

Mary ဟာ ရောင်ရမ်းခြင်းကိုစစ်ဆေးရန်ဆေးခန်းသို့သွားခဲ့ပြီး နောက်ထပ်စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံကြီးသို့ပြောင်းရွှေ့ခဲ့ရပါတယ်။သို့ပေမဲ့ ဆင်းရဲပြီး အိမ်နီးချင်းရဲ့လယ်ယာမှာအလုပ်လုပ်နေရတဲ့ Albert Sales အမည်ရှိ Mary ရဲ့ခင်ပွန်းဟာ သူ့ဇနီးကို ကူညီရန် ဆေးဝါးကုသမှုအတွက် ငွေကြေးမတတ်နိုင်ခဲ့ပါဘူး။

Albert Sales ဟာ “လှူဒါန်းမှုအတွက် ကြင်နာတတ်တဲ့လူတွေကို ကျွန်တော် အကူအညီတောင်းချင်တယ် “လို့ ဗီဒီယိုဖြင့်အကူအညီတောင်းခံခဲ့ပြီး နောက်ဆုံး သူ့ဇနီးကို ဆေးရုံသို့ပို့နိုင်ခဲ့ပါတယ်။Mary ရဲ့ အခြေအနေကဘယ်လိုဆက်ဖြစ်နေတယ်ဆိုတာကိုတော့ အသေအချာမသိရသေးပေမဲ့ သူ့ရဲ့အရင်မျက်နှာပုံလေးပြန်ရလာစေဖို့ဘဲ မျှော်လင့်နေမိပါတယ်။

Mia (Mckzone Daily)

Source : metro