အမှန်အကန် ထီပေါက် ချဲပေါက် ငွေဝင် ကံပွင့်စေသောနည်း
Zawgyi
ဂဏန်းဘုရားရှစ်ခိုး
၎  စတုကော သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ  ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား နမော ရှစ်ခိုးပါ၏အရှင်ဘုရား။
Unicode
အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်းရှစ်ခု သဗ္ဗညု ဘုရားပုံတော်ကို သင်၏ ဘုရားကျောင်း ဆောင်တွင် သေသေချာချာ ကျကျနန ကိုးကွယ်၍ ဆွမ်း ရေချမ်း ပန်း ဆီမီး တတ်နိုင်သလောက် ကပ်လှူ ပူဇော်ကာ အောက်ဘက်တွင် ဖော်ပြထားသော ဂဏန်ဘုရား ရှစ်ခိုးဖြင့် ပုံမှန် ဘုရားဝတ်တက်ကာ ဂဏန်း နံပါတ်များနှင့် ပါတ်သက်၍ ကံကောင်း စေကြောင်း ဆုတောင်းကြပါကုန်။
ဂဏန်းဘုရားရှစ်ခိုး
၁  ဧကော  လောကဓာတ် တစ်ခုမှာ တစ်ဆူတည်းသာလျှင် အတူမရှိ။ အတုမရှိ ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားတို့အား နမော ရှိခိုး ပါ၏ အရှင်ဘုရား။
၂  ဒွိကော ရုပ်နာမ်နှစ်ပါး၊ မြတ်တရားကို ပိုင်ခြားထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာနှင့် အရိယာသာဝကတို့ အား နမော ရှိခိုးပါ၏ အရှင်ဘုရား။
၃  တိကော ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတ နာ ရတနာမြတ်သုံးပါးတို့အား နမော ရှစ်ခိုးပါ၏ အရှင်ဘုရား။
၄  စတုကော သတိပဋ္ဌာန်လေးပါး၊သမ္မပဋ္ဌာန်တရားလေးပါ  ဣဒ္ဓိပါဒ် လေးပါးမြတ်တရားတို့အား နမော ရှစ်ခိုးပါ၏အရှင်ဘုရား။
၅  ပဉ္စကော ဗိုလ်ငါးပါး၊သီလတော်မြတ်ငါးပါးတို့အား နမော ရှစ်ခိုးပါ၏အရှင်ဘုရား။
၆  ဆဋ္ဌကော ဘုန်းတော်ခြောက်ပါး၊ညာဏ်တော်ခြောက်ပါး၊ ရောင် ခြည်တော်ခြောက်ပါးပိုင်ရှင် ဘုရားရှင်အား နမောရှစ်ခိုးပါ၏အရှင် ဘုရား။
၇  သတ္တကော ဗေဇ္ဈင်ခုနှစ်ပါး၊ သူတော်ကောင်းတရားခုနှစ်ပါးတို့ အား နမော ရှစ်ခိုးပါ၏အရှင်ဘုရား။
၈  အဋ္ဌကော မဂ္ဂင်ရှစ်ပါးတရားတော်ကို နမော ရှစ်ခိုးပါ၏အရှင်ဘု ရား။
၉  နဝကော  ဂုဏ်တော်ကိုးပါးနှင့်တကွ၊အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိတကတ်သုံးပါးအား နမော ရှစ်ခိုးပါ၏အရှင်ဘုရား။
၁၀။ ဒဿကော မဂ်လေးပါး၊ ဖိုလ်လေးပါ ၊နိဗ္ဗာန် ပရိယတ် ဆယ်ပါး သောတရားတော်မြတ်နှင့် ပါရမီဆယ်ပါးမြတ်တရားကို နမောရှစ်ခိုး ပါ၏အရှင်ဘုရား။
ဧတေန သစ္စဝဇ္ဇေန ၊ ဟောတု မေ ဇယ ဂဏနံ။ ဧတေန သစ္စဝဇ္ဇေန၊ ဤသို့ဆိုငြား မှန်ကန်သော သစ္စာစကားကြောင့် မေအကျွန်ုပ်အား။ ဇယဂဏနံ ဂဏန်းနံပါတ်နှင့် ပါတ်သက်သော အောင်မြင်ခြင်းမင်္ဂလာသည် ဟောတု ဖြစ်ပါစေသတည်။ခရက်ဒစ်