ကေလးအႁမႊာေမြးရင္ ျပာနဲ႔ဖုံး စီရင္ၿပီး မိဘေတြကို ေလးဘက္ေထာက္ သြားခိုင္းတဲ့ ဓေလ့ဆိုးရွိတဲ့႐ြာ

Zawgyi

ကေလးအႁမႊာေမြးရင္ ျပာနဲ႔ဖုံး စီရင္ၿပီး မိဘေတြကို ေလးဘက္ေထာက္ သြားခိုင္းတဲ့ ဓေလ့ဆိုးရွိတဲ့႐ြာ

ကေလးအႁမႊာေမြးရင္ ကေလးေတြကို ျပာနဲ႔ဖုံး စီရင္ပစ္ၿပီး မိဘေတြကို ေလးဘက္ေထာက္သြားေစျခင္းနဲ႔ ႐ြာကႏွင္ထုတ္တဲ့ နန႔္မြဲ႐ြာက ကေလးအႁမႊာေလးေတြကို အသက္ရွင္ေအာင္ ျပည္သူ႔ရဲဝန္ထမ္း ရဲအုပ္ ဦးေဇာ္မင္းထြန္းဦးေဆာင္ကယ္တင္ခဲ့ရတဲ့အျဖစ္အပ်က္တခုျဖစ္ပြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ေဝးလံသီေခါင္ အစိုးရရဲ႕ဥပေဒ လက္လွမ္းမမီႏိုင္ေလာက္ေအာင္ ကြာေဝးတဲ့ေနရာေတြမွာ ဓေလ့ထုံးတမ္းေတြ၊ မိဘ႐ိုးရာ အစဥ္အလာအစြဲေတြက ႀကီးစိုးေနဆဲပဲျဖစ္ပါတယ္။

အခုအျဖစ္အပ်က္ေတြ တည္ရွိရာ ႐ြာကေလးက က်ိဳင္းတုံခ႐ိုင္ မိုင္းခတ္ၿမိဳ႕နယ္မွာရွိတဲ့ နန႔္မြဲ႐ြာပါ။ဒီ႐ြာနဲ႔ နံေဘးပတ္ဝန္းက်င္က တျခား ႐ြာႏွစ္႐ြာမွာ နတ္စားတဲ့ဓေလ့ ႀကီးစိုးေနဆဲျဖစ္ၿပီး

ကေလးအႁမႊာေမြးရင္ကို အျပစ္ႀကီးက်ဴးလြန္တယ္လို႔ ယူဆလက္ခံထားပါတယ္။သား/သမီး အႁမႊာေမြးရင္ ကေလးေတြကို ျပာနဲ႔ဖုံးၿပီး စီရင္၊ ကေလးေတြရဲ႕မိဘေတြကို က်ေတာ့ ေလးဘက္ေထာက္ေစၿပီး

႐ြာကႏွင္ထုတ္တဲ့ဓေလ့ကို က်င့္သုံးတဲ့ နန႔္မြဲ႐ြာမွာ အခုေတာ့ ပထမဆုံး အသက္ရွင္ခြင့္ရတဲ့ အႁမႊာသမီးေလးႏွစ္ေယာက္ ထြက္ေပၚလာခဲ့ပါၿပီ။ဒီလို ေရွး႐ိုးစြဲေတြကို တြန္းလွန္ၿပီး အႁမႊာသမီးငယ္ေလးႏွစ္ေယာက္ အသက္ရွင္ခြင့္ရေအာင္၊

႐ြာထဲဝင္ခြင့္ရေအာင္ အခက္အခဲေတြၾကားကေန ႀကိဳးပမ္းခဲ့သူကေတာ့ ျပည္သူ႔ရဲဝန္ထမ္းတစ္ဦးျဖစ္တဲ့ ရဲအုပ္ ဦးေဇာ္မင္းထြန္းပါပဲ။ အႁမႊာေမြးမိရင္ ရက္စက္ၾကမ္းၾကဳတ္စြာ ဆက္ဆံတတ္တဲ့ ေနရာေဒသမွာ အႁမႊာသမီးေလးႏွစ္ေယာက္ ပထမဦးဆုံးစတင္ အသက္ရွင္ရပ္တည္ခြင့္ ရရွိခဲ့ပါတယ္။

ခရက္ဒစ္Aung Kyaw Min

Unicode

ကလေးအမြွှာမွေးရင် ပြာနဲ့ဖုံး စီရင်ပြီး မိဘတွေကို လေးဘက်ထောက် သွားခိုင်းတဲ့ ဓလေ့ဆိုးရှိတဲ့ရွာ

ကလေးအမြွှာမွေးရင် ကလေးတွေကို ပြာနဲ့ဖုံး စီရင်ပစ်ပြီး မိဘတွေကို လေးဘက်ထောက်သွားစေခြင်းနဲ့ ရွာကနှင်ထုတ်တဲ့ နန့်မွဲရွာက ကလေးအမြွှာလေးတွေကို အသက်ရှင်အောင် ပြည်သူ့ရဲဝန်ထမ်း ရဲအုပ် ဦးဇော်မင်းထွန်းဦးဆောင်ကယ်တင်ခဲ့ရတဲ့အဖြစ်အပျက်တခုဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ဝေးလံသီခေါင် အစိုးရရဲ့ဥပဒေ လက်လှမ်းမမီနိုင်လောက်အောင် ကွာဝေးတဲ့နေရာတွေမှာ ဓလေ့ထုံးတမ်းတွေ၊ မိဘရိုးရာ အစဉ်အလာအစွဲတွေက ကြီးစိုးနေဆဲပဲဖြစ်ပါတယ်။

အခုအဖြစ်အပျက်တွေ တည်ရှိရာ ရွာကလေးက ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်မှာရှိတဲ့ နန့်မွဲရွာပါ။ဒီရွာနဲ့ နံဘေးပတ်ဝန်းကျင်က တခြား ရွာနှစ်ရွာမှာ နတ်စားတဲ့ဓလေ့ ကြီးစိုးနေဆဲဖြစ်ပြီး

ကလေးအမြွှာမွေးရင်ကို အပြစ်ကြီးကျူးလွန်တယ်လို့ ယူဆလက်ခံထားပါတယ်။သား/သမီး အမြွှာမွေးရင် ကလေးတွေကို ပြာနဲ့ဖုံးပြီး စီရင်၊ ကလေးတွေရဲ့မိဘတွေကို ကျတော့ လေးဘက်ထောက်စေပြီး

ရွာကနှင်ထုတ်တဲ့ဓလေ့ကို ကျင့်သုံးတဲ့ နန့်မွဲရွာမှာ အခုတော့ ပထမဆုံး အသက်ရှင်ခွင့်ရတဲ့ အမြွှာသမီးလေးနှစ်ယောက် ထွက်ပေါ်လာခဲ့ပါပြီ။ဒီလို ရှေးရိုးစွဲတွေကို တွန်းလှန်ပြီး အမြွှာသမီးငယ်လေးနှစ်ယောက် အသက်ရှင်ခွင့်ရအောင်၊

ရွာထဲဝင်ခွင့်ရအောင် အခက်အခဲတွေကြားကနေ ကြိုးပမ်းခဲ့သူကတော့ ပြည်သူ့ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ရဲအုပ် ဦးဇော်မင်းထွန်းပါပဲ။ အမြွှာမွေးမိရင် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတတ်တဲ့ နေရာဒေသမှာ အမြွှာသမီးလေးနှစ်ယောက် ပထမဦးဆုံးစတင် အသက်ရှင်ရပ်တည်ခွင့် ရရှိခဲ့ပါတယ်။

ခရက်ဒစ်Aung Kyaw Min